လွှတ်တော်အမတ်တစ်ဦးကို ခြိမ်းခြောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တရုတ်သံတမန်ကို ကနေဒါအစိုးရနှင်ထုတ်
Pika (NP News) - မေ ၉
တရုတ်သံတမန် Zhao Wei သည် Uyghur မူဆလင်လူနည်းစုအပေါ် တရုတ်နိုင်ငံ၏ဆက်ဆံပုံကို ဝေဖန်ပြစ်တင်ခဲ့သည့် ကနေဒါလွှတ်တော်အမတ်တစ်ဦးကို ပစ်မှတ်ထားကာ ခြိမ်းခြောက်ရန်ကြိုးပမ်းခဲ့သည်ဟု ထောက်လှမ်းရေးအစီရင်ခံစာများထွက်ပေါ်လာပြီးနောက် ကနေဒါအစိုးရသည် ၎င်းကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်းသိရသည်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က"နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုပုံစံတွေကို ကျွန်မတို့သည်းခံမှာ မဟုတ်ပါဘူး"ဟုပြောဆိုခဲ့သည်။
သို့သော်လည်း တရုတ်သံတမန်ကို နိုင်ငံတွင်းမှ နှင်ထုတ်လိုက်ခြင်းသည် တရုတ်-ကနေဒါဆက်ဆံရေးကို တင်းမာလာစေပြီး တရုတ်နိုင်ငံက လက်တုံ့ပြန်မှုများ လုပ်ဆောင်ရန် တွန်းအားပေးသလိုဖြစ်နေကြောင်းသိရသည်။ အဆိုပါနှင်ထုတ်မှုကို ရှုတ်ချကြောင်းနှင့် အစိုးရထံသို့ ပြန်ပို့ခြင်းကိုတရားဝင်ကန့်ကွက်ကြောင်း Ottawa မြို့ရှိ တရုတ်သံရုံးကပြောကြားခဲ့သည်။
တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက "ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တရုတ်ဘက်က ပြတ်ပြတ်သားသား အရေး ယူသွားမှာပါ"ဟုပြောဆိုခဲ့သည်။
တရုတ်သံတမန် နှင်ထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားနိုင်ကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau ၏ နိုင်ငံခြားရေးမူဝါဒအကြံပေးဟောင်းနှင့် Ottawa တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Roland Paris ကပြောကြားခဲ့သည်။ စပိုင်အေဂျင်စီဖြစ်သည့် Canadian Security Intelligence Service (CSIS) သည် ကွန်ဆာဗေးတစ်ပါလီမန်အမတ် Michael Chong နှင့် ၎င်း၏မိသားစုအတွက် အလားအလာရှိသော ခြိမ်းခြောက်မှုများအကြောင်းပါဝင်သော အစီရင်ခံစာရေးသားခဲ့ကြောင်းသိရသည်။
သို့သော်လည်း တရုတ်သည် ကနေဒါနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမျိုးမရှိကြောင်း Michael Chong နှင့်ပတ်သက်သည့် အစီရင်ခံစာသည် အခြေအမြစ်မရှိသည့် စာတမ်းတစ်ခုသာဖြစ် ကြောင်း Toronto မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ကပြောကြားခဲ့သည်။
zawgyi version
လႊတ္ေတာ္အမတ္တစ္ဦးကို ၿခိမ္းေျခာက္သည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ တ႐ုတ္သံတမန္ကို ကေနဒါအစိုးရႏွင္ထုတ္
Pika (NP News) - ေမ ၉
တ႐ုတ္သံတမန္ Zhao Wei သည္ Uyghur မူဆလင္လူနည္းစုအေပၚ တ႐ုတ္ႏိုင္ငံ၏ဆက္ဆံပုံကို ေဝဖန္ျပစ္တင္ခဲ့သည့္ ကေနဒါလႊတ္ေတာ္အမတ္တစ္ဦးကို ပစ္မွတ္ထားကာ ၿခိမ္းေျခာက္ရန္ႀကိဳးပမ္းခဲ့သည္ဟု ေထာက္လွမ္းေရးအစီရင္ခံစာမ်ားထြက္ေပၚလာၿပီးေနာက္ ကေနဒါအစိုးရသည္ ၎ကို ႏိုင္ငံတြင္းမွ ႏွင္ထုတ္ခဲ့ေၾကာင္းသိရသည္။
ကေနဒါႏိုင္ငံျခားေရးဝန္ႀကီး Melanie Joly က"ႏိုင္ငံျခားက ဝင္ေရာက္စြက္ဖက္မႈပုံစံေတြကို ကြၽန္မတို႔သည္းခံမွာ မဟုတ္ပါဘူး"ဟုေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း တ႐ုတ္သံတမန္ကို ႏိုင္ငံတြင္းမွ ႏွင္ထုတ္လိုက္ျခင္းသည္ တ႐ုတ္-ကေနဒါဆက္ဆံေရးကို တင္းမာလာေစၿပီး တ႐ုတ္ႏိုင္ငံက လက္တုံ႔ျပန္မႈမ်ား လုပ္ေဆာင္ရန္ တြန္းအားေပးသလိုျဖစ္ေနေၾကာင္းသိရသည္။ အဆိုပါႏွင္ထုတ္မႈကို ရႈတ္ခ်ေၾကာင္းႏွင့္ အစိုးရထံသို႔ ျပန္ပို႔ျခင္းကိုတရားဝင္ကန႔္ကြက္ေၾကာင္း Ottawa ၿမိဳ႕ရွိ တ႐ုတ္သံ႐ုံးကေျပာၾကားခဲ့သည္။
တ႐ုတ္သံ႐ုံးေျပာေရးဆိုခြင့္ရွိသူက "ဒီလုပ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္ဘက္က ျပတ္ျပတ္သားသား အေရး ယူသြားမွာပါ"ဟုေျပာဆိုခဲ့သည္။
တ႐ုတ္သံတမန္ ႏွင္ထုတ္ခံရျခင္းႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသည္ လက္တုံ႔ျပန္မႈမ်ားကို လုပ္ေဆာင္သြားႏိုင္ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau ၏ ႏိုင္ငံျခားေရးမူဝါဒအႀကံေပးေဟာင္းႏွင့္ Ottawa တကၠသိုလ္ ႏိုင္ငံတကာေရးရာ ပါေမာကၡ Roland Paris ကေျပာၾကားခဲ့သည္။ စပိုင္ေအဂ်င္စီျဖစ္သည့္ Canadian Security Intelligence Service (CSIS) သည္ ကြန္ဆာေဗးတစ္ပါလီမန္အမတ္ Michael Chong ႏွင့္ ၎၏မိသားစုအတြက္ အလားအလာရွိေသာ ၿခိမ္းေျခာက္မႈမ်ားအေၾကာင္းပါဝင္ေသာ အစီရင္ခံစာေရးသားခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္လည္း တ႐ုတ္သည္ ကေနဒါႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းမ်ိဳးမရွိေၾကာင္း Michael Chong ႏွင့္ပတ္သက္သည့္ အစီရင္ခံစာသည္ အေျခအျမစ္မရွိသည့္ စာတမ္းတစ္ခုသာျဖစ္ ေၾကာင္း Toronto ၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္ကေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ နေ့စဉ်လိုအပ်ချက်များအတွက်ဖြေရှင်းရန် နို့မှုန့်ဗူးများ ပုံမှန်ခိုးယူမှုများပြုလုပ်နေတဲ့ NSF ဝန်ထမ်း ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ