စင်ကာပူမှာ နေ့စဉ်လိုအပ်ချက်များအတွက်ဖြေရှင်းရန် နို့မှုန့်ဗူးများ ပုံမှန်ခိုးယူမှုများပြုလုပ်နေတဲ့ NSF ဝန်ထမ်း ဖမ်းဆီးခံရ
ရောင်နီ (NP News) - မေ ၉
အမျိုးသားဝန်ဆောင်မှုရေးရာ(NSF)ဝန်ထမ်းတစ်ဦးဟာ ၎င်းရဲ့နေ့စဉ်လိုအပ်ချက်အတွက် ပြန်လည်ရောင်းချရန် ရည်ရွယ်ပြီး တစ်နှစ်ကျော်အတွင်း အနည်းဆုံး နို့မှုန့် (၂၅)ဗူး ခိုးယူမှု ပြုလုပ်ခဲ့ပါတယ်။
ချူအာဂျန်ရှန်အလီစတာ အမည်ရှိ အသက် ၂ဝ နှစ်အရွယ် အမျိုးသားဟာ အင်္ဂါနေ့ (မေလ ၉ ရက်) မှာ ၎င်းရဲ့ ပြစ်မှုများအတွက် ထောင်ဒဏ် (၁၅)လ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ယင်းအပြင် ၄င်းဟာ community servic ကိုလည်း နာရီ ၄ဝ ကြာတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ချူအာဟာ ခိုးမှုနှစ်ခုနဲ့ လိမ်လည်မှု အရေအတွက် နှစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး နောက်ထပ် စွဲချက် ခြောက်ချက်နဲ့အတူ ပြစ်ဒဏ်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ချူအာဟာ နို့မှုန့်ဗူးများကို ၂ဝ၂၁ ခုနှစ် ဇူလိုင်လမှာ စတင်ခိုးယူခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဇူလိုင်လမှ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလအတွင်း နို့မှုန့်ဗူး ၂၅ ဗူး နဲ့ ၃ဝ ဗူးကြား ခိုးယူခဲ့ပါတယ်။ ၎င်းဟာ စျေးမြင့်မြင့် ရရှိနိုင်တဲ့ Enfamil Pro A+ နို့မှုန့်ဗူးတွေကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။ ယင်းအပြင် ၄င်းဟာ Carousell မှာ ဘူးခွံများကို စင်ကာပူဒေါ်လာ ၃ဝဝဝ ခန့်နဲ့ရောင်းချခဲ့ပြီး ၎င်းရဲ့ နေ့စဉ်အသုံးစရိတ်များအတွက် ငွေနဲ့ ယာဉ် မောင်းလိုင်စင်အတွက် ငွေပေးချေခဲ့ပါတယ်။ ၄င်းဟာ Block 451 Bukit Batok Avenue 6 နဲ့ 3 Yuan Ching Road မှာရှိတဲ့ Sheng Siong supermarkets များမှာ အဓိက ခိုးယူလေ့ ရှိပါတယ်။
အမှုကို Sheng Siong supermarkets ဆိုင်ခွဲတစ်ခုရဲ့ လက်ထောက်မန်နေဂျာတစ်ဦးက နို့ဘူးခွံ အများအပြားကို စတော့အိတ်များနဲ့ယူဆောင်ကာ ခိုးယူသွားတာကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ပါတယ်။
zawgyi version
စင္ကာပူမွာ ေန႔စဥ္လိုအပ္ခ်က္မ်ားအတြက္ေျဖရွင္းရန္ ႏို႔မႈန႔္ဗူးမ်ား ပုံမွန္ခိုးယူမႈမ်ားျပဳလုပ္ေနတဲ့ NSF ဝန္ထမ္း ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ေမ ၉
အမ်ိဳးသားဝန္ေဆာင္မႈေရးရာ(NSF)ဝန္ထမ္းတစ္ဦးဟာ ၎ရဲ႕ေန႔စဥ္လိုအပ္ခ်က္အတြက္ ျပန္လည္ေရာင္းခ်ရန္ ရည္႐ြယ္ၿပီး တစ္ႏွစ္ေက်ာ္အတြင္း အနည္းဆုံး ႏို႔မႈန႔္ (၂၅)ဗူး ခိုးယူမႈ ျပဳလုပ္ခဲ့ပါတယ္။
ခ်ဴအာဂ်န္ရွန္အလီစတာ အမည္ရွိ အသက္ ၂ဝ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ အဂၤါေန႔ (ေမလ ၉ ရက္) မွာ ၎ရဲ႕ ျပစ္မႈမ်ားအတြက္ ေထာင္ဒဏ္ (၁၅)လ ျပစ္ဒဏ္က်ခံခဲ့ရပါတယ္။ ယင္းအျပင္ ၄င္းဟာ community servic ကိုလည္း နာရီ ၄ဝ ၾကာတာဝန္ထမ္းေဆာင္ရမွာျဖစ္ပါတယ္။ ခ်ဴအာဟာ ခိုးမႈႏွစ္ခုနဲ႔ လိမ္လည္မႈ အေရအတြက္ ႏွစ္ခုအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး ေနာက္ထပ္ စြဲခ်က္ ေျခာက္ခ်က္နဲ႔အတူ ျပစ္ဒဏ္ခ်မွတ္ ခံခဲ့ရတာ ျဖစ္ပါတယ္။
ခ်ဴအာဟာ ႏို႔မႈန႔္ဗူးမ်ားကို ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လမွာ စတင္ခိုးယူခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လမွ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလအတြင္း ႏို႔မႈန႔္ဗူး ၂၅ ဗူး နဲ႔ ၃ဝ ဗူးၾကား ခိုးယူခဲ့ပါတယ္။ ၎ဟာ ေစ်းျမင့္ျမင့္ ရရွိႏိုင္တဲ့ Enfamil Pro A+ ႏို႔မႈန႔္ဗူးေတြကို ခိုးယူခဲ့တယ္လို႔ သိရပါတယ္။ ယင္းအျပင္ ၄င္းဟာ Carousell မွာ ဘူးခြံမ်ားကို စင္ကာပူေဒၚလာ ၃ဝဝဝ ခန႔္နဲ႔ေရာင္းခ်ခဲ့ၿပီး ၎ရဲ႕ ေန႔စဥ္အသုံးစရိတ္မ်ားအတြက္ ေငြနဲ႔ ယာဥ္ ေမာင္းလိုင္စင္အတြက္ ေငြေပးေခ်ခဲ့ပါတယ္။ ၄င္းဟာ Block 451 Bukit Batok Avenue 6 နဲ႔ 3 Yuan Ching Road မွာရွိတဲ့ Sheng Siong supermarkets မ်ားမွာ အဓိက ခိုးယူေလ့ ရွိပါတယ္။
အမႈကို Sheng Siong supermarkets ဆိုင္ခြဲတစ္ခုရဲ႕ လက္ေထာက္မန္ေနဂ်ာတစ္ဦးက ႏို႔ဘူးခြံ အမ်ားအျပားကို စေတာ့အိတ္မ်ားနဲ႔ယူေဆာင္ကာ ခိုးယူသြားတာကို ေတြ႕ရွိခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ တိုင္ခ်က္ဖြင့္ခဲ့ျခင္းျဖစ္ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားတစ်စီး မြစ်ကူးတံတားအောက်သို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၅)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း