အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားတစ်စီး မြစ်ကူးတံတားအောက်သို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၅)ဦးသေဆုံး
Pika (NP News) - မေ ၉
အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် မေလ(၉)ရက်၊ နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးသည် မြစ်ကူးတံတားအောက်သို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂ဝ)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် Madhya Pradesh ပြည်နယ်၊ Kharagone ခရိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ Madhya Pradesh ပြည်နယ် ပြည်ထဲရေးဝန်ကြီး Narottam Mishra က"နံနက်(၈)နာရီ(၄ဝ)မိနစ်လောက်မှာ ဘတ်စ်ကားက တံတားလက်ရန်းကို တိုက်မိပြီး မြစ်ထဲကိုထိုးကျသွားခဲ့တာပါ။ အနည်းဆုံးလူ(၁၅)ဦးသေဆုံးပြီး လူ(၂ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သတင်းရရှိထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအားလုံးကိုလည်း ဆေးရုံကိုပို့ဆောင်ထားပါတယ်"ဟုပြောဆိုခဲ့သည်။
ယင်းမတော်တဆမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ရဲတပ်ဖွဲ့များကို အစိုးရကအမိန့်ပေးထားကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် တာဝန်ရှိသူများသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
ထို့ပြင် အဆိုပါ မတော်တဆမှုနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းမိကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုခဲ့သည်။
zawgyi version
အိႏၵိယႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီး ျမစ္ကူးတံတားေအာက္သို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၅)ဦးေသဆုံး
Pika (NP News) - ေမ ၉
အိႏၵိယႏိုင္ငံ အလယ္ပိုင္းတြင္ ေမလ(၉)ရက္၊ နံနက္ပိုင္းက ဘတ္စ္ကားတစ္စီးသည္ ျမစ္ကူးတံတားေအာက္သို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂ဝ)ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
အဆိုပါမေတာ္တဆမႈသည္ Madhya Pradesh ျပည္နယ္၊ Kharagone ခ႐ိုင္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ Madhya Pradesh ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Narottam Mishra က"နံနက္(၈)နာရီ(၄ဝ)မိနစ္ေလာက္မွာ ဘတ္စ္ကားက တံတားလက္ရန္းကို တိုက္မိၿပီး ျမစ္ထဲကိုထိုးက်သြားခဲ့တာပါ။ အနည္းဆုံးလူ(၁၅)ဦးေသဆုံးၿပီး လူ(၂ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိတယ္လို႔ သတင္းရရွိထားပါတယ္။ ထိခိုက္ဒဏ္ရာရရွိတဲ့သူေတြအားလုံးကိုလည္း ေဆး႐ုံကိုပို႔ေဆာင္ထားပါတယ္"ဟုေျပာဆိုခဲ့သည္။
ယင္းမေတာ္တဆမႈႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ရန္ ရဲတပ္ဖြဲ႕မ်ားကို အစိုးရကအမိန႔္ေပးထားေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ တာဝန္ရွိသူမ်ားသည္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။
ထို႔ျပင္ အဆိုပါ မေတာ္တဆမႈႏွင့္ပတ္သက္ၿပီး အလြန္ဝမ္းနည္းမိေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNU သည် NCA ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ကာ ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေဟု နစက၏ NSPNC သဘောထားထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း