Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့နိုင်ငံရေးအခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့မရနိုင်ကြောင်း အင်ဒိုနီးရှားသမ္မတပြော

ဂျန်ဇက် (NP News) - မေ ၉

မြန်မာ့နိုင်ငံအရေး အခက်အခဲဟာနှစ်ပေါင်း(၇ဝ)ကျော်ကြာဖြစ်ပွားနေခဲ့ပြီး အလွယ်တကူ ဖြေရှင်းလို့ မရဘဲခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတစ်ခုဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား သမ္မတဟာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးပြဿနာတွေကို မြန်မာနိုင်ငံကိုယ်တိုင်က ဖြေရှင်းဖို့ ခိုင်မာတဲ့ စိတ်ဆန္ဒပြင်းပြမယ်ဆိုရင် ဖြေရှင်းနိုင်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှားသမ္မတကပြောပါတယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရေးကြိုးပမ်းရာမှာ အာဆီယံ သဘောတူညီချက်ငါးချက်က အာဆီယံအဖွဲ့ရဲ့ အဓိကအခြေခံမှုများအဖြစ်ဆက်လက်ရှိနေမှာဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီး အဓိကအရေးကြီးဆုံး လုပ်ဆောင်ရမယ့်အရာတစ်ခုက  မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုလျင်မြန်စွာ အဆုံးသတ်နိုင်ရေးဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

အကြမ်းဖက်မှုများ ရပ်တန့်နိုင်မယ်ဆိုရင် အာဆီယံနဲ့ မြန်မာနိုင်ငံကြားတွေ့ဆုံဆွေးနွေးမှုတွေ၊ မြန်မာ နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်လုပ်ဆောင်ရမှာဖြစ်ပြီး အာဆီယံအထူးကိုယ် စားလှယ် ရုံးတာဝန်ရှိသူတွေကို မြေပြင်မှာစေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်နိုင်အောင်စတင်ရမှာဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတကပြောပါတယ်။ မြန်မာနိုင်ငံရေးအခက်အခဲမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ စေ့စပ်ဆွေးနွေးမှုတွေကို ပြီးဆုံးအောင် တက်ကြွစွာလုပ်ဆောင်မယ်လို့မျှော်လင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်အဖြေရှာဖို့ အဲဒီစေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ရာမှာလည်း တစ်ဖက်တည်းကလာလို့မရဘဲ နှစ်ဖက်စလုံးလာရမှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်းရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်မေလ ၁ဝ ရက်မှ ၁၂ ရက်အထိကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်းသတင်းများလည်း ထွက်ပေါ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ တိတ်ဆိတ်စွာချဉ်းကပ်တဲ့ သံတမန်ရေးနည်းလမ်းမျိုးနဲ့ လျှို့ဝှက်ဆောင်ရွက်လျက်ရှိနေကာတွေ့ဆုံဆွေးနွေးနေကြောင်းသိရပါတယ်။ အင်ဒိုနီးရှားဟာ လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံကိုဖိတ်ကြားထားပေမယ့် နစက တာဝန်ရှိသူများကို ဖိတ်ကြားခြင်းမရှိဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူသာတက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၉





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မွန်ပြည်နယ်အတွင်းရှိ ကျားဖြူစစ်ကြောင်းရုံးအား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ PDF (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved