မွန်ပြည်နယ်အတွင်းရှိ ကျားဖြူစစ်ကြောင်းရုံးအား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ PDF (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရ
NP News - မေ ၉
မွန်ပြည်နယ်အတွင်းရှိ ကျားဖြူစစ်ကြောင်းရုံးအား တပ်မတော်လုံခြုံရေးအဖွဲ့မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေ ၈ ရက်) မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်လုံခြုံရေးအဖွဲ့မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် PDF အဖွဲ့ (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦးတွင်လည်း မပြင်းထန်သည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းအဖွဲ့ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရ သည်။
ဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် PDF အဖွဲ့ဝင်များမှာ ကိုဇွဲမာန်လင်း(ခ)စနေ၊ ကိုထွန်းလင်းအောင်(ခ)မြကြီးနှင့် မခင်သန္တာဆွေ(ခ)မမြင့်တို့ဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် မေ ၇ ရက် ညပိုင်းတွင်လည်း တပ်မတော်လုံခြုံရေးအဖွဲ့က အထက်ပါကျားဖြူစစ်ကြောင်းရုံးကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။
အဆိုပါ ကျားဖြူစစ်ကြောင်းအဖွဲ့သည် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖော်ဆောင်လေ့ရှိကြောင်း တွေ့ရှိရပြီး NUG မှလည်း လက်နက်နှင့်ပစ္စည်းများ ထောက်ပံ့ထားသည်ကို တွေ့ရှိရသည်။
zawgyi version
မြန္ျပည္နယ္အတြင္းရွိ က်ားျဖဴစစ္ေၾကာင္း႐ုံးအား ေလေၾကာင္းျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ PDF (၃)ဦးေသဆုံးခဲ့ၿပီး (၄)ဦး ဒဏ္ရာရ
NP News - ေမ ၉
မြန္ျပည္နယ္အတြင္းရွိ က်ားျဖဴစစ္ေၾကာင္း႐ုံးအား တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မွ ေလေၾကာင္းျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ PDF (၃)ဦးေသဆုံးခဲ့ၿပီး (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမ ၈ ရက္) မြန္းလြဲပိုင္းတြင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္ၾကားရွိ က်ားျဖဴစစ္ေၾကာင္း႐ုံးကို ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မွ ေလေၾကာင္းျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ PDF အဖြဲ႕ (၃)ဦးေသဆုံးခဲ့ၿပီး (၄)ဦးတြင္လည္း မျပင္းထန္သည့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း က်ားျဖဴစစ္ေၾကာင္းအဖြဲ႕ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရ သည္။
ျဖစ္စဥ္အတြင္း ေသဆုံးခဲ့သည့္ PDF အဖြဲ႕ဝင္မ်ားမွာ ကိုဇြဲမာန္လင္း(ခ)စေန၊ ကိုထြန္းလင္းေအာင္(ခ)ျမႀကီးႏွင့္ မခင္သႏၲာေဆြ(ခ)မျမင့္တို႔ျဖစ္ေၾကာင္းလည္း အဆိုပါအဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။
ထို႔ျပင္ ေမ ၇ ရက္ ညပိုင္းတြင္လည္း တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က အထက္ပါက်ားျဖဴစစ္ေၾကာင္း႐ုံးကို ေလေၾကာင္းျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေသးေၾကာင္း သိရွိရသည္။
အဆိုပါ က်ားျဖဴစစ္ေၾကာင္းအဖြဲ႕သည္ ေရးၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေလ့ရွိေၾကာင္း ေတြ႕ရွိရၿပီး NUG မွလည္း လက္နက္ႏွင့္ပစၥည္းမ်ား ေထာက္ပံ့ထားသည္ကို ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွှတ်တော်အမတ်တစ်ဦးကို ခြိမ်းခြောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တရုတ်သံတမန်ကို ကနေဒါအစိုးရနှင်ထုတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း