KIA ၊ PDF အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကူမြို့နယ်အတွင်းရှိ လူနေအိမ်(၁၅)လုံး မီးလောင်ပျက်စီး
NP News - မေ ၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း KIA နှင့် PDF အဖွဲ့များက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် မေလ(၇)ရက်၊ ည(၇)နာရီခွဲအချိန်ခန့်တွင် ရွှေကူမြို့နယ်ရှိ သာယာကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်မှာ သာယာကုန်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို KIA နှင့် PDF အဖွဲ့မှ ကျေးရွာ၏ မြောက်ဘက် မီတာ(၇ဝဝ)ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များသည် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် လူနေအိမ်(၁၅)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အပြစ်မဲ့အရပ်သားများနေထိုင်သည့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
KIA ၊ PDF အဖြဲ႕မွ ပစ္ခတ္ေသာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေ႐ႊကူၿမိဳ႕နယ္အတြင္းရွိ လူေနအိမ္(၁၅)လုံး မီးေလာင္ပ်က္စီး
NP News - ေမ ၉
ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕နယ္အတြင္း KIA ႏွင့္ PDF အဖြဲ႕မ်ားက လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေမလ(၇)ရက္၊ ည(၇)နာရီခြဲအခ်ိန္ခန႔္တြင္ ေ႐ႊကူၿမိဳ႕နယ္ရွိ သာယာကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
အဆိုပါျဖစ္စဥ္မွာ သာယာကုန္းေက်း႐ြာအနီး နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားကို KIA ႏွင့္ PDF အဖြဲ႕မွ ေက်း႐ြာ၏ ေျမာက္ဘက္ မီတာ(၇ဝဝ)ခန႔္အကြာမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ခုခံတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္မ်ားသည္ ေက်း႐ြာ၏ အေနာက္ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
အၾကမ္းဖက္သမားမ်ား ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ လက္နက္ႀကီးက်ည္မ်ားသည္ ေက်း႐ြာအတြင္း က်ေရာက္ေပါက္ကြဲခဲ့ၿပီး မီးကူးစက္ေလာင္ကြၽမ္းမႈေၾကာင့္ လူေနအိမ္(၁၅)လုံး မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အျပစ္မဲ့အရပ္သားမ်ားေနထိုင္သည့္ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သူမ်ားကို ဖမ္းဆီးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါတီတည်ထောင်ခွင့် အသစ်လျှောက်ထားသည့် ကျားဖြူပါတီအပါအဝင် (၅)ပါတီကို UEC တည် ထောင်ခွင့်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ