Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါတီတည်ထောင်ခွင့် အသစ်လျှောက်ထားသည့် ကျားဖြူပါတီအပါအဝင် (၅)ပါတီကို UEC တည် ထောင်ခွင့်ပြု

မျိုးကြီး (NP News) - မေ ၉

ပါတီတည်ထောင်ခွင့် အသစ်လျှောက်ထားသည့် ကျားဖြူပါတီအပါအဝင် (၅)ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီသစ်အဖြစ် တည်ထောင်ခွင့်လျှောက်ထားလာသည့် ပါတီစုစုပေါင်းမှာ (၁၃)ပါတီရှိခဲ့ပြီး ၎င်းပါတီများအနက် (၅)ပါတီကို တည်ထောင်ခွင့်ပြုပေးထားသည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)ကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းကာ UEC ၌ ပါတီတည်ထောင်ခွင့် ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်က ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ(Union Development Party)၊ ဒီမိုကရက်တစ်အင်အား စုလေဘာပါတီ၊ ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ကို တည်ထောင်ခွင့်ပြုပေးခဲ့သည်။

ထို့ပြင် နစကလက်ထက်မတိုင်ခင် နိုင်ငံအတွင်း၌ နိုင်ငံရေးပါတီပေါင်း(၉ဝ)ခန့်ရှိပြီး လက်ရှိ နစကလက်ထက်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် မှတ်ပုံတင်ပြန်လည်လျှောက်ထားသော ပါတီမှာ (၅ဝ)ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့သော နိုင်ငံရေးပါတီပေါင်း(၅ဝ)အနက် လက်ရှိတွင် ရွေး ကောက်ပွဲကော်မရှင်က စုစုပေါင်း(၁၄)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားသည်။

၎င်းကဲ့သို့ မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီများထဲတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ဦးခင်ရီ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့လည်း ပါဝင်ကြောင်း ကော်မရှင်၏ အချက်အလက်များအရ သိရသည်။

zawgyi version


မျိုးကြီး (NP News) - မေ ၉








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမြန်လမ်းမကြီး၌ Express ကားနှင့် Light Truck ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး (၁ဝ)ဦးထက်မနည်းဒဏ်ရာရ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved