ကွင်းလယ်လူဂွန်ဒိုဂန်ကို ပင်နယ်တီပေးကန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဟာလန်းကို စိတ်ဆိုးဒေါသဖြစ်နေတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာ
Pika (NP News) - မေ ၇
မန်စီးတီးအသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ မေလ(၆)ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် တိုက်စစ်မှူးဟာလန်းသည် ပင်နယ်တီကို ကွင်းလယ်လူဂွန်ဒိုဂန်အား ပေးကန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်မိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာကထုတ်ဖော်ပြောဆိုခဲ့သည်။
မန်စီးတီးကွင်းလယ်ကစားသမား ဂွန်ဒိုဂန်သည် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်(၁၉)မိနစ်နှင့် (၂၇)မိနစ်တို့တွင် သွင်းယူပေးနိုင်ခဲ့ပြီး ဦးဆောင်ကစားနိုင်ခဲ့ကြောင်းသိရသည်။ ပွဲပြီးရန် နောက်ဆုံး (၁ဝ)မိနစ်အလိုတွင် မန်စီးတီးအသင်းပင်နယ်တီရရှိခဲ့ရာ ဟာလန်းက ဂွန်ဒိုဂန်ကို ဟက်ထရစ်သွင်းဂိုးရရှိစေနိုင်ရန် ပင်နယ်တီပေးကန်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဂွန်ဒိုဂန်သည် ပင်နယ်တီကို လွဲချော်ခဲ့ကြောင်းလည်းသိရသည်။
နည်းပြဂွါဒီယိုလာက "အဲဒီပင်နယ်တီကို ဟာလန်းကန်ခဲ့သင့်တာပါ"ဟုပြောဆိုခဲ့သည်။ ဂွန်ဒိုဂန်က "အစတုန်းကတော့ နည်းပြဂွါဒီယိုလာက တော်တော်ဒေါသထွက်နေခဲ့တာပါ။ ဟာလန်းက အစက တော့ သူကန်ဖို့ ဘောလုံးကိုယူသွားခဲ့တာပါ။ ပြီးတော့ သူကျွန်တော့်ကို ကြည့်ပြီး သေချာအောင်လုပ်ဖို့ ခဏစဥ်းစားနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပင်နယ်တီကန်ဖို့ ဘောလုံးပေးခဲ့တာပါ"ဟုပြောဆိုခဲ့သည်။
ဂွန်ဒိုဂန်ပင်နယ်တီလွဲချော်ပြီးနောက် တစ်မိနစ်အကြာတွင် လိဒ်ယူနိုက်တက်အသင်း တိုက်စစ်မှူးရီုဒရီဂိုမိုရီနိုသည် အသင်းအတွက် ချေပဂိုးကို ပင်နယ်တီဧရိယာအတွင်းမှ ပြန်လည်သွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း မန်စီးတီးအသင်းသည် ရမှတ်သုံးမှတ်ကို ထပ်ယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရသည်။
zawgyi version
ကြင္းလယ္လူဂြန္ဒိုဂန္ကို ပင္နယ္တီေပးကန္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ဟာလန္းကို စိတ္ဆိုးေဒါသျဖစ္ေနတဲ့ မန္စီးတီးနည္းျပဂြါဒီယိုလာ
Pika (NP News) - ေမ ၇
မန္စီးတီးအသင္းႏွင့္ လိဒ္ယူႏိုက္တက္အသင္းတို႔ ေမလ(၆)ရက္က ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲတြင္ တိုက္စစ္မႉးဟာလန္းသည္ ပင္နယ္တီကို ကြင္းလယ္လူဂြန္ဒိုဂန္အား ေပးကန္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္မိေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာကထုတ္ေဖာ္ေျပာဆိုခဲ့သည္။
မန္စီးတီးကြင္းလယ္ကစားသမား ဂြန္ဒိုဂန္သည္ အသင္းအတြက္ သြင္းဂိုးမ်ားကို ပြဲခ်ိန္(၁၉)မိနစ္ႏွင့္ (၂၇)မိနစ္တို႔တြင္ သြင္းယူေပးႏိုင္ခဲ့ၿပီး ဦးေဆာင္ကစားႏိုင္ခဲ့ေၾကာင္းသိရသည္။ ပြဲၿပီးရန္ ေနာက္ဆုံး (၁ဝ)မိနစ္အလိုတြင္ မန္စီးတီးအသင္းပင္နယ္တီရရွိခဲ့ရာ ဟာလန္းက ဂြန္ဒိုဂန္ကို ဟက္ထရစ္သြင္းဂိုးရရွိေစႏိုင္ရန္ ပင္နယ္တီေပးကန္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဂြန္ဒိုဂန္သည္ ပင္နယ္တီကို လြဲေခ်ာ္ခဲ့ေၾကာင္းလည္းသိရသည္။
နည္းျပဂြါဒီယိုလာက "အဲဒီပင္နယ္တီကို ဟာလန္းကန္ခဲ့သင့္တာပါ"ဟုေျပာဆိုခဲ့သည္။ ဂြန္ဒိုဂန္က "အစတုန္းကေတာ့ နည္းျပဂြါဒီယိုလာက ေတာ္ေတာ္ေဒါသထြက္ေနခဲ့တာပါ။ ဟာလန္းက အစက ေတာ့ သူကန္ဖို႔ ေဘာလုံးကိုယူသြားခဲ့တာပါ။ ၿပီးေတာ့ သူကြၽန္ေတာ့္ကို ၾကည့္ၿပီး ေသခ်ာေအာင္လုပ္ဖို႔ ခဏစဥ္းစားေနခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ပင္နယ္တီကန္ဖို႔ ေဘာလုံးေပးခဲ့တာပါ"ဟုေျပာဆိုခဲ့သည္။
ဂြန္ဒိုဂန္ပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္ တစ္မိနစ္အၾကာတြင္ လိဒ္ယူႏိုက္တက္အသင္း တိုက္စစ္မႉး႐ီုဒရီဂိုမိုရီႏိုသည္ အသင္းအတြက္ ေခ်ပဂိုးကို ပင္နယ္တီဧရိယာအတြင္းမွ ျပန္လည္သြင္းယူေပးႏိုင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း မန္စီးတီးအသင္းသည္ ရမွတ္သုံးမွတ္ကို ထပ္ယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ ဆက္လက္ရပ္တည္လ်က္ရွိေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကပ်ဆိုးများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးဟု ကုလသမဂ္ဂပြောဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း