Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုဗစ်(၁၉)ရောဂါကို အပြီးသတ် ရပ်တန့်အောင် ဖယ်ရှားရှင်းလင်းဖို့ မဖြစ်နိုင်ကြောင်း WHO အဖွဲ့အကြီးအကဲဆို

Pika (NP News) - မေ ၇

ကိုဗစ်(၁၉)ကပ်ရောဂါသည် လူမှတိရိစ္ဆာန်များထံသို့ ပြန်လည်ကူးစက်နိုင်ချေရှိခြင်းကြောင့် အပြီးသတ်ရပ်တန့်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း က  မ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အရေးပေါ် ဒါရိုက်တာ ဒေါက်တာမိုက်ရိုင်ယန်ကပြောကြားခဲ့သည်။

WHO အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ကိုဗစ်(၁၉)ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေမဟုတ်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်များသည် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်ပြီး သတိရှိရန်လိုအပ်ကြောင်း မိုက်ရိုင်ယန်က အလေးပေးပြောကြားခဲ့သည်။ မိုက်ရိုင်ယန်က "ဒီဗိုင်းရပ်စ်ပိုးကို ထပ်မံ မကူးစက်အောင် အပြီးသတ် ရပ်တန့်နိုင်အောင်လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာတွေ့နေတာက လျင်လျင်မြန်မြန်ပဲ ပြောင်းလဲတတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပါပဲ။ ဒီဗိုင်းရပ်စ်ပိုးက လူတွေကနေ တိရိစ္ဆာန်တွေဆီကို သို့မဟုတ် တိရိ စ္ဆာန်တွေဆီကနေ လူတွေဆီကို ရွေ့လျားနိုင်ပါတယ်။ ဒါကြောင့် ဒီပိုးက လူတွေဆီမှာတင် မဟုတ်ပဲ မတူညီတဲ့နေရာတွေမှာ ပုန်းအောင်းနေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ်ချေမှုန်းဖို့ သို့မဟုတ် ဖယ်ရှားပစ်နိုင်ဖို့က ခက်ခဲပါတယ်"ဟုပြောဆိုခဲ့သည်။ 

ထို့ပြင် ကာကွယ်ဆေးများနှင့် ကုထုံးဆေးဝါးများသည် ဗိုင်းရပ်စ်နှင့်ဆက်စပ်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုကို ဖယ်ရှားပစ်နိုင်သော်လည်း  ဗိုင်းရပ်စ်ပိုးကို အပြီးသတ်ဖယ်ရှားပစ်ရန်မဖြစ်နိုင်ကြောင်း မိုက်ရိုင်ယန်ကပြောကြားခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ပြီးခဲ့သည့်နှစ်အစောပိုင်းကတည်း က ၎င်းတို့၏ ကိုဗစ်(၁၉)ကပ်ရောဂါထိန်းချုပ်ရေး အစီအစဥ်များကို လျှော့ချခဲ့သော်လည်း အမေရိကန်နိုင်ငံတွင် ရောဂါထိန်းချုပ်ရေးအစီအစဥ်များသည် လာမည့်သီတင်းပတ်အထိ ပြည့်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဆက်လက် အသက်ဝင်နေဆဲဖြစ်ကြောင်းသိရသည်။

WHO အဖွဲ့၏စာရင်းဇယားများအရ အမေရိကန်နိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးသူသည် (၁ ဒသမ ၁)သန်းကျော်ရှိပြီး အခြားနိုင်ငံများထက် ပိုမိုများပြားကြောင်းသိရသည်။ တစ်ကမ္ဘာလုံးတွင်ကိုဗစ်(၁၉)ရောဂါကူးစက်ခံရသူ (၇၆၅)သန်းကျော်ကို မှတ်တမ်းတင်ထားပြီး လူပေါင်း(၇)သန်းနီးပါး သေဆုံးခဲ့ကြောင်း ယခုနှစ်ဧပြီလကုန်အထိ ကာကွယ်ဆေးစုစုပေါင်းပမာဏ(၁၃)ဘီလျံထိ ပေးဆောင်ပြီးပြီဖြစ်ကြောင်း WHO အဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version

ကိုဗစ္(၁၉)ေရာဂါကို အၿပီးသတ္ ရပ္တန႔္ေအာင္ ဖယ္ရွားရွင္းလင္းဖို႔ မျဖစ္ႏိုင္ေၾကာင္း WHO အဖြဲ႕အႀကီးအကဲဆို

Pika (NP News) - ေမ ၇

ကိုဗစ္(၁၉)ကပ္ေရာဂါသည္ လူမွတိရိစာၦန္မ်ားထံသို႔ ျပန္လည္ကူးစက္ႏိုင္ေခ်ရွိျခင္းေၾကာင့္ အၿပီးသတ္ရပ္တန႔္ေအာင္ လုပ္ေဆာင္ႏိုင္မည္မဟုတ္ေၾကာင္း က  မာၻ႔က်န္းမာေရးအဖြဲ႕ (WHO)အေရးေပၚ ဒါ႐ိုက္တာ ေဒါက္တာမိုက္႐ိုင္ယန္ကေျပာၾကားခဲ့သည္။

WHO အဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus က ကိုဗစ္(၁၉)ကပ္ေရာဂါကို ကမာၻလုံးဆိုင္ရာ က်န္းမာေရးအေရးေပၚအေျခအေနမဟုတ္ေတာ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္လည္း ျပည္သူ႔က်န္းမာေရးအာဏာပိုင္မ်ားသည္ ကိုဗစ္(၁၉)ေရာဂါႏွင့္ပတ္သက္ၿပီး သတိရွိရန္လိုအပ္ေၾကာင္း မိုက္႐ိုင္ယန္က အေလးေပးေျပာၾကားခဲ့သည္။ မိုက္႐ိုင္ယန္က "ဒီဗိုင္းရပ္စ္ပိုးကို ထပ္မံ မကူးစက္ေအာင္ အၿပီးသတ္ ရပ္တန႔္ႏိုင္ေအာင္လုပ္ေဆာင္ႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီမွာေတြ႕ေနတာက လ်င္လ်င္ျမန္ျမန္ပဲ ေျပာင္းလဲတတ္တဲ့ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးပါပဲ။ ဒီဗိုင္းရပ္စ္ပိုးက လူေတြကေန တိရိစာၦန္ေတြဆီကို သို႔မဟုတ္ တိရိ စာၦန္ေတြဆီကေန လူေတြဆီကို ေ႐ြ႕လ်ားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပိုးက လူေတြဆီမွာတင္ မဟုတ္ပဲ မတူညီတဲ့ေနရာေတြမွာ ပုန္းေအာင္းေနႏိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ပိုးကို အျမစ္ျပတ္ေခ်မႈန္းဖို႔ သို႔မဟုတ္ ဖယ္ရွားပစ္ႏိုင္ဖို႔က ခက္ခဲပါတယ္"ဟုေျပာဆိုခဲ့သည္။ 

ထို႔ျပင္ ကာကြယ္ေဆးမ်ားႏွင့္ ကုထုံးေဆးဝါးမ်ားသည္ ဗိုင္းရပ္စ္ႏွင့္ဆက္စပ္ေသာ ျပည္သူ႔က်န္းမာေရးဆိုင္ရာၿခိမ္းေျခာက္မႈကို ဖယ္ရွားပစ္ႏိုင္ေသာ္လည္း  ဗိုင္းရပ္စ္ပိုးကို အၿပီးသတ္ဖယ္ရွားပစ္ရန္မျဖစ္ႏိုင္ေၾကာင္း မိုက္႐ိုင္ယန္ကေျပာၾကားခဲ့သည္။ ကမာၻေပၚရွိ ႏိုင္ငံအမ်ားစုသည္ ၿပီးခဲ့သည့္ႏွစ္အေစာပိုင္းကတည္း က ၎တို႔၏ ကိုဗစ္(၁၉)ကပ္ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္မ်ားကို ေလွ်ာ့ခ်ခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံတြင္ ေရာဂါထိန္းခ်ဳပ္ေရးအစီအစဥ္မ်ားသည္ လာမည့္သီတင္းပတ္အထိ ျပည့္သူ႔က်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ ဆက္လက္ အသက္ဝင္ေနဆဲျဖစ္ေၾကာင္းသိရသည္။

WHO အဖြဲ႕၏စာရင္းဇယားမ်ားအရ အေမရိကန္ႏိုင္ငံတြင္ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ေသဆုံးသူသည္ (၁ ဒသမ ၁)သန္းေက်ာ္ရွိၿပီး အျခားႏိုင္ငံမ်ားထက္ ပိုမိုမ်ားျပားေၾကာင္းသိရသည္။ တစ္ကမာၻလုံးတြင္ကိုဗစ္(၁၉)ေရာဂါကူးစက္ခံရသူ (၇၆၅)သန္းေက်ာ္ကို မွတ္တမ္းတင္ထားၿပီး လူေပါင္း(၇)သန္းနီးပါး ေသဆုံးခဲ့ေၾကာင္း ယခုႏွစ္ဧၿပီလကုန္အထိ ကာကြယ္ေဆးစုစုေပါင္းပမာဏ(၁၃)ဘီလ်ံထိ ေပးေဆာင္ၿပီးၿပီျဖစ္ေၾကာင္း WHO အဖြဲ႕က ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံသားအယောက်(၂ဝ)ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved