အီးယူရဲ့ထိပ်တန်း သံတမန်ဟာ "ကိုလိုနီနယ်ချဲ့ အတွေးအခေါ်" ရှိတယ်လို့ မော်စကို စွပ်စွဲ
ရောင်နီ (NP News) - မေ ၇
အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘိုရယ်လ်က ယူကရိန်းအတွက် တရုတ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချလိုက်ခြင်းကြောင့် ကိုလိုနီစိတ်ထားနဲ့ ပထဝီဝင်နိုင်ငံရေး နားလည်မှုကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြာ းရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရာဗာက ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီး ချမှတ်ထားတဲ့ အခြေအနေတွေဟာ ရုရှားနဲ့ ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသော အလားအလာရှိ လမ်းကြောင်းဖြစ်ကြောင်း အီးယူအရာရှိက အခိုင်အမာပြောဆိုခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ဖော်ပြခဲ့တဲ့ တရုတ်အဆိုပြုချက်ကို “ငြိမ်းချမ်းရေး အစီအစဉ်မဟုတ်” ဟုဆိုကာ ပယ်ချခဲ့ပါတယ်။ "ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံနဲ့ ကမ္ဘာ့ထိပ်တန်းစီးပွားရေးကို ကိုယ်စား အလေးအနက်ထား ရေးဆွဲထားတဲ့ အဆိုပြုချက်တွေကို အလေးအနက်မထားဘဲ ပထဝီနိုင်ငံရေးကို ဘာမှမသိတဲ့သူတွေဟာ လူတွေကို မလေးစားတဲ့ ကိုလိုနီစိတ်ဓာတ်ရှိသူသာဖြစ်တယ်၊ အဲဒါကတော့ သူကိုယ်တိုင်ပါပဲ” လို့ ဇက်ခါရာဗာက ဘိုရယ်လ်ကို ရည်ညွှန်းပြီး အခိုင်အမာ ပြောကြားခဲ့ပါတယ်။
မော်စကိုနဲ့ ယူကရိန်းနဲ့ ပဋိပက္ခမှာ ဝါရှင်တန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကာ ကိယက်ဗ်သို့ လက်နက်များ ပေးပို့ရာမှာ အမေရိကန် ဦးဆောင်တဲ့ အီးယူဟာ ၎င်းရဲ့ ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒကို မဆုံးဖြတ်ဘဲ အဖွဲ့ဝင် နိုင်ငံများရဲ့ အမျိုးသား အကျိုးစီးပွားကို စတေးခဲ့တယ်လို့ ရုရှား အရာရှိများက စောဒကတက်ခဲ့ပါတယ်။
လိုရယ်လ်ဟာ ဥရောပကို "ဥယျာဉ်"အဖြစ်၊ ကမ္ဘာ့အခြားနေရာအများစုကို "တောနက်"အဖြစ် ဖော်ပြပြီးနောက် လူမျိုးရေးခွဲခြားမှုဆိုင်ရာ စွပ်စွဲမှုများနဲ့ ရင်ဆိုင်နေရပါတယ်။
zawgyi version
အီးယူရဲ႕ထိပ္တန္း သံတမန္ဟာ "ကိုလိုနီနယ္ခ်ဲ႕ အေတြးအေခၚ" ရွိတယ္လို႔ ေမာ္စကို စြပ္စြဲ
ေရာင္နီ (NP News) - ေမ ၇
အီးယူ ႏိုင္ငံျခားေရးမူဝါဒ အႀကီးအကဲ ဂ်ိဳးဆက္ဘိုရယ္လ္က ယူကရိန္းအတြက္ တ႐ုတ္ရဲ႕ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ပယ္ခ်လိုက္ျခင္းေၾကာင့္ ကိုလိုနီစိတ္ထားနဲ႔ ပထဝီဝင္ႏိုင္ငံေရး နားလည္မႈကို သစၥာေဖာက္ျခင္းျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခာ းေရးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါရာဗာက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းသမၼတ ဇီလန္စကီး ခ်မွတ္ထားတဲ့ အေျခအေနေတြဟာ ႐ုရွားနဲ႔ ပဋိပကၡကိုေျဖရွင္းရန္ တစ္ခုတည္းေသာ အလားအလာရွိ လမ္းေၾကာင္းျဖစ္ေၾကာင္း အီးယူအရာရွိက အခိုင္အမာေျပာဆိုခဲ့ၿပီး ေဖေဖာ္ဝါရီလမွာေတာ့ ေဖာ္ျပခဲ့တဲ့ တ႐ုတ္အဆိုျပဳခ်က္ကို “ၿငိမ္းခ်မ္းေရး အစီအစဥ္မဟုတ္” ဟုဆိုကာ ပယ္ခ်ခဲ့ပါတယ္။ "ကမာၻ႔လူဦးေရရဲ႕ ငါးပုံတစ္ပုံနဲ႔ ကမာၻ႔ထိပ္တန္းစီးပြားေရးကို ကိုယ္စား အေလးအနက္ထား ေရးဆြဲထားတဲ့ အဆိုျပဳခ်က္ေတြကို အေလးအနက္မထားဘဲ ပထဝီႏိုင္ငံေရးကို ဘာမွမသိတဲ့သူေတြဟာ လူေတြကို မေလးစားတဲ့ ကိုလိုနီစိတ္ဓာတ္ရွိသူသာျဖစ္တယ္၊ အဲဒါကေတာ့ သူကိုယ္တိုင္ပါပဲ” လို႔ ဇက္ခါရာဗာက ဘိုရယ္လ္ကို ရည္ၫႊန္းၿပီး အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။
ေမာ္စကိုနဲ႔ ယူကရိန္းနဲ႔ ပဋိပကၡမွာ ဝါရွင္တန္က ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ကာ ကိယက္ဗ္သို႔ လက္နက္မ်ား ေပးပို႔ရာမွာ အေမရိကန္ ဦးေဆာင္တဲ့ အီးယူဟာ ၎ရဲ႕ ကိုယ္ပိုင္ ႏိုင္ငံျခားေရးမူဝါဒကို မဆုံးျဖတ္ဘဲ အဖြဲ႕ဝင္ ႏိုင္ငံမ်ားရဲ႕ အမ်ိဳးသား အက်ိဳးစီးပြားကို စေတးခဲ့တယ္လို႔ ႐ုရွား အရာရွိမ်ားက ေစာဒကတက္ခဲ့ပါတယ္။
လိုရယ္လ္ဟာ ဥေရာပကို "ဥယ်ာဥ္"အျဖစ္၊ ကမာၻ႔အျခားေနရာအမ်ားစုကို "ေတာနက္"အျဖစ္ ေဖာ္ျပၿပီးေနာက္ လူမ်ိဳးေရးခြဲျခားမႈဆိုင္ရာ စြပ္စြဲမႈမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအဖြစ် ဆန်စပါးစုဆောင်းထားမှုနှင့် ဖူလုံမှုအပြည့်အဝရှိကြောင်း ဆန်စပါးအသင်းချုပ်အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ