နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုးထားမိခဲ့တဲ့အတွက် မြန်မာအပါအဝင် အာဆီယံသုံးနိုင်ငံကို ကမ္ဘောဒီးယား ဆီးဂိမ်းကျင်းပရေးအဖွဲ့ ပြန်တောင်းပန်
ဂျန်ဇက် (NP News) - မေ ၇
ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများဟာ မေလ ၅ ရက်က Morodok Techo အမျိုးသားဘောလုံးကွင်းအတွင်းပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာမရည်ရွယ်ဘဲ မြန်မာ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့နိုင်ငံအလံကို ပြောင်းပြန်ဇောက်ထိုးဖြစ်အောင်လုပ်ဆောင်မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်လိုက်ကြောင်းသိရပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့က ဖွင့်ပွဲအခမ်းအနားအတွင်း နိုင်ငံအချို့ရဲ့အလံတွေကို မှားယွင်းပြီး ပြောင်းပြန်လုပ်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ လေးစားမှုမရှိတဲ့အမှားအယွင်းများလုပ်မိခဲ့တဲ့အတွက် အလွန်ပင်နောင်တရမိကြောင်း ဆိုပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့က "နိုင်ငံအချို့ရဲ့အလံတွေကို ပြောင်းပြန်ဇောက် ထိုးလုပ်မိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာအပြည့်အဝတာဝန်ရှိပါတယ်။အဲဒီအတွက်လည်းခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီအမှားတွေဟာအခြားသူတွေအတွက် သတိထားစရာအဖြစ်ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ဟာအနာ ဂတ်မှာ ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်သွားပါမယ်။ ဒီလိုအမှားမျိုး နောက်ထပ်ဘယ်တော့မှ မဖြစ်အောင်လုပ်ဆောင်သွားပါမယ်" လို့ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့ဟာ ဖွင့်ပွဲအခမ်းအနားအတွင်း အလံပြောင်းပြန်လုပ်ခဲ့မိတဲ့ အာဆီယံဒေသအတွင်းရှိ နိုင်ငံသုံးနိုင်ငံရဲ့ သံရုံးတွေကို တရားဝင်တောင်းပန်စာပို့ထားတယ်လို့ ကမ္ဘောဒီးယားအခြေစိုက် Town Production မီဒီယာကဖော်ပြပါတယ်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားအတွင်း ကမ္ဘောဒီးယား အဆိုတော်များနဲ့ dancers များကပြဖော်ပြချိန်အတွင်း ဆီးဂိမ်းပြိုင်ပွဲဝင် နိုင်ငံများရဲ့အလံများနဲ့အတူ performance လုပ်ဆောင်ရာမှာ မြန်မာ၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားနိုင်ငံများရဲ့ အလံများကို ပြောင်းပြန်ဇောက်ထိုးပုံစံမျိုး ဖြစ်အောင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း နိုင်ငံအလံများ ပြောင်းပြန်ဖြစ်တဲ့အဖြစ်အပျက်များ ယခင်ကလည်းရှိခဲ့ဖူးပြီး မလေးရှားနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံအလံ ပြောင်းပြန်ဖြစ်ခဲ့ဖူးရာ ပြန်တောင်းပန်ခဲ့ရကြောင်းသိရပါတယ်။
zawgyi version
ႏိုင္ငံေတာ္အလံကို ေျပာင္းျပန္ေဇာက္ထိုးထားမိခဲ့တဲ့အတြက္ ျမန္မာအပါအဝင္ အာဆီယံသုံးႏိုင္ငံကို ကေမာၻဒီးယား ဆီးဂိမ္းက်င္းပေရးအဖြဲ႕ ျပန္ေတာင္းပန္
ဂ်န္ဇက္ (NP News) - ေမ ၇
ကေမာၻဒီးယား ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရး တာဝန္ရွိသူမ်ားဟာ ေမလ ၅ ရက္က Morodok Techo အမ်ိဳးသားေဘာလုံးကြင္းအတြင္းျပဳလုပ္ခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားမွာမရည္႐ြယ္ဘဲ ျမန္မာ၊ အင္ဒိုနီးရွား နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ႏိုင္ငံအလံကို ေျပာင္းျပန္ေဇာက္ထိုးျဖစ္ေအာင္လုပ္ေဆာင္မိခဲ့တဲ့အတြက္ ျပန္လည္ေတာင္းပန္လိုက္ေၾကာင္းသိရပါတယ္။
ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕က ဖြင့္ပြဲအခမ္းအနားအတြင္း ႏိုင္ငံအခ်ိဳ႕ရဲ႕အလံေတြကို မွားယြင္းၿပီး ေျပာင္းျပန္လုပ္မိခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ေလးစားမႈမရွိတဲ့အမွားအယြင္းမ်ားလုပ္မိခဲ့တဲ့အတြက္ အလြန္ပင္ေနာင္တရမိေၾကာင္း ဆိုပါတယ္။
ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕က "ႏိုင္ငံအခ်ိဳ႕ရဲ႕အလံေတြကို ေျပာင္းျပန္ေဇာက္ ထိုးလုပ္မိခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာအျပည့္အဝတာဝန္ရွိပါတယ္။အဲဒီအတြက္လည္းခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုလိုပါတယ္။ ဒီအမွားေတြဟာအျခားသူေတြအတြက္ သတိထားစရာအျဖစ္ရွိေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ဟာအနာ ဂတ္မွာ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္သြားပါမယ္။ ဒီလိုအမွားမ်ိဳး ေနာက္ထပ္ဘယ္ေတာ့မွ မျဖစ္ေအာင္လုပ္ေဆာင္သြားပါမယ္" လို႔ေျပာပါတယ္။
ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ဟာ ဖြင့္ပြဲအခမ္းအနားအတြင္း အလံေျပာင္းျပန္လုပ္ခဲ့မိတဲ့ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံသုံးႏိုင္ငံရဲ႕ သံ႐ုံးေတြကို တရားဝင္ေတာင္းပန္စာပို႔ထားတယ္လို႔ ကေမာၻဒီးယားအေျခစိုက္ Town Production မီဒီယာကေဖာ္ျပပါတယ္။
အဆိုပါ ဖြင့္ပြဲ အခမ္းအနားအတြင္း ကေမာၻဒီးယား အဆိုေတာ္မ်ားနဲ႔ dancers မ်ားကျပေဖာ္ျပခ်ိန္အတြင္း ဆီးဂိမ္းၿပိဳင္ပြဲဝင္ ႏိုင္ငံမ်ားရဲ႕အလံမ်ားနဲ႔အတူ performance လုပ္ေဆာင္ရာမွာ ျမန္မာ၊ ဗီယက္နမ္ နဲ႔ အင္ဒိုနီးရွားႏိုင္ငံမ်ားရဲ႕ အလံမ်ားကို ေျပာင္းျပန္ေဇာက္ထိုးပုံစံမ်ိဳး ျဖစ္ေအာင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ ဆီးဂိမ္းၿပိဳင္ပြဲအတြင္း ႏိုင္ငံအလံမ်ား ေျပာင္းျပန္ျဖစ္တဲ့အျဖစ္အပ်က္မ်ား ယခင္ကလည္းရွိခဲ့ဖူးၿပီး မေလးရွားႏိုင္ငံမွာ ၂ဝ၁၇ ခုႏွစ္က က်င္းပခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲမွာ အင္ဒိုနီးရွားႏိုင္ငံအလံ ေျပာင္းျပန္ျဖစ္ခဲ့ဖူးရာ ျပန္ေတာင္းပန္ခဲ့ရေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီးယူရဲ့ထိပ်တန်း သံတမန်ဟာ "ကိုလိုနီနယ်ချဲ့ အတွေးအခေါ်" ရှိတယ်လို့ မော်စကို စွပ်စွဲ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း