ဂျပန်နိုင်ငံမှာ ရစ်ခ်ျတာစကေး (၆ ဒသမ ၅) အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံး
ရောင်နီ (NP News) -မေ ၇
ဂျပန်နိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် တစ်ရက်အကြာမှာ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးကာ အဆောက်အအုံများ ပျက်စီးသွားခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်း၊ အစ်ရှီကာဝါဒေသမှာ သောကြာနေ့(မေလ ၅ ရက်) မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လှေကားမှပြုတ်ကျ သေဆုံးခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စနေနေ့ မနက်က ငလျင်လှုပ်ခတ်မှု (၅၅)ခုခန့်ရှိပြီး အချို့မှာပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ခဲ့တဲ့ ဒေသများမှာ မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်းလည်း အေဂျင်စီက သတိပေးထားပါတယ်။ ငလျင်ကြောင့် အနည်း ဆုံး လူ (၂၃)ဦး ဒဏ်ရာရခဲ့ကြောင်း အေဂျင်စီက ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုများပြီးနောက် အရှေ့ဂျပန်မီးရထားကုမ္ပဏီက အစ်ဟီကာဝါ စီရင်စုရှိ တိုကျိုနဲ့ ကာနာဇာဝါကို ဆက်သွယ်ထားတဲ့ ကျည်ဆန်ရထားများကို ဘေးကင်းရေး စစ် ဆေးမှုအတွက် ယာယီရပ်နားထားခဲ့ရာမှ ပုံမှန်လည်ပတ်မှုများ ပြန်လည်လုပ် ဆောင်ခဲ့ကြောင်း East Japan Railway Co မှ ပြောကြားခဲ့ပါတယ်။ အဆိုပါ ဒေသရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများမှာလည်း ငလျင်ကြောင့် ပျက်စီးမှု၊ မူမမှန်မှုမရှိကြောင်း Nuclear Regulation Authority မှ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်နဲ့ ကြီးကြီးမားမား လှုပ်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်ရန် အဆောက်အဦးများတွင်တင်းကျပ်သော ဆောက်လုပ်ရေး စည်းမျဉ်းများ ရှိပါတယ်။ ၂ဝဝ၇ ခုနှစ်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် ရာနဲ့ချီ ဒဏ်ရာရရှိကာ နိုတိုကျွန်းဆွယ်ရှိ ရှုခင်းသာနေရာဖြစ်တဲ့ ဧရိယာမှာ အဆောက်အအုံ ၂ဝဝ ကျော် ပျက်စီးခဲ့ရဖူးပါတယ်။
zawgyi version
ဂ်ပန္ႏိုင္ငံမွာ ရစ္ခ္်တာစေကး (၆ ဒသမ ၅) အဆင့္ရွိ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲ ငလ်င္မ်ားလႈပ္ခတ္ခဲ့ၿပီး လူတစ္ဦးေသဆုံး
ေရာင္နီ (NP News) -ေမ ၇
ဂ်ပန္ႏိုင္ငံမွာ ျပင္းအား ရစ္ခ္်တာစေကး ၆ ဒသမ ၅ အဆင့္ရွိ ငလ်င္လႈပ္ခတ္ၿပီးေနာက္ တစ္ရက္အၾကာမွာ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ားလႈပ္ခတ္ခဲ့ၿပီး အနည္းဆုံး လူတစ္ဦး ေသဆုံးကာ အေဆာက္အအုံမ်ား ပ်က္စီးသြားခဲ့ေၾကာင္း အေရးေပၚ ဝန္ေဆာင္မႈဌာနမွ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံ အလယ္ပိုင္း၊ အစ္ရွီကာဝါေဒသမွာ ေသာၾကာေန႔(ေမလ ၅ ရက္) မြန္းလြဲပိုင္းက လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အသက္ ၆၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေလွကားမွျပဳတ္က် ေသဆုံးခဲ့ေၾကာင္း က်ိဳဒိုသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ စေနေန႔ မနက္က ငလ်င္လႈပ္ခတ္မႈ (၅၅)ခုခန႔္ရွိၿပီး အခ်ိဳ႕မွာျပင္းထန္စြာ လႈပ္ခတ္သြားခဲ့ေၾကာင္း ႏိုင္ငံသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။
မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ထိခိုက္ခဲ့တဲ့ ေဒသမ်ားမွာ ေျမၿပိဳမႈမ်ားျဖစ္ပြားႏိုင္ေၾကာင္းလည္း ေအဂ်င္စီက သတိေပးထားပါတယ္။ ငလ်င္ေၾကာင့္ အနည္း ဆုံး လူ (၂၃)ဦး ဒဏ္ရာရခဲ့ေၾကာင္း ေအဂ်င္စီက ေျပာပါတယ္။ ငလ်င္လႈပ္ခတ္မႈမ်ားၿပီးေနာက္ အေရွ႕ဂ်ပန္မီးရထားကုမၸဏီက အစ္ဟီကာဝါ စီရင္စုရွိ တိုက်ိဳနဲ႔ ကာနာဇာဝါကို ဆက္သြယ္ထားတဲ့ က်ည္ဆန္ရထားမ်ားကို ေဘးကင္းေရး စစ္ ေဆးမႈအတြက္ ယာယီရပ္နားထားခဲ့ရာမွ ပုံမွန္လည္ပတ္မႈမ်ား ျပန္လည္လုပ္ ေဆာင္ခဲ့ေၾကာင္း East Japan Railway Co မွ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ေဒသရွိ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံမ်ားမွာလည္း ငလ်င္ေၾကာင့္ ပ်က္စီးမႈ၊ မူမမွန္မႈမရွိေၾကာင္း Nuclear Regulation Authority မွ ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံမွာ ျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံႏိုင္ရည္ရွိေစရန္နဲ႔ ႀကီးႀကီးမားမား လႈပ္ခတ္မႈမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ရန္ အေဆာက္အဦးမ်ားတြင္တင္းက်ပ္ေသာ ေဆာက္လုပ္ေရး စည္းမ်ဥ္းမ်ား ရွိပါတယ္။ ၂ဝဝ၇ ခုႏွစ္က ျပင္းအား ၆ ဒသမ ၉ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ ရာနဲ႔ခ်ီ ဒဏ္ရာရရွိကာ ႏိုတိုကြၽန္းဆြယ္ရွိ ရႈခင္းသာေနရာျဖစ္တဲ့ ဧရိယာမွာ အေဆာက္အအုံ ၂ဝဝ ေက်ာ္ ပ်က္စီးခဲ့ရဖူးပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံမှာ ရစ်ခ်ျတာစကေး (၆ ဒသမ ၅) အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း