အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများကြား အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး (၅၄)ဦးသေဆုံး
ဂျန်ဇက် (NP News) - မေ ၇
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း မျိုးနွယ်စုများကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေတဲ့အတွက် မေလ ၇ ရက်အထိ အနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
မဏိပူရပြည်နယ်အတွင်းရှိ အကြီးမားဆုံးတိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ Meitei အပေါ် အထူးအခွင့်အရေးများပေးခဲ့မှုနဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းရှိ လူမျိုးများကြား အကြမ်း ဖက်တိုက်ခိုက်မှုများ ယခုသီတင်းပတ်အစောပိုင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ မဏိပူရပြည်နယ်အတွင်းရှိ အခြားမျိုးနွယ်စုတွေဟာ Meitei လူမျိုးတွေအပေါ် စီစဉ်ထားတဲ့အထူးအခွင့်အရေးပေးမှုအပေါ် ပြီးခဲ့တဲ့ရက်ပိုင်းကဆန့်ကျင်ကန့်ကွက်ခဲ့ရာက အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
Meitei မျိုးနွယ်စုတွေဟာ အထူးအခွင့်အရေးအရ အစိုးရဌာနတွေမှာအလုပ်လုပ်ကိုင်ခွင့်၊ ကောလိပ်တက်ခွင့်၊ ကျေးရွာကောင်စီကနေ လွှတ်တော်ကိုယ်စားလှယ်နေရာအထိရွေး ကောက်ခံခွင့်စတဲ့အခွင့်အရေးများကို ရရှိမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယအစိုးရဟာ မဏိပူပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူမျိုးများကြား အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိန်းသိမ်းနိုင်အောင်စစ်သားထောင်ချီစေလွှတ်ထားပြီး တရားဥပဒေစိုးမိုးရေးပြန်ဖြစ်အောင် လုပ်ဆောင်နေကြောင်းသိရပါတယ်။
အစိုးရတာဝန်ရှိသူများဟာ ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ထိန်းနိုင်ဖို့အင်တာနက်ဖြတ်တောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပစ်မိန့်ထုတ်ပြန်ခြင်းစတဲ့ အမိန့်တွေကို လုပ်ဆောင်ထားကြောင်းသိရပါတယ်။လုံခြုံရေးအကြံပေးတစ်ဦးဖြစ်တဲ့ Kuldeep Singh က ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြို့တွေမှာ လုယက်မှုတွေ၊ မီးရှို့မှုတွေဖြစ်ပွားခဲ့ပြီး အိမ်အလုံးပေါင်း (၅ဝဝ)ကျော်နဲ့ ကားတွေ မီးရှို့ခံခဲ့ရကြောင်းပြောပါတယ်။
ဒါ့ပြင် ဘုရားကျောင်းတွေ၊ ကားတွေ၊ အိမ်တွေ၊ ပုထိုးတွေလည်းအကြမ်းဖက်တိုက်ခိုက်မှုတွေ့ကြုံခဲ့ရပြီး အနည်းဆုံးလူပေါင်း (၁ဝဝဝဝ)ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရပါတယ်။ ၎င်းက "မဏိပူရပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုကြောင့် ပြည်နယ်အတွင်းမှာအနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးထားပြီး လူပေါင်း ၁ဝဝ ဒဏ်ရာရထားတယ်" လို့ပြောပါတယ်။
မဏိပူရပြည်နယ်ရဲချုပ်က ပြည်နယ်အတွင်းအကြမ်းဖက်မှု လုပ်ရပ်မှာပါဝင်ပတ် သက်တဲ့သူတွေကို တင်းကြပ်တဲ့အရေးယူ ဖမ်းဆီးမှုတွေလုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ထားကြောင်း ပြောပါတယ်။
zawgyi version
အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္အတြင္းရွိ တိုင္းရင္းသားလူမ်ိဳးမ်ားၾကား အၾကမ္းဖက္တိုက္ ခိုက္မႈျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး (၅၄)ဦးေသဆုံး
ဂ်န္ဇက္ (NP News) - ေမ ၇
အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္အတြင္း မ်ိဳးႏြယ္စုမ်ားၾကား အၾကမ္းဖက္တိုက္ခိုက္မႈမ်ားျဖစ္ပြားေနတဲ့အတြက္ ေမလ ၇ ရက္အထိ အနည္းဆုံးလူေပါင္း ၅၄ ဦးေသဆုံးခဲ့ေၾကာင္းသိရပါတယ္။
မဏိပူရျပည္နယ္အတြင္းရွိ အႀကီးမားဆုံးတိုင္းရင္းသားမ်ိဳးႏြယ္စုျဖစ္တဲ့ Meitei အေပၚ အထူးအခြင့္အေရးမ်ားေပးခဲ့မႈနဲ႔ပတ္သက္ၿပီး ျပည္နယ္အတြင္းရွိ လူမ်ိဳးမ်ားၾကား အၾကမ္း ဖက္တိုက္ခိုက္မႈမ်ား ယခုသီတင္းပတ္အေစာပိုင္းက စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ မဏိပူရျပည္နယ္အတြင္းရွိ အျခားမ်ိဳးႏြယ္စုေတြဟာ Meitei လူမ်ိဳးေတြအေပၚ စီစဥ္ထားတဲ့အထူးအခြင့္အေရးေပးမႈအေပၚ ၿပီးခဲ့တဲ့ရက္ပိုင္းကဆန႔္က်င္ကန႔္ကြက္ခဲ့ရာက အၾကမ္းဖက္မႈမ်ားျဖစ္ပြားလာခဲ့တာျဖစ္ပါတယ္။
Meitei မ်ိဳးႏြယ္စုေတြဟာ အထူးအခြင့္အေရးအရ အစိုးရဌာနေတြမွာအလုပ္လုပ္ကိုင္ခြင့္၊ ေကာလိပ္တက္ခြင့္၊ ေက်း႐ြာေကာင္စီကေန လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအထိေ႐ြး ေကာက္ခံခြင့္စတဲ့အခြင့္အေရးမ်ားကို ရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။ အိႏၵိယအစိုးရဟာ မဏိပူျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ လူမ်ိဳးမ်ားၾကား အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ထိန္းသိမ္းႏိုင္ေအာင္စစ္သားေထာင္ခ်ီေစလႊတ္ထားၿပီး တရားဥပေဒစိုးမိုးေရးျပန္ျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။
အစိုးရတာဝန္ရွိသူမ်ားဟာ ျပည္နယ္တြင္းျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈေတြကို ထိန္းႏိုင္ဖို႔အင္တာနက္ျဖတ္ေတာက္ျခင္း၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားအတြက္ ပစ္မိန႔္ထုတ္ျပန္ျခင္းစတဲ့ အမိန႔္ေတြကို လုပ္ေဆာင္ထားေၾကာင္းသိရပါတယ္။လုံၿခဳံေရးအႀကံေပးတစ္ဦးျဖစ္တဲ့ Kuldeep Singh က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ၿမိဳ႕ေတြမွာ လုယက္မႈေတြ၊ မီးရႈိ႕မႈေတြျဖစ္ပြားခဲ့ၿပီး အိမ္အလုံးေပါင္း (၅ဝဝ)ေက်ာ္နဲ႔ ကားေတြ မီးရႈိ႕ခံခဲ့ရေၾကာင္းေျပာပါတယ္။
ဒါ့ျပင္ ဘုရားေက်ာင္းေတြ၊ ကားေတြ၊ အိမ္ေတြ၊ ပုထိုးေတြလည္းအၾကမ္းဖက္တိုက္ခိုက္မႈေတြ႕ႀကဳံခဲ့ရၿပီး အနည္းဆုံးလူေပါင္း (၁ဝဝဝဝ)ေက်ာ္ေနရပ္စြန႔္ခြာထြက္ေျပးေနရေၾကာင္းသိရပါတယ္။ ၎က "မဏိပူရျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေၾကာင့္ ျပည္နယ္အတြင္းမွာအနည္းဆုံးလူေပါင္း ၅၄ ဦးေသဆုံးထားၿပီး လူေပါင္း ၁ဝဝ ဒဏ္ရာရထားတယ္" လို႔ေျပာပါတယ္။
မဏိပူရျပည္နယ္ရဲခ်ဳပ္က ျပည္နယ္အတြင္းအၾကမ္းဖက္မႈ လုပ္ရပ္မွာပါဝင္ပတ္ သက္တဲ့သူေတြကို တင္းၾကပ္တဲ့အေရးယူ ဖမ္းဆီးမႈေတြလုပ္ေဆာင္ဖို႔ အမိန႔္ထုတ္ျပန္ထားေၾကာင္း ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ်ထုတ်ကုန်ပြခန်းပေါင်း(၁၂ဝ)ကျော် ပါဝင်သည့် UMFCCI MSME Fair 2023 ပြပွဲစတင်ကျင်းပ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ