MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ်ထုတ်ကုန်ပြခန်းပေါင်း(၁၂ဝ)ကျော် ပါဝင်သည့် UMFCCI MSME Fair 2023 ပြပွဲစတင်ကျင်းပ
ယွန်း (NP News) - မေ ၇
UMFCCI MSME Fair 2023 ပြပွဲကို ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြပွဲကို ယနေ့(မေလ ၇ ရက်) နံနက်(၉)နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ စီစဥ်ကျင်းပခဲ့ခြင်းဖြစ် သည်။
ပြပွဲကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မေလ(၇)ရက်မှ မေလ(၈)ရက်အထိ (၂)ရက်တာကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းတို့က အမှာစကားပြောကြားခဲ့ကြသည်။
အဆိုပါ ပြပွဲတွင် MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပြခန်းပေါင်း (၁၂ဝ)ကျော်က ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြသည်။
၎င်းတို့ ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများအနက်မှ ပစ္စည်းများအား ထုတ်ပိုးမှုပုံစံ၊ တီထွင်ဆန်းသစ်မှုနှင့် ၎င်းတို့၏ ဝန်ဆောင်မှုပေါ်တွင်မူတည်ပြီး MSME Outstanding Award ဆုကို အသင်းချုပ်မှ ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့ပြင် MSME အနှစ်သာရပေါ်လွင်စေမည့် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များကိုလည်း အခမ်းအနားတွင် ထည့်သွင်းပြသခဲ့သည်။
အလားတူ ပြပွဲအခမ်းအနားတွင် စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များ၊ အသိပညာပေး ဆွေးနွေးပွဲများ ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
zawgyi version
MSME လုပ္ငန္းရွင္မ်ား၏ ျပည္တြင္းျဖစ္ထုတ္ကုန္ျပခန္းေပါင္း(၁၂ဝ)ေက်ာ္ ပါဝင္သည့္ UMFCCI MSME Fair 2023 ျပပြဲစတင္က်င္းပ
ယြန္း (NP News) - ေမ ၇
UMFCCI MSME Fair 2023 ျပပြဲကို ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel တြင္ က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါ ျပပြဲကို ယေန႔(ေမလ ၇ ရက္) နံနက္(၉)နာရီတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) မွ စီစဥ္က်င္းပခဲ့ျခင္းျဖစ္ သည္။
ျပပြဲကို အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ေမလ(၇)ရက္မွ ေမလ(၈)ရက္အထိ (၂)ရက္တာက်င္းပသြားမည္ျဖစ္သည္။
အခမ္းအနားတြင္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းႏွင့္ UMFCCI ဥကၠ႒ ဦးေအးဝင္းတို႔က အမွာစကားေျပာၾကားခဲ့ၾကသည္။
အဆိုပါ ျပပြဲတြင္ MSME လုပ္ငန္းရွင္မ်ား၏ ျပည္တြင္းျဖစ္ ထုတ္ကုန္ျပခန္းေပါင္း (၁၂ဝ)ေက်ာ္က ၎တို႔၏ ထုတ္ကုန္ပစၥည္းမ်ားကို ခင္းက်င္းျပသခဲ့ၾကသည္။
၎တို႔ ခင္းက်င္းျပသထားသည့္ ထုတ္ကုန္ပစၥည္းမ်ားအနက္မွ ပစၥည္းမ်ားအား ထုတ္ပိုးမႈပုံစံ၊ တီထြင္ဆန္းသစ္မႈႏွင့္ ၎တို႔၏ ဝန္ေဆာင္မႈေပၚတြင္မူတည္ၿပီး MSME Outstanding Award ဆုကို အသင္းခ်ဳပ္မွ ခ်ီးျမႇင့္သြားမည္ျဖစ္သည္။
ထို႔ျပင္ MSME အႏွစ္သာရေပၚလြင္ေစမည့္ ႐ိုးရာဝတ္စုံမ်ားျဖင့္ ဖန္တီးျပသမည့္ Fashion Show အစီအစဥ္မ်ားကိုလည္း အခမ္းအနားတြင္ ထည့္သြင္းျပသခဲ့သည္။
အလားတူ ျပပြဲအခမ္းအနားတြင္ စီးပြားေရးဆိုင္ရာ နည္းပညာ၊ အသိပညာဗဟုသုတမ်ား ရရွိႏိုင္မည့္ စကားဝိုင္းေဆြးေႏြးပြဲအစီအစဥ္မ်ား၊ အသိပညာေပး ေဆြးေႏြးပြဲမ်ား ကိုလည္း ထည့္သြင္းက်င္းပခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံမှာ ရစ်ခ်ျတာစကေး (၆ ဒသမ ၅) အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း