ဝါရှင်တန်၏ ဆူဒန်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး စစ်ပွဲဖြင့် အဆုံးသတ်
Htay Oung (NP News) - မေ ၆
မကြာသေးခင် ရက်သတ္တပတ်များအထိအောင်ပဲ ဆူဒန်နိုင်ငံအနေနဲ့ သူတို့ရဲ့စစ်အာဏာရှင်စနစ်မှ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းစေဖို့ သိသာထင်ရှားတဲ့ သဘောတူညီချက်တွေ ရရှိကာနီးပြီလို့ အမေရိကန်သံတမန်များက ထင်မြင်ခဲ့ကြပါတယ်။ အဲဒီ သဘောတူညီချက်ဟာ ၂ဝ၁၉ ခုနှစ် ဆူဒန်တော်လှန်ရေး မျှော်လင့်ချက်နဲ့ အလားအလာများကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဆူဒန်ဟာ ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီခိုင်မာအားကောင်းလာစေရေး သမ္မတ ဘိုင်ဒန်ရဲ့ အဓိကနိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်မှာ အရေးကြီးတဲ့ စမ်း သပ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ အကျင့်ပျက်ခြစားတဲ့ ခေါင်းဆောင်များကို အားနည်းစေပြီး တရုတ်၊ ရုရှားနဲ့ ဘိုင် ဒင်ရဲ့ အမြင်အရ အခြားအာဏာရှင်ဖြစ်သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရာမှာ စံနမူနာ ဖြစ်လာလိမ့်မယ်လို့ အိမ်ဖြူတော်က မှတ်ယူခဲ့ကြကြောင်း New York Times (NYT) က မေလ ၅ ရက်ကရေးသားပါတယ်။
ဆူဒန်လို ပြည်တွင်းစစ် အစွန်းတစ်ဖက်ဆီကို အလေးသာနေတဲ့နိုင်ငံမှာ အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုဟာ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆူဒန်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ရေး ညှိနှိုင်းမှုများမှာ အမေရိကန်သံတမန်များကိုယ်တိုင် ပါ၀င်ခဲ့ပေမဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့အတွက် သံရုံးကို ပိတ်ပစ်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးရခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
အရပ်သားခေါင်းဆောင်များကို မျက်နှာသာပေးရမယ့်အစား ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ပါဝင်ခဲ့သူ ဆူဒန်ပြိုင်ဘက်ဗိုလ်ချုပ်ကြီး နှစ်ဦးနဲ့ လက်တွဲလုပ်ဖို့သာ ဘိုင်ဒန်က စိတ်ဝင်စားခဲ့ပါတယ်။ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီခံနိုင်ရည်ရှိရေး တွန်းအားပေးရာမှာ အမေရိကန်ရဲ့ ချဉ်းကပ်ပုံဟာ ဝေဖန်စရာဖြစ်နေပါတယ်။ ဆူဒန်ရဲ့ အကြမ်းဖက်မှုများဟာ ရုရှားတို့လို သက်ဦးဆံပိုင်အာဏာရှင်များက ပါဝါလစ်ဟာမှုအပေါ် အမြတ်ထုတ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း သတိပေးနေတဲ့ကြားက ယခုလို ဖြစ်ခဲ့ရပါတယ်။
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားတဲ့ ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းမှု တော်လှန်ရေးဟာ လမ်းမပေါ် အစုအပုံလိုက်လူသတ်ပွဲများဖြစ်ပေါ်ခဲ့ပါတယ်။ နှစ် ၃ဝ ကြာအုပ်ချုပ်ခဲ့သူ သမ္မတ အိုမာအယ်လ်ဘာရှီယာကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေး စစ်ကောင်စီ TMC က ၂ဝ၁၉ ခုနှစ် အောက်တို ဘာလမှာ အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ TMC ဟာ စစ်ဘက်-အရပ်ဘက် စုပေါင်းပါဝင်တဲ့ နိုင်ငံတော်ကောင်စီနဲ့ အရပ်သားဝန်ကြီးချုပ် အရပ်သား အစိုးရအဖွဲ့ဝင်ထံ အုပ်ချုပ်ရေး-တရားစီရင်ရေးအာဏာကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အချေအတင်ငြင်းခုံမှုများ ဆက်လက်တည်ရှိ နေပြီး အကြမ်းဖက်မှုများဟာ ဆူဒန်ရဲ့ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနေခဲ့ပါတယ်။ အိမ်နီးချင်း လစ်ဗျား၊ အီဂျစ်၊ တူနီးရှားနိုင်ငံတို့ရဲ့ (“အာရပ်နွေဦးတော်လှန်ရေး“ အပြီး) အခြေအနေများအပါအ၀င် အာဖရိကမြောက်ပိုင်း နိုင်ငံများရဲ့ အခြားဒီမိုက ရေစီရေး စိတ်ပျက်စရာများနဲ့အတူ ဆူဒန်မှာ ဆုတ်ယုတ်မှုများ ပေါ်လာရတယ်လို့ အာဖရိက ဦးချိုဒေသဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဂျက်ဖရီဖဲလ်မန်းက ထောက်ပြပါတယ်။ TMC ဒုတိယ ဥက္ကဋ္ဌ ဆူဒန်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ်အယ်လ်ဘာဟန်က အာဏာကို လက်ဝါးကြီးအုပ်ထားတယ်လို့ သုံးသပ်ကြပါတယ်။
၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ဆူဒန်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန်က ဆူဒန်အစိုးရရဲ့ တိုက်ရိုက်အကူအညီ အမေရိကန်ဒေါ်လာ သန်း (၇ဝဝ)ကို ထိန်းချုပ်လိုက်ပြီး ကြွေးမြီသက်သာခွင့်ကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က လက်ငင်းအကူအညီ အမေရိကန်ဒေါ်လာ ၆ ဘီလျံနဲ့ ဘီလျံ ၅ဝ ချေးငှားဖို့ကိစ္စကို ရပ်ဆိုင်းလိုက်ပါတယ်။ အခြားနိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းတွေက လည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။ ဆူဒန်အာဏာသိမ်းခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်များ၊ အကြီးတန်း အဖွဲ့ဝင်များ၊ သူတို့နဲ့ ဆက်နွယ်သူများအပေါ် ပြစ်ဒဏ်ခတ်ရန် အမေရိကန် ကွန်ဂရက်လွှတ်တော်က တောင်း ဆိုခဲ့ပြီး ဘိုင်ဒင်အစိုးရကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ထိပ်တိုက်တွေ့မယ့်အစား ဆူဒန်လျှပ်တပြက် ထောက်ပံ့ရေးအရံတပ် (RSF) မှ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒမ်ဒါဂါလိုနဲ့ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် သံတမန်တွေက ဆုံးဖြတ်ခဲ့ပါတယ်။
ဆူဒန်အရပ်သားအုပ်ချုပ်ရေး အသွင်ကူးပြောင်းမှု ဖြစ်မြောက်ရန် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကုလ သမဂ္ဂ၊ အာဖရိကသမဂ္ဂနဲ့ ဒေသဆိုင်ရာအစုအဖွဲ့တို့က ကြားဝင်စေ့စပ်ပေးခဲ့ပေမဲ့ အရေးပါတဲ့ ပြဿနာများကို ဖြေရှင်းဖို့ ကျန်ရှိနေပါသေးတယ်။ သဘောကွဲလွဲမှုများကို ပေါင်းကူးရေး လုပ်ငန်းစဉ်မှာ အမေရိကန်၊ ဆော်ဒီအာရေးဗျ၊ ဗြိတိန်နဲ့ အာရပ်စော်ဘွားများအပါအဝင် ပြည်ပအင်အားကြီးနိုင်ငံများက တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါတယ်။
အရပ်သားအုပ်ချုပ်ရေးပုံစံပြောင်းလဲရန် အခက်အခဲမရှိပေမဲ့ နိုင်ငံရေးအငြင်းပွားမှုများရဲ့ အဓိကအ ချက်မှာ RSF ကို စစ်တပ်ထဲသို့ ပေါင်းစည်းရေးဖြစ်ပါတယ်။ အဲဒီအတွက် ၁ဝ နှစ် အချိန်ပေးရန် အရံတပ်ခေါင်းဆောင် ဒါဂါလိုကတောင်းဆိုခဲ့ပြီး စစ်တပ်ခေါင်းဆောင် ဘာဟန်က (၂)နှစ်အတွင်းပေါင်း စည်းရန် ရပ်တည်ခဲ့ပါတယ်။ အနာဂတ်တပ်မတော်မှာ RSF အရာရှိများရဲ့ ရာထူးအဆင်၊့ RSF တပ်များအနေနဲ့ လက်ရှိဆူဒန်စစ်ဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထား-မထား၊ တပ်မတော်နဲ့ အရံတပ်တို့က ထိန်းချုပ်ထားတဲ့ ဆူဒန်စီးပွားရေးကဏ္ဍတွေအပေါ် အခွင့်အာဏာကိစ္စတွေမှာ ဘာဟန်နဲ့ ဒါဂါလိုတို့အကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေ တိုးတက်လာသည်နှင့်အမျှ ဗိုလ်ချုပ်ကြီးနှစ်ဦးကြား အမြင်ကွာဟချက်က တဖြည်း ဖြည်း ကြီးထွားလာပြီး နှစ်ဖက်စလုံးမှ စစ်အင်အားဖြည့်တင်းမှုတွေဟာ ခါတွန်မြို့အတွင်း စတင်ဝင်ရောက်လာ ခဲ့ကြ ပါတယ်။ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၂ ရက်မှာ (ဝါရှင်တန်က ဦးစားပေးချဉ်းကပ်ခဲ့တဲ့) ဗိုလ်ချုပ်ကြီး ဒါဂါလိုရဲ့ ဆူဒန်အရံတပ် RSF တပ်တွေက ခါတွန်မြို့ မြောက်ဘက် မိုင် ၂ဝဝ ခန့်အကွာရှိ လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်လိုက်ပြီး တိုက်ပွဲစတင်ပြီဖြစ်ကြောင်း လူသိရှင်ကြား ပြသလိုက်ပါတယ်။ နောက် (၃)ရက်အကြာမှာတော့ ခါတွန်မြို့အနှံ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်၊
(အာရပ်နဲ့ အာဖရိကန်လူမျိုးနွယ်များ ရောနှောနေထိုင်တဲ့ ဆူဒန်နိုင်ငံရဲ့ အတိတ်သမိုင်း၊ ပထဝီနိုင်ငံ ရေးအရ အရေးပါမှု၊ အဖိုးတန်သယံဇာတ ကျိန်စာသင့်ခြင်းနဲ့ လူမျိုးရေးနောက်ခံ နိုင်ငံရေး စိတ်၀မ်းကွဲမှုတွေဟာ ကျွန် တော်တို့ မြန်မာနိုင်ငံနဲ့ အလွန်တူညီတဲ့အချက်များ ရှိနေပါတယ်။ လက်နက်ကိုင်အုပ်စုချင်း အားပြိုင်မှုက ဒုတိ ယဆူဒန်အဖြစ်တွန်းပို့ပြီး မဆုံးနိုင်တဲ့ ပြည်တွင်းစစ်ဝဲဂယက်မှာ တဝဲလယ်လယ် ဖြစ်နေမှာလားလို့ စိုးရိမ်စရာ ရှိပါတယ်။
ဆူဒန်ဟာ ကမ္ဘာ့ကုန်သွယ်ရေကြောင်းမှာ အရေးပါဆုံးဖြစ်တဲ့ စူးအက်တူးမြောင်းထွက်ပေါက် ပင်လယ်နီကို မေး တင်လျှက်ရှိပါတယ်။ ဒီအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ရဲ့ ကျုးကျော်စစ်၊ ခုခံစစ်ပွဲများနဲ့ ကိုလိုနီပြုခြင်းခံရပြီး ၁၉၅၆ ခုနှစ်မှာ အီဂျစ်-ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှ ၁၇ နှစ်ကြာ ပထမဆူဒန် ပြည်တွင်းစစ်နဲ့ ၂ဝဝ၅ ခုနှစ်မှ ၂၂ နှစ်ကြာ ဒုတိယပြည်တွင်းစစ်တို့ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အာဏာသိမ်းမှု ၁၅ ကြိမ်ရှိခဲ့ပြီး လူမျိုနွယ်အရေး တင်းမာမှု၊ ဘာသာရေးဆိုင်ရာအငြင်းပွားမှုနဲ့ ရွှေနဲ့ ရေနံထွက်ရှိ ရာတိုင်းပြည်မှာ သယံဇာတအရင်း အမြစ်များနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ပါတယ်။
ဘာသာရေးနောက်ခံကြောင့် ခရစ်ယာန်အများစု တောင်ဆူဒန်ဟာ ၂ဝ၁၃ ခုနှစ်မှာ သီးခြားခွဲထွက်ခဲ့ပါတယ်။ လူပေါင်း ၁ ဒသမ ၅ သန်းသေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်များအပြင် တောင်ဆူဒန်ခွဲထွက်ခြင်းဟာ ယနေ့တိုင် အုပ်ချုပ် ရေး-နိုင်ငံရေးမှာ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသပဋိပက္ခမှာ လူ ပေါင်း ၃ သိန်းသေဆုံးပြီး၊ ၂ ဒသမ ၇ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဆူဒန်ရဲ့ သက်ဆိုးရှည်ပဋိပက္ခမှာ အမေရိကန်-ရုရှားသာမက အိမ်နီးချင်း (၇)နိုင်ငံအနက် ၅ နိုင်ငံက အတိအလင်း ပါဝင်ပတ်သက်နေပါတယ်။
တကယ်တော့ ဆူဒန်လျှပ်ပြက်ထောက်ပံ့ရေး အရံတပ် RSF ဆိုတာ တစ်ချိန်က ဆူဒန်လူသန်ကြီး သမ္မတအို မာအယ်လ်ဘာရှီယာ မွေးထုတ်ခဲ့တဲ့ ခါးပိုက်ဆောင်တပ်ဖြစ်ပြီး ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံမှ အာဖရိကန်မျိုး နွယ် ပြည်သူ့စစ်များ၊ ဒေသန္တရစစ်ဘုရင်ငယ်များနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ရွှေသတ္ထုထွက်ရှိရာ ဒါဖာဒေသ ကို ခြေကုပ်ယူရင်း အင်အားကြီးထွားလာပြီး အစုအပုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ လုယက်နှိပ် စက်ခြင်းနဲ့ ကျေးရွာများ ဖျက်ဆီးခြင်းတို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC မှာ တိုင်ကြားခံထား ရပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၈၃ ရက် အလွန်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ဆန့်ကျင်မှုရဲ့ဦးတည်ချက်ဟာ အဲ့ဒီအချိန် ဖဆပလအစိုးရ ဖြတ်ချရေးဖြစ်ပြီး၊ သောင်းကျန်းမှုများကို နှိမ်နင်းတဲ့ စစ်တပ်ဟာ လက်ကိုင်အဖွဲ့အားလုံးရဲ့ ဘုံပစ်မှတ်အဖြစ် ရောက်မှန်းမသိ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရခြင်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ဒေသတွင်း နိုင်ငံများရဲ့ သြဇာလွှမ်းမိုးရေး စွက်ဖက်မှုလည်း မလွဲမသွေ ပါဝင်နေတတ်တာကို ပြည်တွင်းစစ် ကမ္ဘာ့သက် တမ်းအရှည်ဆုံး ကျွန်တော်တို့နိုင်ငံနေသူအတွက် သတိပြုစရာကောင်းလှပါတယ်။ အထူးသဖြင့် သမ္မတ ဦးသိန်း စိန် လက်ထက် ၂ဝ၁၅ ခုနှစ် အမျိုးသားအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) အပြီး တစ်ခု တည်းသော တပ်မတော်အဖြစ် ဖွဲ့စည်းရေးမှာ နယ်ခြားစောင့်တပ် BGFs အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ EAOs တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ရဲ့ ရပ်တည်ချက်ဟာ ဆူဒန်နဲ့ အလွန်တူပါတယ်။
ဆူဒန်နည်းတူ မြန်မာတိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း သူတို့ဖာသာ သတ်မှတ်မှုဟာ တစ်ခုနဲ့ တစ်ခုထပ်နေပြီး အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေရပါတယ်။ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ တစ်ချိန်က လက်နက်ကိုင်ဆန့်ကျင်ရေးအဖွဲ့ပေါင်း ၁ဝဝ ကျော်ရှိရာက ၂ဝ၂၁ ဖေဖော်ဝါရီလနောက်ပိုင်း PDFs အဖွဲ့ပေါင်း ၂၇ဝ ကျော် ထပ်တိုးလာပါတယ်။ နောက်တိုးအဖွဲ့များမှာ ဗိုလ်ရာထူးခံ ယူသူ အလွန်များပြီး သူတို့ရဲ့ သစ္စာခံမှုဟာ NUG ဟုတ်-မဟုတ် သေချာခြင်း မရှိပါဘူး။ အလားတူ စစ်တပ်ကို အပြုတ် တိုက်ရေးကြွေးကြော်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အချို့တို့ဟာ အမေရိကန်နဲ့ အနောက်အုပ်စုက မျက်နှာသာပေးနေတဲ့ NUG သာ အစိုးရဖြစ်လျှင် သူတို့ရဲ့ ရာထူးနဲ့ သမိုင်းစဉ်လာကို ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ယခုတိုင် ဖော်ပြခြင်း မတွေ့ရပါဘူး။
ဒါပေမဲ့ နျူလက်နက်ပိုင်ရှင် ကမ္ဘာ့လူဦးရေအများဆုံးနဲ့ နိုင်ငံတကာစစ်အင်အား အဆင့် ၃ နဲ့ ၄ တရုတ်နဲ့ အိန္ဒိယ အကြား ရောက်ရှိနေတဲ့ မြန်မာဟာ ဆူဒန်နဲ့ မတူတဲ့ အားသာချက်ဖြစ်နေပါတယ်။ မြန်မာ နိုင်ငံအတွင်းလက်နက် ကိုင်ပဋိပက္ခကြီးထွားလာအောင် ( ဆိုပါစို့ အမေရိကန်နဲ့ အနောက် အုပ်စုက) ဖန်တီးလာသည့်တိုင် သူတို့ဆီကူး စက်လာနိုင်တဲ့အတွက် ဘာဘူနဲ့ ပေါက်ဖော်တို့က လက်ပိုက်ကြည့်နေကြလိမ့်မယ် မထင်ပါဘူး။
ယခုရက်ပိုင်းအတွင်း မြန်မာပြည်နဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံမှ အဆင့်မြင့် ပုဂ္ဂိုလ်များ လာရောက်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းဟာ အဲဒီ “အသက်ရှူပေါက်” ရှိနေသေးကြောင်း ညွှန်ပြနေပါတယ်။ ။သတင်း ဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။))
(NYT., 03 May 2023,” How U.S. Efforts to Guide Sudan to Democracy Ended in War” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
ဝါရွင္တန္၏ ဆူဒန္ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ျပန္လည္ေရာက္ရွိေရး စစ္ပြဲျဖင့္ အဆုံးသတ္
Htay Oung (NP News) - ေမ ၆
မၾကာေသးခင္ ရက္သတၱပတ္မ်ားအထိေအာင္ပဲ ဆူဒန္ႏိုင္ငံအေနနဲ႔ သူတို႔ရဲ႕စစ္အာဏာရွင္စနစ္မွ ၿပီးျပည့္စုံတဲ့ ဒီမိုကေရစီႏိုင္ငံအျဖစ္ အသြင္ကူးေျပာင္းေစဖို႔ သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြ ရရွိကာနီးၿပီလို႔ အေမရိကန္သံတမန္မ်ားက ထင္ျမင္ခဲ့ၾကပါတယ္။ အဲဒီ သေဘာတူညီခ်က္ဟာ ၂ဝ၁၉ ခုႏွစ္ ဆူဒန္ေတာ္လွန္ေရး ေမွ်ာ္လင့္ခ်က္နဲ႔ အလားအလာမ်ားကို ေပးစြမ္းႏိုင္မယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။ ဆူဒန္ဟာ ကမာၻတစ္ဝွမ္း ဒီမိုကေရစီခိုင္မာအားေကာင္းလာေစေရး သမၼတ ဘိုင္ဒန္ရဲ႕ အဓိကႏိုင္ငံျခားေရးမူဝါဒ ရည္မွန္းခ်က္မွာ အေရးႀကီးတဲ့ စမ္း သပ္မႈတစ္ခု ျဖစ္လာခဲ့ပါတယ္။ အက်င့္ပ်က္ျခစားတဲ့ ေခါင္းေဆာင္မ်ားကို အားနည္းေစၿပီး တ႐ုတ္၊ ႐ုရွားနဲ႔ ဘိုင္ ဒင္ရဲ႕ အျမင္အရ အျခားအာဏာရွင္ျဖစ္သူတို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ဆန႔္က်င္ရာမွာ စံနမူနာ ျဖစ္လာလိမ့္မယ္လို႔ အိမ္ျဖဴေတာ္က မွတ္ယူခဲ့ၾကေၾကာင္း New York Times (NYT) က ေမလ ၅ ရက္ကေရးသားပါတယ္။
ဆူဒန္လို ျပည္တြင္းစစ္ အစြန္းတစ္ဖက္ဆီကို အေလးသာေနတဲ့ႏိုင္ငံမွာ အေမရိကန္အစိုးရရဲ႕ ခ်ဥ္းကပ္မႈဟာ ေဝဖန္မႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဆူဒန္ရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ အရွိန္ျမႇင့္တင္ေရး ညႇိႏႈိင္းမႈမ်ားမွာ အေမရိကန္သံတမန္မ်ားကိုယ္တိုင္ ပါ၀င္ခဲ့ေပမဲ့ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားလာတဲ့အတြက္ သံ႐ုံးကို ပိတ္ပစ္ၿပီး ကိုယ္လြတ္႐ုန္းထြက္ေျပးရျခင္းနဲ႔ အဆုံးသတ္ခဲ့ရပါတယ္။
အရပ္သားေခါင္းေဆာင္မ်ားကို မ်က္ႏွာသာေပးရမယ့္အစား ၂ဝ၂၁ ခုႏွစ္ စစ္အာဏာသိမ္းမႈမွာ ပါဝင္ခဲ့သူ ဆူဒန္ၿပိဳင္ဘက္ဗိုလ္ခ်ဳပ္ႀကီး ႏွစ္ဦးနဲ႔ လက္တြဲလုပ္ဖို႔သာ ဘိုင္ဒန္က စိတ္ဝင္စားခဲ့ပါတယ္။ အျခားႏိုင္ငံမ်ားရဲ႕ ဒီမိုကေရစီခံႏိုင္ရည္ရွိေရး တြန္းအားေပးရာမွာ အေမရိကန္ရဲ႕ ခ်ဥ္းကပ္ပုံဟာ ေဝဖန္စရာျဖစ္ေနပါတယ္။ ဆူဒန္ရဲ႕ အၾကမ္းဖက္မႈမ်ားဟာ ႐ုရွားတို႔လို သက္ဦးဆံပိုင္အာဏာရွင္မ်ားက ပါဝါလစ္ဟာမႈအေပၚ အျမတ္ထုတ္ႏိုင္တဲ့ အႏၲရာယ္ရွိေၾကာင္း သတိေပးေနတဲ့ၾကားက ယခုလို ျဖစ္ခဲ့ရပါတယ္။
၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ စတင္ျဖစ္ပြားတဲ့ ဆူဒန္ႏိုင္ငံ အသြင္ကူးေျပာင္းမႈ ေတာ္လွန္ေရးဟာ လမ္းမေပၚ အစုအပုံလိုက္လူသတ္ပြဲမ်ားျဖစ္ေပၚခဲ့ပါတယ္။ ႏွစ္ ၃ဝ ၾကာအုပ္ခ်ဳပ္ခဲ့သူ သမၼတ အိုမာအယ္လ္ဘာရွီယာကို ျဖဳတ္ခ်ၿပီး အသြင္ကူးေျပာင္းေရး စစ္ေကာင္စီ TMC က ၂ဝ၁၉ ခုႏွစ္ ေအာက္တို ဘာလမွာ အာဏာလႊဲေျပာင္းရယူခဲ့ပါတယ္။ TMC ဟာ စစ္ဘက္-အရပ္ဘက္ စုေပါင္းပါဝင္တဲ့ ႏိုင္ငံေတာ္ေကာင္စီနဲ႔ အရပ္သားဝန္ႀကီးခ်ဳပ္ အရပ္သား အစိုးရအဖြဲ႕ဝင္ထံ အုပ္ခ်ဳပ္ေရး-တရားစီရင္ေရးအာဏာကို တရားဝင္လႊဲေျပာင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရး အေခ်အတင္ျငင္းခုံမႈမ်ား ဆက္လက္တည္ရွိ ေနၿပီး အၾကမ္းဖက္မႈမ်ားဟာ ဆူဒန္ရဲ႕ ဒီမိုကေရစီအ သြင္ကူးေျပာင္းေရးအေပၚ ၿခိမ္းေျခာက္မႈမ်ား ရွိေနခဲ့ပါတယ္။ အိမ္နီးခ်င္း လစ္ဗ်ား၊ အီဂ်စ္၊ တူနီးရွားႏိုင္ငံတို႔ရဲ႕ (“အာရပ္ေႏြဦးေတာ္လွန္ေရး“ အၿပီး) အေျခအေနမ်ားအပါအ၀င္ အာဖရိကေျမာက္ပိုင္း ႏိုင္ငံမ်ားရဲ႕ အျခားဒီမိုက ေရစီေရး စိတ္ပ်က္စရာမ်ားနဲ႔အတူ ဆူဒန္မွာ ဆုတ္ယုတ္မႈမ်ား ေပၚလာရတယ္လို႔ အာဖရိက ဦးခ်ိဳေဒသဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း ဂ်က္ဖရီဖဲလ္မန္းက ေထာက္ျပပါတယ္။ TMC ဒုတိယ ဥကၠ႒ ဆူဒန္တပ္မေတာ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး အဗၺဒဲလ္အယ္လ္ဘာဟန္က အာဏာကို လက္ဝါးႀကီးအုပ္ထားတယ္လို႔ သုံးသပ္ၾကပါတယ္။
၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ဆူဒန္မွာ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ အေမရိကန္က ဆူဒန္အစိုးရရဲ႕ တိုက္႐ိုက္အကူအညီ အေမရိကန္ေဒၚလာ သန္း (၇ဝဝ)ကို ထိန္းခ်ဳပ္လိုက္ၿပီး ေႂကြးၿမီသက္သာခြင့္ကိုလည္း ဆိုင္းငံ့ခဲ့ပါတယ္။ ကမာၻ႔ဘဏ္နဲ႔ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕တို႔က လက္ငင္းအကူအညီ အေမရိကန္ေဒၚလာ ၆ ဘီလ်ံနဲ႔ ဘီလ်ံ ၅ဝ ေခ်းငွားဖို႔ကိစၥကို ရပ္ဆိုင္းလိုက္ပါတယ္။ အျခားႏိုင္ငံတကာအစိုးရမ်ားနဲ႔ အဖြဲ႕အစည္းေတြက လည္း အလားတူလုပ္ေဆာင္ခဲ့ပါတယ္။ ဆူဒန္အာဏာသိမ္းေခါင္းေဆာင္မ်ား၊ စစ္ဗိုလ္ခ်ဳပ္မ်ား၊ အႀကီးတန္း အဖြဲ႕ဝင္မ်ား၊ သူတို႔နဲ႔ ဆက္ႏြယ္သူမ်ားအေပၚ ျပစ္ဒဏ္ခတ္ရန္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က ေတာင္း ဆိုခဲ့ၿပီး ဘိုင္ဒင္အစိုးရကို ဖိအားေပးခဲ့ပါတယ္။ ဒါေပမဲ့ အဲ့ဒီလို ထိပ္တိုက္ေတြ႕မယ့္အစား ဆူဒန္လွ်ပ္တျပက္ ေထာက္ပံ့ေရးအရံတပ္ (RSF) မွ ဗိုလ္ခ်ဳပ္ႀကီး မိုဟာမက္ဟမ္ဒမ္ဒါဂါလိုနဲ႔ လက္တြဲေဆာင္႐ြက္ဖို႔ အေမရိကန္ သံတမန္ေတြက ဆုံးျဖတ္ခဲ့ပါတယ္။
ဆူဒန္အရပ္သားအုပ္ခ်ဳပ္ေရး အသြင္ကူးေျပာင္းမႈ ျဖစ္ေျမာက္ရန္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ ကုလ သမဂၢ၊ အာဖရိကသမဂၢနဲ႔ ေဒသဆိုင္ရာအစုအဖြဲ႕တို႔က ၾကားဝင္ေစ့စပ္ေပးခဲ့ေပမဲ့ အေရးပါတဲ့ ျပႆနာမ်ားကို ေျဖရွင္းဖို႔ က်န္ရွိေနပါေသးတယ္။ သေဘာကြဲလြဲမႈမ်ားကို ေပါင္းကူးေရး လုပ္ငန္းစဥ္မွာ အေမရိကန္၊ ေဆာ္ဒီအာေရးဗ်၊ ၿဗိတိန္နဲ႔ အာရပ္ေစာ္ဘြားမ်ားအပါအဝင္ ျပည္ပအင္အားႀကီးႏိုင္ငံမ်ားက တက္တက္ႂကြႂကြ ေဆာင္႐ြက္ခဲ့ၾကပါတယ္။
အရပ္သားအုပ္ခ်ဳပ္ေရးပုံစံေျပာင္းလဲရန္ အခက္အခဲမရွိေပမဲ့ ႏိုင္ငံေရးအျငင္းပြားမႈမ်ားရဲ႕ အဓိကအ ခ်က္မွာ RSF ကို စစ္တပ္ထဲသို႔ ေပါင္းစည္းေရးျဖစ္ပါတယ္။ အဲဒီအတြက္ ၁ဝ ႏွစ္ အခ်ိန္ေပးရန္ အရံတပ္ေခါင္းေဆာင္ ဒါဂါလိုကေတာင္းဆိုခဲ့ၿပီး စစ္တပ္ေခါင္းေဆာင္ ဘာဟန္က (၂)ႏွစ္အတြင္းေပါင္း စည္းရန္ ရပ္တည္ခဲ့ပါတယ္။ အနာဂတ္တပ္မေတာ္မွာ RSF အရာရွိမ်ားရဲ႕ ရာထူးအဆင္၊့ RSF တပ္မ်ားအေနနဲ႔ လက္ရွိဆူဒန္စစ္ဦးစီးခ်ဳပ္ရဲ႕ ကြပ္ကဲမႈေအာက္မွာ ထား-မထား၊ တပ္မေတာ္နဲ႔ အရံတပ္တို႔က ထိန္းခ်ဳပ္ထားတဲ့ ဆူဒန္စီးပြားေရးက႑ေတြအေပၚ အခြင့္အာဏာကိစၥေတြမွာ ဘာဟန္နဲ႔ ဒါဂါလိုတို႔အၾကား ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။
ေစ့စပ္ညႇိႏႈိင္းမႈေတြ တိုးတက္လာသည္ႏွင့္အမွ် ဗိုလ္ခ်ဳပ္ႀကီးႏွစ္ဦးၾကား အျမင္ကြာဟခ်က္က တျဖည္း ျဖည္း ႀကီးထြားလာၿပီး ႏွစ္ဖက္စလုံးမွ စစ္အင္အားျဖည့္တင္းမႈေတြဟာ ခါတြန္ၿမိဳ႕အတြင္း စတင္ဝင္ေရာက္လာ ခဲ့ၾက ပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၁၂ ရက္မွာ (ဝါရွင္တန္က ဦးစားေပးခ်ဥ္းကပ္ခဲ့တဲ့) ဗိုလ္ခ်ဳပ္ႀကီး ဒါဂါလိုရဲ႕ ဆူဒန္အရံတပ္ RSF တပ္ေတြက ခါတြန္ၿမိဳ႕ ေျမာက္ဘက္ မိုင္ ၂ဝဝ ခန္႔အကြာရွိ ေလတပ္အေျခစိုက္စခန္းကို သိမ္းပိုက္လိုက္ၿပီး တိုက္ပြဲစတင္ၿပီျဖစ္ေၾကာင္း လူသိရွင္ၾကား ျပသလိုက္ပါတယ္။ ေနာက္ (၃)ရက္အၾကာမွာေတာ့ ခါတြန္ၿမိဳ႕အႏွံ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ပါတယ္၊
(အာရပ္နဲ႔ အာဖရိကန္လူမ်ိဳးႏြယ္မ်ား ေရာေႏွာေနထိုင္တဲ့ ဆူဒန္ႏိုင္ငံရဲ႕ အတိတ္သမိုင္း၊ ပထဝီႏိုင္ငံ ေရးအရ အေရးပါမႈ၊ အဖိုးတန္သယံဇာတ က်ိန္စာသင့္ျခင္းနဲ႔ လူမ်ိဳးေရးေနာက္ခံ ႏိုင္ငံေရး စိတ္၀မ္းကြဲမႈေတြဟာ ကြၽန္ ေတာ္တို႔ ျမန္မာႏိုင္ငံနဲ႔ အလြန္တူညီတဲ့အခ်က္မ်ား ရွိေနပါတယ္။ လက္နက္ကိုင္အုပ္စုခ်င္း အားၿပိဳင္မႈက ဒုတိ ယဆူဒန္အျဖစ္တြန္းပို႔ၿပီး မဆုံးႏိုင္တဲ့ ျပည္တြင္းစစ္ဝဲဂယက္မွာ တဝဲလယ္လယ္ ျဖစ္ေနမွာလားလို႔ စိုးရိမ္စရာ ရွိပါတယ္။
ဆူဒန္ဟာ ကမာၻ႔ကုန္သြယ္ေရေၾကာင္းမွာ အေရးပါဆုံးျဖစ္တဲ့ စူးအက္တူးေျမာင္းထြက္ေပါက္ ပင္လယ္နီကို ေမး တင္လွ်က္ရွိပါတယ္။ ဒီအတြက္ ကမာၻ႔အင္အားႀကီးႏိုင္ငံတို႔ရဲ႕ က်ဳးေက်ာ္စစ္၊ ခုခံစစ္ပြဲမ်ားနဲ႔ ကိုလိုနီျပဳျခင္းခံရၿပီး ၁၉၅၆ ခုႏွစ္မွာ အီဂ်စ္-ၿဗိတိသွ်တို႔ထံမွ လြတ္လပ္ေရး ရရွိခဲ့ပါတယ္။ ၁၉၅၅ ခုႏွစ္မွ ၁၇ ႏွစ္ၾကာ ပထမဆူဒန္ ျပည္တြင္းစစ္နဲ႔ ၂ဝဝ၅ ခုႏွစ္မွ ၂၂ ႏွစ္ၾကာ ဒုတိယျပည္တြင္းစစ္တို႔ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း စစ္အာဏာသိမ္းမႈ ၁၅ ႀကိမ္ရွိခဲ့ၿပီး လူမ်ိဳႏြယ္အေရး တင္းမာမႈ၊ ဘာသာေရးဆိုင္ရာအျငင္းပြားမႈနဲ႔ ေ႐ႊနဲ႔ ေရနံထြက္ရွိ ရာတိုင္းျပည္မွာ သယံဇာတအရင္း အျမစ္မ်ားနဲ႔ ပတ္သက္ၿပီး ၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္ခဲ့ပါတယ္။
ဘာသာေရးေနာက္ခံေၾကာင့္ ခရစ္ယာန္အမ်ားစု ေတာင္ဆူဒန္ဟာ ၂ဝ၁၃ ခုႏွစ္မွာ သီးျခားခြဲထြက္ခဲ့ပါတယ္။ လူေပါင္း ၁ ဒသမ ၅ သန္းေသဆုံးခဲ့ရတဲ့ ျပည္တြင္းစစ္မ်ားအျပင္ ေတာင္ဆူဒန္ခြဲထြက္ျခင္းဟာ ယေန႔တိုင္ အုပ္ခ်ဳပ္ ေရး-ႏိုင္ငံေရးမွာ ျပင္းျပင္းထန္ထန္ ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ ႏိုင္ငံအေနာက္ပိုင္း ဒါဖာေဒသပဋိပကၡမွာ လူ ေပါင္း ၃ သိန္းေသဆုံးၿပီး၊ ၂ ဒသမ ၇ သန္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရပါတယ္။ ဆူဒန္ရဲ႕ သက္ဆိုးရွည္ပဋိပကၡမွာ အေမရိကန္-႐ုရွားသာမက အိမ္နီးခ်င္း (၇)ႏိုင္ငံအနက္ ၅ ႏိုင္ငံက အတိအလင္း ပါဝင္ပတ္သက္ေနပါတယ္။
တကယ္ေတာ့ ဆူဒန္လွ်ပ္ျပက္ေထာက္ပံ့ေရး အရံတပ္ RSF ဆိုတာ တစ္ခ်ိန္က ဆူဒန္လူသန္ႀကီး သမၼတအို မာအယ္လ္ဘာရွီယာ ေမြးထုတ္ခဲ့တဲ့ ခါးပိုက္ေဆာင္တပ္ျဖစ္ၿပီး ျပည္တြင္းနဲ႔ အိမ္နီးခ်င္းႏိုင္ငံမွ အာဖရိကန္မ်ိဳး ႏြယ္ ျပည္သူ႔စစ္မ်ား၊ ေဒသႏၲရစစ္ဘုရင္ငယ္မ်ားနဲ႔ ဖြဲ႕စည္းထားျခင္း ျဖစ္ပါတယ္။ ေ႐ႊသတၳဳထြက္ရွိရာ ဒါဖာေဒသ ကို ေျခကုပ္ယူရင္း အင္အားႀကီးထြားလာၿပီး အစုအပုံလိုက္ သတ္ျဖတ္ျခင္း၊ အုပ္စုဖြဲ႕ မုဒိန္းက်င့္ျခင္း၊ လုယက္ႏွိပ္ စက္ျခင္းနဲ႔ ေက်း႐ြာမ်ား ဖ်က္ဆီးျခင္းတို႔အတြက္ အျပည္ျပည္ဆိုင္ရာ ရာဇ၀တ္ခုံ႐ုံး ICC မွာ တိုင္ၾကားခံထား ရပါတယ္။
၁၉၄၈ ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရွိၿပီး ၈၃ ရက္ အလြန္မွာ ေပၚေပါက္ခဲ့တဲ့ ျပည္တြင္းလက္နက္ကိုင္ ဆန္႔က်င္မႈရဲ႕ဦးတည္ခ်က္ဟာ အဲ့ဒီအခ်ိန္ ဖဆပလအစိုးရ ျဖတ္ခ်ေရးျဖစ္ၿပီး၊ ေသာင္းက်န္းမႈမ်ားကို ႏွိမ္နင္းတဲ့ စစ္တပ္ဟာ လက္ကိုင္အဖြဲ႕အားလုံးရဲ႕ ဘုံပစ္မွတ္အျဖစ္ ေရာက္မွန္းမသိ ေရာက္ရွိသြားခဲ့ပါတယ္။ တကယ္ေတာ့ ႏိုင္ငံတစ္ႏိုင္ငံအတြင္း လက္နက္ကိုင္ပဋိပကၡ သက္ဆိုးရွည္ရျခင္းမွာ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားနဲ႔ ေဒသတြင္း ႏိုင္ငံမ်ားရဲ႕ ၾသဇာလႊမ္းမိုးေရး စြက္ဖက္မႈလည္း မလြဲမေသြ ပါဝင္ေနတတ္တာကို ျပည္တြင္းစစ္ ကမာၻ႔သက္ တမ္းအရွည္ဆုံး ကြၽန္ေတာ္တို႔ႏိုင္ငံေနသူအတြက္ သတိျပဳစရာေကာင္းလွပါတယ္။ အထူးသျဖင့္ သမၼတ ဦးသိန္း စိန္ လက္ထက္ ၂ဝ၁၅ ခုႏွစ္ အမ်ိဳးသားအဆင့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ (NCA) အၿပီး တစ္ခု တည္းေသာ တပ္မေတာ္အျဖစ္ ဖြဲ႕စည္းေရးမွာ နယ္ျခားေစာင့္တပ္ BGFs အျဖစ္ အသြင္ေျပာင္းဖို႔ ျငင္းဆန္ေနတဲ့ EAOs တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ရဲ႕ ရပ္တည္ခ်က္ဟာ ဆူဒန္နဲ႔ အလြန္တူပါတယ္။
ဆူဒန္နည္းတူ ျမန္မာတိုင္းရင္းသား လက္နက္ကိုင္တို႔ရဲ႕ နယ္ေျမပိုင္ဆိုင္ေၾကာင္း သူတို႔ဖာသာ သတ္မွတ္မႈဟာ တစ္ခုနဲ႔ တစ္ခုထပ္ေနၿပီး အခ်င္းခ်င္း တိုက္ပြဲမ်ား ျဖစ္ပြားေနရပါတယ္။ တိုင္းရင္းသား မ်ိဳးႏြယ္ေပါင္း ၁၃ဝ ေက်ာ္ရွိတဲ့ ျမန္မာႏိုင္ငံဟာ တစ္ခ်ိန္က လက္နက္ကိုင္ဆန္႔က်င္ေရးအဖြဲ႕ေပါင္း ၁ဝဝ ေက်ာ္ရွိရာက ၂ဝ၂၁ ေဖေဖာ္ဝါရီလေနာက္ပိုင္း PDFs အဖြဲ႕ေပါင္း ၂၇ဝ ေက်ာ္ ထပ္တိုးလာပါတယ္။ ေနာက္တိုးအဖြဲ႕မ်ားမွာ ဗိုလ္ရာထူးခံ ယူသူ အလြန္မ်ားၿပီး သူတို႔ရဲ႕ သစၥာခံမႈဟာ NUG ဟုတ္-မဟုတ္ ေသခ်ာျခင္း မရွိပါဘူး။ အလားတူ စစ္တပ္ကို အျပဳတ္ တိုက္ေရးေႂကြးေၾကာ္ေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္အခ်ိဳ႕တို႔ဟာ အေမရိကန္နဲ႔ အေနာက္အုပ္စုက မ်က္ႏွာသာေပးေနတဲ့ NUG သာ အစိုးရျဖစ္လွ်င္ သူတို႔ရဲ႕ ရာထူးနဲ႔ သမိုင္းစဥ္လာကို ဘယ္လိုဆုံးျဖတ္မယ္ဆိုတာ ယခုတိုင္ ေဖာ္ျပျခင္း မေတြ႕ရပါဘူး။
ဒါေပမဲ့ န်ဴလက္နက္ပိုင္ရွင္ ကမာၻ႔လူဦးေရအမ်ားဆုံးနဲ႔ ႏိုင္ငံတကာစစ္အင္အား အဆင့္ ၃ နဲ႔ ၄ တ႐ုတ္နဲ႔ အိႏၵိယ အၾကား ေရာက္ရွိေနတဲ့ ျမန္မာဟာ ဆူဒန္နဲ႔ မတူတဲ့ အားသာခ်က္ျဖစ္ေနပါတယ္။ ျမန္မာ ႏိုင္ငံအတြင္းလက္နက္ ကိုင္ပဋိပကၡႀကီးထြားလာေအာင္ ( ဆိုပါစို႔ အေမရိကန္နဲ႔ အေနာက္ အုပ္စုက) ဖန္တီးလာသည့္တိုင္ သူတို႔ဆီကူး စက္လာႏိုင္တဲ့အတြက္ ဘာဘူနဲ႔ ေပါက္ေဖာ္တို႔က လက္ပိုက္ၾကည့္ေနၾကလိမ့္မယ္ မထင္ပါဘူး။
ယခုရက္ပိုင္းအတြင္း ျမန္မာျပည္နဲ႔ ပတ္သက္လို႔ အိမ္နီးခ်င္းႏိုင္ငံမွ အဆင့္ျမင့္ ပုဂၢိဳလ္မ်ား လာေရာက္ျခင္း၊ ေဆြးေႏြးပြဲမ်ား က်င္းပျခင္းဟာ အဲဒီ “အသက္ရႉေပါက္” ရွိေနေသးေၾကာင္း ၫႊန္ျပေနပါတယ္။ ။သတင္း ဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။))
(NYT., 03 May 2023,” How U.S. Efforts to Guide Sudan to Democracy Ended in War” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်လမ်းသွားလာရေးခက်ခဲသည့် ဒေသများကို လေကြောင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရန် တပ်ချုပ်မှာကြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ