ကုန်လမ်းသွားလာရေးခက်ခဲသည့် ဒေသများကို လေကြောင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရန် တပ်ချုပ်မှာကြား
ယွန်း (NP News) - မေ ၆
ကုန်လမ်းသွားလာရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရန် နစကဥက္ကဋ္ဌက မှာကြားပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ(၅)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သော ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တပ်ချုပ်က “ကုန်လမ်းသွားလာရေး ခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေးကို ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း”ပြောကြားထားခြင်းဖြစ်သည်။
ထို့ပြင် နယ်စပ်ဒေသများအတွက် ဆက်သွယ်ရေးသည် အဓိကကျသောကြောင့် မဖြစ်မနေ ဆက်သွယ်မှုရရှိအောင်ဆောင်ရွက်ပေးရေးကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်းသိရသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးကို ဆက်သွယ်မှုရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တပ်ချုပ်မှ တိုက် တွန်းပြောဆိုထားသည်။
အလားတူ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိ ကျောင်းများ၊ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင် းမွန်ရေးကို ဦးစားပေးဆောင်ရွက်ရန် ၎င်းမှ အသိပေးပြောဆိုခဲ့သည်။
ထို့ပြင် သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာပြည့်စုံရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ကုန္လမ္းသြားလာေရးခက္ခဲသည့္ ေဒသမ်ားကို ေလေၾကာင္းႏွင့္ ေရေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ေျပးဆြဲရန္ တပ္ခ်ဳပ္မွာၾကား
ယြန္း (NP News) - ေမ ၆
ကုန္လမ္းသြားလာေရးခက္ခဲသည့္ ေနရာေဒသမ်ားသို႔ ေလေၾကာင္းလိုင္းႏွင့္ ေရေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ေျပးဆြဲရန္ နစကဥကၠ႒က မွာၾကားေျပာဆိုထားသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမလ(၅)ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပခဲ့ေသာ ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
အစည္းအေဝးတြင္ တပ္ခ်ဳပ္က “ကုန္လမ္းသြားလာေရး ခက္ခဲသည့္ ေနရာေဒသမ်ားသို႔ ေလေၾကာင္းလိုင္းႏွင့္ ေရေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ေျပးဆြဲႏိုင္ေရးကို ေဆာင္႐ြက္ေပးသြားရန္ လိုအပ္ေၾကာင္း”ေျပာၾကားထားျခင္းျဖစ္သည္။
ထို႔ျပင္ နယ္စပ္ေဒသမ်ားအတြက္ ဆက္သြယ္ေရးသည္ အဓိကက်ေသာေၾကာင့္ မျဖစ္မေန ဆက္သြယ္မႈရရွိေအာင္ေဆာင္႐ြက္ေပးေရးကိုလည္း ထည့္သြင္းေျပာဆိုခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ တစ္ႏိုင္ငံလုံးကို ဆက္သြယ္မႈရရွိေအာင္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္မွ တိုက္ တြန္းေျပာဆိုထားသည္။
အလားတူ နယ္စပ္ေဒသႏွင့္ ေက်းလက္ေဒသမ်ားရွိ ေက်ာင္းမ်ား၊ အေဆာက္အအုံႏွင့္ ဥပဓိ႐ုပ္ေကာင္ းမြန္ေရးကို ဦးစားေပးေဆာင္႐ြက္ရန္ ၎မွ အသိေပးေျပာဆိုခဲ့သည္။
ထို႔ျပင္ သင္ေထာက္ကူပစၥည္းမ်ားႏွင့္ ဝန္ထမ္းေရးရာျပည့္စုံေရးကိုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနႏွင့္ ေပါင္းစပ္ညႇိႏႈိင္း၍ ျဖည့္ဆည္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတဟာ အနောက်အုပ်စုရဲ့ရုပ်သေးရုပ် နဲ့ လက်ကိုင်တုတ်ဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း