Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကို တွန်းလှန်နိုင်ဖို့အတွက် ထိုင်ဝမ်က စစ်မှုမထမ်းမနေရ အစီအစဉ်ကို ၄ လ မှ ၁ နှစ် သက်တမ်းတိုးမယ်

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇

ထိုင်ဝမ်ဟာ စစ်မှုမထမ်းမနေရအစီအစဉ်ကို လက်ရှိ ၄ လမှ ၁ နှစ်ထိ သက်တမ်းတိုးမှာဖြစ် ကြောင်း ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ရဲ့ ရုံးဟာ အင်္ဂါနေ့ နံနက်က ကျွန်းရဲ့အရပ်ဘက်ကာကွယ်ရေးကို အားဖြည့်ဆွေးနွေးဖို့ အမျိုးသားလုံခြုံရေးအစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်မှုမထမ်းမနေရအစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့မှာ ကြေညာမှာဖြစ်ကြောင်း အတည်ပြုကာ စနစ်သစ်ဟာ ၂ဝ၂၄ ခုနှစ်မှာ စတင် အသက်ဝင်မှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့နှောင်းပိုင်းက အရပ်ဘက်ကာကွယ်ရေးအစီအမံများဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီနဲ့ အဓိကအတိုက်အခံ ကူမင်တန်တို့ လက်အောက်ရှိ ယခင်အစိုးရများဟာ စစ်မှုမထမ်းမနေရ အမျိုးသားများအတွက် တာဝန်ထမ်းဆောင်မှုကို နှစ်နှစ်မှ လေးလအထိ လျှော့ချခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ စစ်မှုထမ်းတပ်မှ ပရော်ဖက်ရှင်နယ် တပ်ဖွဲ့တစ်ခုသို့ တဖြည်းဖြည်း ပြောင်းလဲလာခြင်းဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဖြစ်လာနိုင်ပြီး၊ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်ရန်ကို ကာကွယ်ရန်ဖြစ်တယ်လို့ ယူဆရပါတယ်။ ပေကျင်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားတဲ့ ထိုင်ဝမ်ဟာ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့က တရုတ်လေတပ်မှ လေယာဉ်များ ကျွန်းရဲ့လေကြောင်းရန် ကာကွယ် ရေးသတ်မှတ်ဇုန်သို့ ကျုးကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်လေယာဉ် ၄၃ စင်းဟာ တရားဝင်မဟုတ်တဲ့ကြားခံများကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ တိုင်ပေသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် သြဂုတ်လလမှစ တရုတ်ဟာ ထိုင်ဝမ်အနီးမှာ စစ်ကစားမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပေကျင်းရဲ့အုပ်ချုပ်မှုကို လက်ခံဖို့ မကြာသေးမီနှစ်များအတွင်းက ထိုင်ဝမ်ကို ၎င်းရဲ့သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေးဖိအားများကို အရှိန်မြှင့်ခဲ့ပါတယ်။ ထိုင်ဝမ်အစိုးရကတော့ ထိုင်ဝမ်လူမျိုးများသာ ၎င်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး တိုက်ခိုက်ခံရပါက မိမိကိုယ်ကို ကာကွယ်သွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။

Zawgyi Version;

တ႐ုတ္ကို တြန္းလွန္ႏိုင္ဖို႔အတြက္ ထိုင္ဝမ္က စစ္မႈမထမ္းမေနရ အစီအစဥ္ကို ၄ လ မွ ၁ ႏွစ္ သက္တမ္းတိုးမယ္

ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၇

ထိုင္ဝမ္ဟာ စစ္မႈမထမ္းမေနရအစီအစဥ္ကို လက္ရွိ ၄ လမွ ၁ ႏွစ္ထိ သက္တမ္းတိုးမွာျဖစ္ ေၾကာင္း ဒီဇင္ဘာလ ၂၇ ရက္၊ အဂၤါေန႔မွာ ေၾကညာခဲ့ပါတယ္။

ထိုင္ဝမ္သမၼတဆိုင္အင္းဝမ္ရဲ႕ ႐ုံးဟာ အဂၤါေန႔ နံနက္က ကြၽန္းရဲ႕အရပ္ဘက္ကာကြယ္ေရးကို အားျဖည့္ေဆြးေႏြးဖို႔ အမ်ိဳးသားလုံၿခဳံေရးအစည္းအေဝး ေခၚယူခဲ့ၿပီး စစ္မႈမထမ္းမေနရ အစီအစဥ္ကို ဒီဇင္ဘာလ ၂၇ ရက္၊ အဂၤါေန႔မွာ ေၾကညာမွာျဖစ္ေၾကာင္း အတည္ျပဳကာ စနစ္သစ္ဟာ ၂ဝ၂၄ ခုႏွစ္မွာ စတင္ အသက္ဝင္မွာျဖစ္တယ္လို႔ ဒီဇင္ဘာလ ၂၆ ရက္၊ တနလၤာေန႔ေႏွာင္းပိုင္းက အရပ္ဘက္ကာကြယ္ေရးအစီအမံမ်ားဆိုင္ရာ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

လက္ရွိအာဏာရ ဒီမိုကရက္တစ္တိုးတက္ေရးပါတီနဲ႔ အဓိကအတိုက္အခံ ကူမင္တန္တို႔ လက္ေအာက္ရွိ ယခင္အစိုးရမ်ားဟာ စစ္မႈမထမ္းမေနရ အမ်ိဳးသားမ်ားအတြက္ တာဝန္ထမ္းေဆာင္မႈကို ႏွစ္ႏွစ္မွ ေလးလအထိ ေလွ်ာ့ခ်ခဲ့တာျဖစ္ပါတယ္။ ထိုင္ဝမ္ဟာ စစ္မႈထမ္းတပ္မွ ပေရာ္ဖက္ရွင္နယ္ တပ္ဖြဲ႕တစ္ခုသို႔ တျဖည္းျဖည္း ေျပာင္းလဲလာျခင္းဟာ ယူကရိန္းကို ႐ုရွားရဲ႕က်ဴးေက်ာ္မႈျဖစ္လာႏိုင္ၿပီး၊ ထိုင္ဝမ္ကို ပိုင္ဆိုင္တယ္လို႔ အခိုင္အမာဆိုထားတဲ့ တ႐ုတ္ရန္ကို ကာကြယ္ရန္ျဖစ္တယ္လို႔ ယူဆရပါတယ္။ ေပက်င္းရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ျငင္းဆိုထားတဲ့ ထိုင္ဝမ္ဟာ ဒီဇင္ဘာလ ၂၆ ရက္၊ တနလၤာေန႔က တ႐ုတ္ေလတပ္မွ ေလယာဥ္မ်ား ကြၽန္းရဲ႕ေလေၾကာင္းရန္ ကာကြယ္ ေရးသတ္မွတ္ဇုန္သို႔ က်ဳးေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္ေလယာဥ္ ၄၃ စင္းဟာ တရားဝင္မဟုတ္တဲ့ၾကားခံမ်ားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီေပလိုစီ တိုင္ေပသို႔ အလည္အပတ္သြားေရာက္ခဲ့ၿပီးေနာက္ ၾသဂုတ္လလမွစ တ႐ုတ္ဟာ ထိုင္ဝမ္အနီးမွာ စစ္ကစားမႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ေပက်င္းရဲ႕အုပ္ခ်ဳပ္မႈကို လက္ခံဖို႔ မၾကာေသးမီႏွစ္မ်ားအတြင္းက ထိုင္ဝမ္ကို ၎ရဲ႕သံတမန္ေရး၊ စစ္ေရးနဲ႔ စီးပြားေရးဖိအားမ်ားကို အရွိန္ျမႇင့္ခဲ့ပါတယ္။ ထိုင္ဝမ္အစိုးရကေတာ့ ထိုင္ဝမ္လူမ်ိဳးမ်ားသာ ၎တို႔ရဲ႕အနာဂတ္ကို ဆုံးျဖတ္ႏိုင္ၿပီး တိုက္ခိုက္ခံရပါက မိမိကိုယ္ကို ကာကြယ္သြားမွာျဖစ္ေၾကာင္း ကတိျပဳထားပါတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း(၁၉ဝဝ)ကျော်ကို လာမည့်နှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved