Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း(၁၉ဝဝ)ကျော်ကို လာမည့်နှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်

ယွန်း (NP News) - ဒီဇင်ဘာ ၂၇

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း၏ ပထမအဆင့်မှ အိမ်ခန်းပေါင်း (၁၉ဝဝ)ကျော်ကို လာမည့်နှစ်(၂ဝ၂၃)ခုနှစ် မတ်လတွင် အပြီးတည်ဆောက်နိုင်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၆)ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်စဉ် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင် လက်ရှိတည်ဆောက်နေသည့် အငှားအိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား၏ အချက်အချာကျသောနေရာတွင်ရှိပြီး နောင်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများသွားလာမှုတို့တွင် လွယ်ကူအဆင်ပြေနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါစီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦး (၁၉၃)လုံး၊ အိမ်ခန်းပေါင်း(၃၁ဝ၄)ခန်းရှိသည့်အနက် အဆောက်အဦ (၁၂၁)လုံး၊ အိမ်ခန်းပေါင်း (၁၉၃၆) လုံးကို လာမည့်(၂ဝ၂၃)ခုနှစ်၊ မတ်လတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

ထို့ပြင် ကျန်ရှိသည့် အဆောက်အဦး (၇၃)လုံးနှင့် အိမ်ခန်းပေါင်း(၁၁၆၈)ခန်းကိုလည်း အပိုင်းလိုက်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးနိုင်ရန် ဝန်ကြီးဌာနအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အသင်းချုပ်တို့မှ ပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောခဲ့သည်။

ယခုတည်ဆောက်နေသည့် အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့ရှိ ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အခက်အခဲများ ရှိသော်လည်း အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်မှ ဆိုသည်။


zawgyi version

ျပည္သူ႔အငွားအိမ္ရာ စီမံကိန္းမွ အိမ္ခန္းေပါင္း(၁၉ဝဝ)ေက်ာ္ကို လာမည့္ႏွစ္ မတ္လတြင္ အၿပီးတည္ေဆာက္သြားမည္

ယြန္း (NP News) - ဒီဇင္ဘာ ၂၇

ျပည္သူ႔အငွားအိမ္ရာ တည္ေဆာက္ေရး စီမံကိန္း၏ ပထမအဆင့္မွ အိမ္ခန္းေပါင္း (၁၉ဝဝ)ေက်ာ္ကို လာမည့္ႏွစ္(၂ဝ၂၃)ခုႏွစ္ မတ္လတြင္ အၿပီးတည္ေဆာက္ႏိုင္ရန္ ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ၿပီးခဲ့သည့္ ဒီဇင္ ဘာလ(၂၆)ရက္တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းရွိ ျပည္သူ႔အငွားအိမ္ရာ စီမံကိန္းသို႔ သြားေရာက္စဥ္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းတြင္ လက္ရွိတည္ေဆာက္ေနသည့္ အငွားအိမ္ရာစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕၏ အဓိကက်ေသာ အမွတ္(၂)လမ္းမႀကီးႏွင့္ အမွတ္(၇)လမ္းမႀကီးၾကား၏ အခ်က္အခ်ာက်ေသာေနရာတြင္ရွိၿပီး ေနာင္တြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ျပည္သူမ်ားသြားလာမႈတို႔တြင္ လြယ္ကူအဆင္ေျပႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။

အဆိုပါစီမံကိန္းသည္ ပထမအဆင့္အေနျဖင့္ အေဆာက္အဦး (၁၉၃)လုံး၊ အိမ္ခန္းေပါင္း(၃၁ဝ၄)ခန္းရွိသည့္အနက္ အေဆာက္အဦ (၁၂၁)လုံး၊ အိမ္ခန္းေပါင္း (၁၉၃၆) လုံးကို လာမည့္(၂ဝ၂၃)ခုႏွစ္၊ မတ္လတြင္ ၿပီးစီးေအာင္ ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ က်န္ရွိသည့္ အေဆာက္အဦး (၇၃)လုံးႏွင့္ အိမ္ခန္းေပါင္း(၁၁၆၈)ခန္းကိုလည္း အပိုင္းလိုက္ၿပီးစီးေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ စီမံကိန္းလုပ္ငန္းမ်ား သတ္မွတ္ခ်ိန္အမီၿပီးစီးႏိုင္ရန္ ဝန္ ႀကီးဌာနအပါအဝင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ အသင္းခ်ဳပ္တို႔မွ ပူးေပါင္းေဆာင္ ႐ြက္သြားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာခဲ့သည္။

ယခုတည္ေဆာက္ေနသည့္ အိမ္ရာစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူမ်ား ေနထိုင္ေရးအဆင္ေျပေစရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး အခက္အခဲမ်ား ရွိေသာ္လည္း ေအာင္ျမင္စြာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္မွ ဆိုသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် NDAA ဥပဒေပါ ဖော်ပြချက်များမှာ နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ တုံ့ပြန်ထားကြောင်း နစကဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved