သမ္မတပူတင်ကိုလုပ်ကြံဖို့ ယူကရိန်းတပ်ဖွဲ့တွေ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း ရုရှားအစိုးရပြော
ဂျန်ဇက် (NP News) - မေ ၄
ယူကရိန်းဟာ ရုရှားသမ္မတပူတင်ကို ဒရုန်းအသုံးပြုပြီး သတ်ဖြတ်လုပ်ကြံဖို့ ကြိုးပမ်းခဲ့ကြောင်း ရုရှားအစိုး ရက စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ သမ္မတပူတင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင် မြင်မှုမရခဲ့ကြောင်း ရုရှားအစိုးရ တာဝန်ရှိသူများကပြောပါတယ်။ ယူကရိန်းဟာ သမ္မတပူတင်ကိုလုပ်ကြံဖို့ ဒရုန်းနှစ်စီးအသုံးပြုခဲ့ပြီး အဲဒီဒရုန်းတွေဟာ ရုရှားသမ္မတရုံးနားကို ပျံသန်းရောက်ရှိလာခဲ့ပေမယ့်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့ကပြောပါတယ်။
ရုရှားအစိုးရအဖွဲ့က "ဒရုန်းနှစ်စင်းဟာ ရုရှားအစိုးရအဖွဲ့ရုံးရဲ့နား ပျံသန်းလာခဲ့တယ်။ ဒါပေမယ့်လည်း ရုရှားစစ်ဘက်နဲ့ အထူးတပ်ဖွဲ့တွေဟာ ရေဒါစနစ်ကိုအသုံးပြုပြီး ဒရုန်းမှာအသုံးပြုတဲ့ အီလက်ထရောနစ် ပစ္စည်းများကို လှုပ်ရှားလို့မရအောင် လုပ်နိုင်ခဲ့တယ်။ ဒီလုပ်ရပ်ဟာ ကြိုတင်စီစဉ်ထားတဲ့အကြမ်းဖက် တိုက်ခိုက်မှုမျိုးဖြစ်နိုင်တယ်။ အထူးသဖြင့် သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းတာမျိုးဖြစ်တယ်"လို့ပြောပါတယ်။
ရုရှားအစိုးရရုံးနား ဒရုန်းနှစ်စင်း ပျံသန်းလာမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတာ၊ ပျက်စီးတာမျိုးတွေမရှိခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့ကပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၁၄)လကျော်ကြာမြင့်နေပြီး ရုရှားနဲ့ ယူကရိန်းတို့ဟာ သတ်ဖြတ်လုပ်ကြံဖို့ ကြံစည်မှုတွေမကြာခဏဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ရုရှားဘက်ကတော့ အဆိုပါ ဒရုန်းတွေဟာ သမ္မတ ပူတင်ကိုလုပ်ကြံဖို့ ယူကရိန်းဘက်က လွှတ်တင်လိုက်တဲ့ ဒရုန်းမျိုးဖြစ်နိုင်ကြောင်းစွပ်စွဲထားပြီး ယူကရိန်းဘက်က တုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။ ဒရုန်းဟာ ရုရှားအစိုးရအဆောက်အဦးနဲ့လွှတ်တော်အဆောက်အဦး အမိုးအခုံးနားအထိ ပျံသန်းလာခဲ့ပြီး ရုရှားအထူးတပ်ဖွဲ့တွေက ဒရုန်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
သမၼတပူတင္ကိုလုပ္ႀကံဖို႔ ယူကရိန္းတပ္ဖြဲ႕ေတြ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ေၾကာင္း ႐ုရွားအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၄
ယူကရိန္းဟာ ႐ုရွားသမၼတပူတင္ကို ဒ႐ုန္းအသုံးျပဳၿပီး သတ္ျဖတ္လုပ္ႀကံဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း ႐ုရွားအစိုး ရက စြပ္စြဲေျပာဆိုလိုက္ပါတယ္။
ယူကရိန္းဟာ သမၼတပူတင္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက ဒ႐ုန္းနဲ႔ လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ ျမင္မႈမရခဲ့ေၾကာင္း ႐ုရွားအစိုးရ တာဝန္ရွိသူမ်ားကေျပာပါတယ္။ ယူကရိန္းဟာ သမၼတပူတင္ကိုလုပ္ႀကံဖို႔ ဒ႐ုန္းႏွစ္စီးအသုံးျပဳခဲ့ၿပီး အဲဒီဒ႐ုန္းေတြဟာ ႐ုရွားသမၼတ႐ုံးနားကို ပ်ံသန္းေရာက္ရွိလာခဲ့ေပမယ့္ဟန႔္တားႏိုင္ခဲ့ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ကေျပာပါတယ္။
႐ုရွားအစိုးရအဖြဲ႕က "ဒ႐ုန္းႏွစ္စင္းဟာ ႐ုရွားအစိုးရအဖြဲ႕႐ုံးရဲ႕နား ပ်ံသန္းလာခဲ့တယ္။ ဒါေပမယ့္လည္း ႐ုရွားစစ္ဘက္နဲ႔ အထူးတပ္ဖြဲ႕ေတြဟာ ေရဒါစနစ္ကိုအသုံးျပဳၿပီး ဒ႐ုန္းမွာအသုံးျပဳတဲ့ အီလက္ထေရာနစ္ ပစၥည္းမ်ားကို လႈပ္ရွားလို႔မရေအာင္ လုပ္ႏိုင္ခဲ့တယ္။ ဒီလုပ္ရပ္ဟာ ႀကိဳတင္စီစဥ္ထားတဲ့အၾကမ္းဖက္ တိုက္ခိုက္မႈမ်ိဳးျဖစ္ႏိုင္တယ္။ အထူးသျဖင့္ သမၼတကို လုပ္ႀကံဖို႔ ႀကိဳးပမ္းတာမ်ိဳးျဖစ္တယ္"လို႔ေျပာပါတယ္။
႐ုရွားအစိုးရ႐ုံးနား ဒ႐ုန္းႏွစ္စင္း ပ်ံသန္းလာမႈနဲ႔ပတ္သက္ၿပီး ထိခိုက္ဒဏ္ရာရတာ၊ ပ်က္စီးတာမ်ိဳးေတြမရွိခဲ့ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ကေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းတို႔ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၁၄)လေက်ာ္ၾကာျမင့္ေနၿပီး ႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ သတ္ျဖတ္လုပ္ႀကံဖို႔ ႀကံစည္မႈေတြမၾကာခဏျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားဘက္ကေတာ့ အဆိုပါ ဒ႐ုန္းေတြဟာ သမၼတ ပူတင္ကိုလုပ္ႀကံဖို႔ ယူကရိန္းဘက္က လႊတ္တင္လိုက္တဲ့ ဒ႐ုန္းမ်ိဳးျဖစ္ႏိုင္ေၾကာင္းစြပ္စြဲထားၿပီး ယူကရိန္းဘက္က တုံ႔ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရပါတယ္။ ဒ႐ုန္းဟာ ႐ုရွားအစိုးရအေဆာက္အဦးနဲ႔လႊတ္ေတာ္အေဆာက္အဦး အမိုးအခုံးနားအထိ ပ်ံသန္းလာခဲ့ၿပီး ႐ုရွားအထူးတပ္ဖြဲ႕ေတြက ဒ႐ုန္းကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်မြင့်မိုရ် နှင့် သီလဝါအိမ်ရာများ၌ အိမ်ခန်းလျှောက်ထားသူ(၇ဝဝ)နီးပါးအနက်မှ (၂ဝဝ)ကျော်ကို ယခုရက်ပိုင်းအတွင်း မဲနှိုက်ရွေးချယ်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ