Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား (၃၈)ဦးကို သေဒဏ်ပြစ်ဒဏ်မှ နစက လွတ်ငြိမ်းခွင့်ပေး

NP News - မေ ၃

သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား (၃၈)ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့(မေလ ၃ ရက်)တွင် ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီး၌ သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား၊ အကျဉ်းသူ(၃၈)ဦးကို သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါအကျဉ်းသား(၃၈)ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ(က)အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကာ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်ကြောင်း နစကမှ အမိန့်ထုတ်ပြန်ထားသည်။

လက်ရှိ နစကလက်ထက်တွင် စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး ရန်ကုန်တိုင်း၊ ထိန်ပင်သုသာန်၌ သဂြိုလ်ခဲ့သည်။

၎င်းတို့(၄)ဦးသည် အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင် ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာစစ်ခုံရုံး အသီးသီးက ကျူးလွန်သည့်ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

၎င်းကဲ့သို့ သေဒဏ်ပြစ်ဒဏ်အား စီရင်မှုသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်း(၃ဝ)ကျော်နောက်ပိုင်း လက်ရှိနစက လက်ထက်တွင် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ခြင်းမျိုး ဖြစ်သည်။

၂ဝ၂၁ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ သေဒဏ်ပြစ်ဒဏ် ချမှတ်ခြင်းခံရထားသည့် အကျဉ်းသား၊ အကျဉ်းသူဦးရေစာရင်းကို နစကဘက်မှ တိတိကျကျထုတ်ပြန်ထားခြင်းမျိုး မတွေ့ရသေးပေ။

နစကသည် ယနေ့တွင်လည်း ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီး၌ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ထောင်ကျနေသည့် အကျဉ်းသား(၂ဝဝဝ)ကျော်ကိုလည်း လွတ်ငြိမ်းချမ်း သာခွင့် ပြုပေးလိုက်သည်။

zawgyi version

ေသဒဏ္ခ်မွတ္ခံထားရသည့္ အက်ဥ္းသား (၃၈)ဦးကို ေသဒဏ္ျပစ္ဒဏ္မွ နစက လြတ္ၿငိမ္းခြင့္ေပး 

NP News - ေမ ၃

ေသဒဏ္ခ်မွတ္ခံထားရသည့္ အက်ဥ္းသား (၃၈)ဦးကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ေသဒဏ္ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ျပဳလိုက္ေၾကာင္း သတင္းရရွိသည္။

ယေန႔(ေမလ ၃ ရက္)တြင္ က်ေရာက္ေသာ ကဆုန္လျပည့္ ဗုဒၶေန႔အထိမ္းအမွတ္အျဖစ္ အက်ဥ္းေထာင္အသီးသီး၌ ေသဒဏ္ခ်မွတ္ျခင္းခံထားရေသာ အက်ဥ္းသား၊ အက်ဥ္းသူ(၃၈)ဦးကို ေသဒဏ္ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

အဆိုပါအက်ဥ္းသား(၃၈)ဦးကို ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂ဝ၄၊ ပုဒ္မခြဲ(က)အရ ခ်မွတ္ထားသည့္ ေသဒဏ္ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ျပဳကာ ေထာင္ဒဏ္တစ္သက္သို႔ ေျပာင္းလဲက်ခံေစလိုက္ေၾကာင္း နစကမွ အမိန႔္ထုတ္ျပန္ထားသည္။

လက္ရွိ နစကလက္ထက္တြင္ စစ္ခုံ႐ုံးမွ ေသဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည့္ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔အား ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ ၂၃ ရက္တြင္ ျပစ္ဒဏ္စီရင္ခဲ့ၿပီး ရန္ကုန္တိုင္း၊ ထိန္ပင္သုသာန္၌ သၿဂိဳလ္ခဲ့သည္။

၎တို႔(၄)ဦးသည္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားကို က်ဴးလြန္ရာတြင္ စီစဥ္ၫႊန္ၾကားျခင္း၊ စီမံေဆာင္႐ြက္ျခင္း၊ ပူးေပါင္းႀကံစည္ျခင္း၊ ကိုယ္တိုင္ ပါဝင္က်ဴးလြန္ျခင္းတို႔ေၾကာင့္ အျပစ္မဲ့ျပည္သူအမ်ားအျပားေသဆုံးခဲ့ရမႈအတြက္ သက္ဆိုင္ရာစစ္ခုံ႐ုံး အသီးသီးက က်ဴးလြန္သည့္ျပစ္မႈအလိုက္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပါ သက္ဆိုင္ရာျပ႒ာန္းခ်က္ ပုဒ္မမ်ား၊ ရာဇသတ္ႀကီး၏ သက္ဆိုင္ရာျပ႒ာန္းခ်က္ပုဒ္မမ်ားျဖင့္ စြဲခ်က္တင္ၿပီး ျပစ္မႈထင္ရွားသျဖင့္ ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္က ထုတ္ျပန္ခဲ့သည္။

၎ကဲ့သို႔ ေသဒဏ္ျပစ္ဒဏ္အား စီရင္မႈသည္ ျမန္မာႏိုင္ငံ၌ ႏွစ္ေပါင္း(၃ဝ)ေက်ာ္ေနာက္ပိုင္း လက္ရွိနစက လက္ထက္တြင္ ပထမဆုံးအႀကိမ္ ျပန္လည္ျပဳလုပ္ျခင္းမ်ိဳး ျဖစ္သည္။

၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း၌ ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္အသီးသီး၌ ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္ျခင္းခံရထားသည့္ အက်ဥ္းသား၊ အက်ဥ္းသူဦးေရစာရင္းကို နစကဘက္မွ တိတိက်က်ထုတ္ျပန္ထားျခင္းမ်ိဳး မေတြ႕ရေသးေပ။

နစကသည္ ယေန႔တြင္လည္း ကဆုန္လျပည့္ဗုဒၶေန႔ အထိမ္းအမွတ္အျဖစ္ အက်ဥ္းေထာင္အသီးသီး၌ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က ျဖင့္ ေထာင္က်ေနသည့္ အက်ဥ္းသား(၂ဝဝဝ)ေက်ာ္ကိုလည္း လြတ္ၿငိမ္းခ်မ္း သာခြင့္ ျပဳေပးလိုက္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“တရုတ် အောင်သွယ်ပေးမယ့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး အလုပ်ဖြစ်ပါ့မလား” (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved