Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လဲချားမြို့နယ်အတွင်း SSPP/SSA စစ်ကြောင်းယာဉ်တန်းကို RCSS မှ မိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ဟုဆို

NP News - ဧပြီ ၃ဝ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း SSPP/SSA စစ်ကြောင်းယာဉ်တန်းကို RCSS အဖွဲ့မှ မိုင်း(၂)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဘက်က ပြောဆိုထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၉ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် လဲချားမြို့နယ်၊ လဲချား-မိုင်းနောင်လမ်းမပေါ် ဆလိုင်းခုမ် ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း SSPP ဘက်မှဆို သည်။

RCSS အဖွဲ့ဘက်မှ စစ်ကြောင်းယာဉ်တန်းအား မိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကဲ့သို့ တိုက်ခိုက်ခြင်းကြောင့် SSPP/SSA ဘက်မှ ကားတစ်စီး၊ အဖွဲ့ဝင်(၄)ဦးနှင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ပြောဆိုထားသည်။

RCSS နှင့် SSPP အဖွဲ့အစည်းနှစ်ခု၏ ပဋိပက္ခတိုက်ပွဲများ ချုပ်ငြိမ်းရေးအတွက် ဆွေးနွေးအဖြေရှာနိုင်ရန် ထိပ်ပိုင်းခေါင်းဆောင်များက ပြင်ဆင်စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် RCSS နှင့် SSPP တို့အကြား တိုက်ပွဲများ မဖြစ်ပွားသော်လည်း RCSS ဘက်မှ ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများသည် တိုက်ပွဲပြေငြိမ်းရန် ဆန္ဒမရှိသည့်သဘောကို ပြသနေသည်ဟုလည်း SSPP ဘက်က အသိပေးပြောဆိုထား သည်။

ထို့ကြောင့် အထက်ပါကဲ့သို့ အပြုအမူများကို RCSS ဘက်မှ မထိန်းချုပ်နိုင်ပါက SSPP အနေဖြင့်လည်း ဖြစ်လာမည့်တိုက်ပွဲများကို တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS ဘက်မှ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြေဆိုခြင်းမျိုး မရှိသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့သည် လက်ရှိ နစကအစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းများဖြစ်သည်။

zawgyi version

လဲခ်ားၿမိဳ႕နယ္အတြင္း SSPP/SSA စစ္ေၾကာင္းယာဥ္တန္းကို RCSS မွ မိုင္း(၂)လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ဟုဆို

NP News - ဧၿပီ ၃ဝ

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္အတြင္း SSPP/SSA စစ္ေၾကာင္းယာဥ္တန္းကို RCSS အဖြဲ႕မွ မိုင္း(၂)ျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP) ဘက္က ေျပာဆိုထားသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၂၉ ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ လဲခ်ားၿမိဳ႕နယ္၊ လဲခ်ား-မိုင္းေနာင္လမ္းမေပၚ ဆလိုင္းခုမ္ ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း SSPP ဘက္မွဆို သည္။

RCSS အဖြဲ႕ဘက္မွ စစ္ေၾကာင္းယာဥ္တန္းအား မိုင္း(၂)လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ၎ကဲ့သို႔ တိုက္ခိုက္ျခင္းေၾကာင့္ SSPP/SSA ဘက္မွ ကားတစ္စီး၊ အဖြဲ႕ဝင္(၄)ဦးႏွင့္ အျပစ္မဲ့ျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဆက္လက္ေျပာဆိုထားသည္။

RCSS ႏွင့္ SSPP အဖြဲ႕အစည္းႏွစ္ခု၏ ပဋိပကၡတိုက္ပြဲမ်ား ခ်ဳပ္ၿငိမ္းေရးအတြက္ ေဆြးေႏြးအေျဖရွာႏိုင္ရန္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားက ျပင္ဆင္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ RCSS ႏွင့္ SSPP တို႔အၾကား တိုက္ပြဲမ်ား မျဖစ္ပြားေသာ္လည္း RCSS ဘက္မွ ယခုကဲ့သို႔ မိုင္းခြဲတိုက္ခိုက္ျခင္း၊ ေခ်ာင္းေျမာင္းပစ္ခတ္ျခင္းမ်ားသည္ တိုက္ပြဲေျပၿငိမ္းရန္ ဆႏၵမရွိသည့္သေဘာကို ျပသေနသည္ဟုလည္း SSPP ဘက္က အသိေပးေျပာဆိုထား သည္။

ထို႔ေၾကာင့္ အထက္ပါကဲ့သို႔ အျပဳအမူမ်ားကို RCSS ဘက္မွ မထိန္းခ်ဳပ္ႏိုင္ပါက SSPP အေနျဖင့္လည္း ျဖစ္လာမည့္တိုက္ပြဲမ်ားကို တားဆီးႏိုင္လိမ့္မည္မဟုတ္ေၾကာင္း ၎တို႔က ဆက္လက္ေျပာဆိုထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဦးေဆာင္ေသာ RCSS ဘက္မွ လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာ တုံ႔ျပန္ေျပဆိုျခင္းမ်ိဳး မရွိေသးေပ။

ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS) တို႔သည္ လက္ရွိ နစကအစိုးရႏွင့္ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည့္ အဖြဲ႕အစည္းမ်ားျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Online Shopping နှင့် ပတ်သက်သည့် အခက်အခဲများကို ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved