Online Shopping နှင့် ပတ်သက်သည့် အခက်အခဲများကို ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ဟုဆို
စော (NP News) - ဧပြီ ၃ဝ
Online Shopping နှင့် ပတ်သက်သည့် အခက်အခဲများကို ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် Online Shopping တွင် ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့မှုမရှိခြင်း ၊ ကြော်ငြာထားသောပစ္စည်းနှင့် လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေးကွဲလွဲနေခြင်းတို့ကို တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်များသည် စာသုံးသူများထံမှ ငွေကြေးရယူပြီးနောက် ဆက်သွယ်၍ မရခြင်း အပါအဝင် ကုန်စည်များတွင် ပါဝင်ရမည့်သတင်းအချက် အလက်များကို ချဲ့ကားဖော်ပြခြင်းတို့ကိုလည်း တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ ကုန်စည်များကို သဘောတူညီထားသည့် အချိန်အတွင်း ပို့ဆောင်မှုမရှိခြင်း ၊ Online Shopping Page တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်တို့မှာ အမှန်တကယ်မရှိခြင်း နှင့် ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်း စသည်တို့ကိုလည်း တိုင်ကြားနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ စားသုံးသူများအနေဖြင့် တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Official Website တွင်လည်းကောင်း ၊ DOCA Myanmar Mobile Application တွင် Download လုပ်၍လည်းကောင်းတိုင်ကြားနိုင်သည်ဟု သိရသည်။
ထို့ပြင် Consumer call center (၁၅၃၅)နံပါတ်ကိုခေါ်ဆို၍ လည်းကောင်း၊ Facebook Page မှလည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) များတွင်လည်း တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
Online Shopping ႏွင့္ ပတ္သက္သည့္ အခက္အခဲမ်ားကို ျပည္သူမ်ားအေနျဖင့္ တိုင္ၾကားႏိုင္ဟုဆို
ေစာ (NP News) - ဧပြီ ၃ဝ
Online Shopping ႏွင့္ ပတ္သက္သည့္ အခက္အခဲမ်ားကို ျပည္သူမ်ားအေနျဖင့္ တိုင္ၾကားႏိုင္ေၾကာင္း စားသုံးသူေရးရာဦးစီးဌာနမွ အသိေပးထားသည္။
စားသုံးသူေရးရာဦးစီးဌာနမွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
ျပည္သူမ်ားအေနျဖင့္ Online Shopping တြင္ ေငြေပးေခ်ၿပီးေနာက္ ပစၥည္းေပးပို႔မႈမရွိျခင္း ၊ ေၾကာ္ျငာထားေသာပစၥည္းႏွင့္ လက္ခံရရွိေသာ ပစၥည္း၏ အရည္အေသြးကြဲလြဲေနျခင္းတို႔ကို တိုင္ၾကားႏိုင္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ Page တြင္ ေဖာ္ျပထားေသာ ဖုန္းနံပါတ္မ်ားသည္ စာသုံးသူမ်ားထံမွ ေငြေၾကးရယူၿပီးေနာက္ ဆက္သြယ္၍ မရျခင္း အပါအဝင္ ကုန္စည္မ်ားတြင္ ပါဝင္ရမည့္သတင္းအခ်က္ အလက္မ်ားကို ခ်ဲ႕ကားေဖာ္ျပျခင္းတို႔ကိုလည္း တိုင္ၾကားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အလားတူ ကုန္စည္မ်ားကို သေဘာတူညီထားသည့္ အခ်ိန္အတြင္း ပို႔ေဆာင္မႈမရွိျခင္း ၊ Online Shopping Page တြင္ ေဖာ္ျပထားသည့္ ဆက္သြယ္ရန္ ေနရပ္လိပ္စာ ႏွင့္ ဖုန္းနံပါတ္တို႔မွာ အမွန္တကယ္မရွိျခင္း ႏွင့္ ကုန္ပစၥည္းပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းမ်ား၏ ပစၥည္းလက္ခံေျပစာမ်ားကို အတုျပဳလုပ္ျခင္း စသည္တို႔ကိုလည္း တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။
သို႔ျဖစ္၍ စားသုံးသူမ်ားအေနျဖင့္ တိုင္ၾကားလိုပါက စားသုံးသူေရးရာဦးစီးဌာန၏ Official Website တြင္လည္းေကာင္း ၊ DOCA Myanmar Mobile Application တြင္ Download လုပ္၍လည္းေကာင္းတိုင္ၾကားႏိုင္သည္ဟု သိရသည္။
ထို႔ျပင္ Consumer call center (၁၅၃၅)နံပါတ္ကိုေခၚဆို၍ လည္းေကာင္း၊ Facebook Page မွလည္းေကာင္း၊ စားသုံးသူသတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာ(CICC) မ်ားတြင္လည္း တိုင္ၾကားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရတ်နိုင်ငံအတွင်း တပ်စွဲနေထိုင်ခွင့်မပြုသင့်ကြောင်း အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်တောင်းဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း