မစ္စတာဘန်ကီမွန်း၏ မြန်မာခရီးစဉ်အတွင်း နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီးနောက် NUG နှင့် ထပ်မံတွေ့ဆုံဆွေးနွေး
NP News - ဧပြီ ၃ဝ
မစ္စတာဘန်ကီမွန်း၏ မြန်မာခရီးစဉ်အတွင်း နစကဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် NUG နှင့်ပါ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်သူ မစ္စတာဘန်ကီမွန်းသည် ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
မစ္စတာဘန်ကီမွန်းနှင့်နစကတို့တွေ့ဆုံစဉ် နစကဘက်မှ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များကို အသိပေးကာ ရှင်းလင်းပြောဆိုခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရေး ရှုပ်ထွေးသည်ကို နားလည်းသဘောပေါက်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် ပိုမိုထိတွေ့ဆက်ဆံရန်နှင့် The Elders အဖွဲ့အနေဖြင့်ပါ အကောင်းဆုံးကြိုးပမ်း ကူညီသွားမည်ဟု မစ္စတာဘန်ကီမွန်းက ပြန်လည်ပြောဆိုခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
မစ္စတာဘန်ကီမွန်းသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံရေးခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် မစ္စတာဘန်ကီမွန်းသည် နစကဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်တွင် NUG မှ ဦးမိုးဇော်ဦးနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြောင်း NUG က ယနေ့(ဧပြီလ ၃ဝ ရက်) တွင် ထုတ်ပြန်ထားသည်။
မစ္စတာဘန်ကီမွန်းအနေဖြင့် အကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်းရှာဖွေမှုသည် အရေးပါကြောင်းနှင့် ရေရှည်တည်တံ့သည့် အဖြေတစ်ခုရရှိရေး၌ NUG အပါအဝင် ပါဝင်သည့်အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍသည် အရေးပါကြောင်းကို ထောက်ပြပြောဆိုခဲ့သည်ဟု NUG က အသိပေးထုတ်ပြန်ထားသည်။
အလားတူ NUG မှ ဦးမိုးဇော်ဦးကလည်း မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန်ကောင်းမွန်သော်လည်း နစကမှ ယင်းခရီးစဉ်အား ၎င်းတို့၏ အကျိုးအတွက် အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက NUG အပါအဝင် မြန်မာ နိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့်တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန်လည်း မစ္စတာဘန်ကီမွန်းအား NUG မှ မေတ္တာရပ်ခံထားသည်။
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပမည်ဆိုပါက သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်း သားအဖွဲ့အားလုံးက လက်ခံနိုင်မည့် အခြေခံဥပဒေအရသာ ကျင်းပပြုလုပ်ရမည်ဟုလည်း မစ္စတာဘန်ကီမွန်းအား ထောက်ပြပြောဆိုခဲ့ကြောင်း NUG ဘက်မှ ထုတ်ပြန်ထားသည်။
zawgyi version
မစၥတာဘန္ကီမြန္း၏ ျမန္မာခရီးစဥ္အတြင္း နစကဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားကို ေတြ႕ဆုံခဲ့ၿပီးေနာက္ NUG ႏွင့္ ထပ္မံေတြ႕ဆုံေဆြးေႏြး
NP News - ဧၿပီ ၃ဝ
မစၥတာဘန္ကီမြန္း၏ ျမန္မာခရီးစဥ္အတြင္း နစကဥကၠ႒အပါအဝင္ အဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီးေနာက္ NUG ႏွင့္ပါ ထပ္မံေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ေဟာင္း၊ The Elders အဖြဲ႕၏ ဒုဥကၠ႒ျဖစ္သူ မစၥတာဘန္ကီမြန္းသည္ ဧၿပီလ ၂၃ ရက္မွ ၂၄ ရက္အထိ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည္။
မစၥတာဘန္ကီမြန္းႏွင့္နစကတို႔ေတြ႕ဆုံစဥ္ နစကဘက္မွ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနႏွင့္ ေဆာင္႐ြက္ခ်က္မ်ားကို အသိေပးကာ ရွင္းလင္းေျပာဆိုခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအေရး ရႈပ္ေထြးသည္ကို နားလည္းသေဘာေပါက္ေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ကုလသမဂၢ၊ အာဆီယံတို႔ႏွင့္ ပိုမိုထိေတြ႕ဆက္ဆံရန္ႏွင့္ The Elders အဖြဲ႕အေနျဖင့္ပါ အေကာင္းဆုံးႀကိဳးပမ္း ကူညီသြားမည္ဟု မစၥတာဘန္ကီမြန္းက ျပန္လည္ေျပာဆိုခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
မစၥတာဘန္ကီမြန္းသည္ ၎၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ႏိုင္ငံေရးျခားေရးဝန္ႀကီး ဦးသန္းေဆြတို႔ႏွင့္ သီးျခားစီ ေတြ႕ဆုံေဆြးေႏြးခဲ့သည့္အျပင္ သမၼတေဟာင္း ဦးသိန္းစိန္ႏွင့္လည္း အလြတ္သေဘာေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မစၥတာဘန္ကီမြန္းသည္ နစကဥကၠ႒အပါအဝင္ အဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ဧၿပီလ ၂၇ ရက္တြင္ NUG မွ ဦးမိုးေဇာ္ဦးႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ၏ လက္ရွိရင္ဆိုင္ေနရသည့္ အက်ပ္အတည္းမ်ားကို ထိေရာက္စြာကိုင္တြယ္ေျဖရွင္းႏိုင္ရန္ ေရွ႕ဆက္လုပ္ေဆာင္ႏိုင္မည့္ နည္းလမ္းမ်ားႏွင့္ပတ္သက္၍ ႏွစ္ဖက္အၾကား အျမင္ခ်င္းဖလွယ္ကာ ေဆြးေႏြးခဲ့ေၾကာင္း NUG က ယေန႔(ဧၿပီလ ၃ဝ ရက္) တြင္ ထုတ္ျပန္ထားသည္။
မစၥတာဘန္ကီမြန္းအေနျဖင့္ အၾကမ္းဖက္မႈမ်ားအား အဆုံးသတ္ရန္ လမ္းေၾကာင္းရွာေဖြမႈသည္ အေရးပါေၾကာင္းႏွင့္ ေရရွည္တည္တံ့သည့္ အေျဖတစ္ခုရရွိေရး၌ NUG အပါအဝင္ ပါဝင္သည့္အစုအဖြဲ႕အားလုံး၏ အခန္းက႑သည္ အေရးပါေၾကာင္းကို ေထာက္ျပေျပာဆိုခဲ့သည္ဟု NUG က အသိေပးထုတ္ျပန္ထားသည္။
အလားတူ NUG မွ ဦးမိုးေဇာ္ဦးကလည္း မစၥတာဘန္ကီမြန္း၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ ရည္႐ြယ္ခ်က္မွန္ကန္ေကာင္းမြန္ေသာ္လည္း နစကမွ ယင္းခရီးစဥ္အား ၎တို႔၏ အက်ိဳးအတြက္ အသုံးခ်ရန္ ႀကိဳးပမ္းမည္ကို စိုးရိမ္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ ထပ္မံသြားေရာက္မည့္ ခရီးစဥ္မ်ားရွိပါက NUG အပါအဝင္ ျမန္မာ ႏိုင္ငံမွ အေရးပါေသာ သက္ဆိုင္သူမ်ားႏွင့္တိုင္ပင္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္လည္း မစၥတာဘန္ကီမြန္းအား NUG မွ ေမတၱာရပ္ခံထားသည္။
ျမန္မာႏိုင္ငံ၌ ေ႐ြးေကာက္ပြဲမ်ား က်င္းပမည္ဆိုပါက သက္ဆိုင္သူမ်ားအားလုံးႏွင့္ တိုင္းရင္း သားအဖြဲ႕အားလုံးက လက္ခံႏိုင္မည့္ အေျခခံဥပေဒအရသာ က်င္းပျပဳလုပ္ရမည္ဟုလည္း မစၥတာဘန္ကီမြန္းအား ေထာက္ျပေျပာဆိုခဲ့ေၾကာင္း NUG ဘက္မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးမှု ပူတာအိုမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ