မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးမှု ပူတာအိုမြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - ဧပြီ ၃ဝ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၃ဝ ရက်)၊ နံနက် အစောပိုင်းတွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်(၅)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မီးကြွင်းမီးကျန်က လောင်တာ ။ အိမ်တစ်လုံးတော့ ပျက်စီးသွားတာပေါ့နော်။ လူထိခိုက်တာတော့ မရှိပါဘူး" ဟု ပူတာအိုခရိုင်မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား ပူတာအိုခရိုင်မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၄ဝ)မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
Pearl (NP News) - ဧပြီ ၃ဝ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် တစ်ရက်ထဲ၌ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၃ဝ)ဦးတွေ့ရှိခဲ့ပြီး သေဆုံးမှုများပါရှိလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း