၂ဝ၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးနှစ် ဖြစ်လာဖွယ်ရှိနေဟုဆို
ဂျန်ဇက် (NP News) - ဧပြီ ၂၇
၂ဝ၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် စံချိန်တင် အပူဆုံးနှစ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ အနည်းဆုံး မြို့ပေါင်း ၁ဝ မြို့ဟာ အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်နဲ့အထက်ရှိနေခဲ့ရာ ၂ဝ၂၃ ခုနှစ်က မြန်မာနိုင်ငံအတွက် စံချိန်တင် အပူဆုံးနှစ် ဖြစ်လာဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံရှိ မြို့များအ နက် ကလေးဝ၊ ညောင်ဦးမြို့တို့ရဲ့အပူချိန်ဟာ ပြီးခဲ့သော ဧပြီလ ၁၈ ရက်မှာ ၄၄ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ပြီး ကလေး၊ တမူး၊ မုံရွာ၊ မင်းကင်းမြို့အပြင် မြင်းမူ၊ မြင်းခြံ၊ ချောက်၊ ပခုက္ကူမြို့အပူချိန်များက ၄၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၄၄ ဒီဂရီစင်တီဂရိတ်ကြား ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များရဲ့အပူချိန်ဟာ ပျှမ်းမျှ အပူချိန်ထက် ၇ ဒီဂရီ စင်တီဂရိတ်မြင့်တက် လျက်ရှိနေပါတယ်။ တမူးမြို့ရဲ့အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော်အတွင်း အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမိုးလေဝသ အခြေနေတွေကို လေ့လာသုံးသပ်နေတဲ့ El Dorado Weather က မြန်မာနိုင်ငံ ချောက်မြို့သည် ကမ္ဘာပေါ်ရှိ မြို့များထဲတွင်အပူဆုံး မြို့တစ်မြို့ဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလဒုတိယသီတင်းပတ်ကာလနောက်ပိုင်းကတည်းက အပူချိန်များ ပိုမိုမြင့်တက်လာခဲ့ရာ လူသေဆုံးမှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်အောက်သာရှိခဲ့ပေမယ့် အပူဒဏ်ကြောင့် အနည်းဆုံး (၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်ကလည်း မြန်မာနိုင်ငံရှိ သိမ်ဇရမ်၊ ရွှေကျင်၊ ဘီလင်း၊ သထုံမြို့တို့ရဲ့အပူချိန်တွေဟာ နှစ်ပေါင်း ၆ဝ နီးပါးအတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။
zawgyi version
၂ဝ၂၃ ခုႏွစ္က ျမန္မာႏိုင္ငံမွာ အပူခ်ိန္အျမင့္ဆုံးႏွစ္ ျဖစ္လာဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇
၂ဝ၂၃ ခုႏွစ္ဟာ ျမန္မာႏိုင္ငံအတြက္ စံခ်ိန္တင္ အပူဆုံးႏွစ္ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံရွိ အနည္းဆုံး ၿမိဳ႕ေပါင္း ၁ဝ ၿမိဳ႕ဟာ အပူခ်ိန္ ၄ဝ ဒီဂရီ စင္တီဂရိတ္နဲ႔အထက္ရွိေနခဲ့ရာ ၂ဝ၂၃ ခုႏွစ္က ျမန္မာႏိုင္ငံအတြက္ စံခ်ိန္တင္ အပူဆုံးႏွစ္ ျဖစ္လာဖြယ္ရွိေနပါတယ္။ ျမန္မာႏိုင္ငံရွိ ၿမိဳ႕မ်ားအ နက္ ကေလးဝ၊ ေညာင္ဦးၿမိဳ႕တို႔ရဲ႕အပူခ်ိန္ဟာ ၿပီးခဲ့ေသာ ဧၿပီလ ၁၈ ရက္မွာ ၄၄ ဒီဂရီ စင္တီဂရိတ္ရွိခဲ့ၿပီး ကေလး၊ တမူး၊ မုံ႐ြာ၊ မင္းကင္းၿမိဳ႕အျပင္ ျမင္းမူ၊ ျမင္းၿခံ၊ ေခ်ာက္၊ ပခုကၠဴၿမိဳ႕အပူခ်ိန္မ်ားက ၄၃ ဒီဂရီ စင္တီဂရိတ္နဲ႔ ၄၄ ဒီဂရီစင္တီဂရိတ္ၾကား ရွိခဲ့တယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫြန္ၾကားမႈ ဦးစီးဌာနကဆိုပါတယ္။
စစ္ကိုင္းတိုင္းေဒသႀကီးရွိ ၿမိဳ႕မ်ားရဲ႕အပူခ်ိန္ဟာ ပွ်မ္းမွ် အပူခ်ိန္ထက္ ၇ ဒီဂရီ စင္တီဂရိတ္ျမင့္တက္ လ်က္ရွိေနပါတယ္။ တမူးၿမိဳ႕ရဲ႕အပူခ်ိန္ဟာ ၄၄ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ခဲ့ၿပီး ႏွစ္ေပါင္း ၄ဝ ေက်ာ္အတြင္း အပူခ်ိန္အျမင့္ဆုံး ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံတကာမိုးေလဝသ အေျခေနေတြကို ေလ့လာသုံးသပ္ေနတဲ့ El Dorado Weather က ျမန္မာႏိုင္ငံ ေခ်ာက္ၿမိဳ႕သည္ ကမာၻေပၚရွိ ၿမိဳ႕မ်ားထဲတြင္အပူဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္မွာေဖာ္ျပခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ ဧၿပီလဒုတိယသီတင္းပတ္ကာလေနာက္ပိုင္းကတည္းက အပူခ်ိန္မ်ား ပိုမိုျမင့္တက္လာခဲ့ရာ လူေသဆုံးမႈမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕အပူခ်ိန္ဟာ ၄၁ ဒီဂရီစင္တီဂရိတ္ေအာက္သာရွိခဲ့ေပမယ့္ အပူဒဏ္ေၾကာင့္ အနည္းဆုံး (၂)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၂၆ ရက္ကလည္း ျမန္မာႏိုင္ငံရွိ သိမ္ဇရမ္၊ ေ႐ႊက်င္၊ ဘီလင္း၊ သထုံၿမိဳ႕တို႔ရဲ႕အပူခ်ိန္ေတြဟာ ႏွစ္ေပါင္း ၆ဝ နီးပါးအတြင္း စံခ်ိန္တင္ အျမင့္ဆုံးျဖစ္ခဲ့တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫြန္ၾကားမႈ ဦးစီးဌာနရဲ႕ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေ့ကျင့်ရေးမှပြန်လာတဲ့ အမေရိကန် စစ်ဘက်သုံး ရဟတ်ယာဉ် နှစ်စင်း ပျက်ကျ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ