ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများ၌ လာမည့်ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး
မျိုးကြီး (NP News) - ဧပြီ ၂၆
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်းများ၌ လာမည့်ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
အဆိုပါဌာနက ယနေ့(ဧပြီ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလာပင်လယ်အော်တို့မှ ရွေ့လျားလာသည့် တိမ်တိုက်များကြောင့်လည်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုဇလက ဆိုသည်။
အထက်ပါဖြစ်စဉ်များကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ကြေညာထားသည်။
ထို့ကြောင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုရန်လည်း မိုးဇလက အကြံပြုထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းစသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကာ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု၊ သစ်ပင်ပြိုလဲပျက်စီးမှုများ ရှိခဲ့ကြောင်း တွေ့ရှိရသည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ လေဆင်နှာ မောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြား ပျက်စီးခဲ့သကဲ့သို့ လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
zawgyi version
ရန္ကုန္အပါအဝင္ ျပည္နယ္ႏွင့္တိုင္းမ်ား၌ လာမည့္ရက္ပိုင္းအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလ အသိေပး
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၆
ရန္ကုန္တိုင္းအပါအဝင္ ျပည္နယ္ႏွင့္တိုင္းမ်ား၌ လာမည့္ရက္ပိုင္းအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထားသည္။
အဆိုပါဌာနက ယေန႔(ဧၿပီ ၂၆ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
ဧၿပီ ၃၀ ရက္မွ ေမ ၃ ရက္အတြင္း အေရွ႕ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလာပင္လယ္ေအာ္တို႔မွ ေ႐ြ႕လ်ားလာသည့္ တိမ္တိုက္မ်ားေၾကာင့္လည္း၊ အပူပ်ံတက္တိမ္မ်ား ျဖစ္ထြန္းမႈ အားေကာင္းျခင္းတို႔ေၾကာင့္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုဇလက ဆိုသည္။
အထက္ပါျဖစ္စဥ္မ်ားေၾကာင့္ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲမိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလက ေၾကညာထားသည္။
ထို႔ေၾကာင့္ မိုးတိမ္ေတာင္မ်ားျဖစ္ထြန္းျခင္း၊ အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳရန္လည္း မိုးဇလက အႀကံျပဳထားသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးသီးေႂကြျခင္းစသည့္ျဖစ္စဥ္မ်ား ျဖစ္ေပၚခဲ့ကာ လူေနအိမ္မ်ား ပ်က္စီးဆုံးရႈံးမႈ၊ သစ္ပင္ၿပိဳလဲပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။
အလားတူ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္၌ ေလဆင္ႏွာ ေမာင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္အမ်ားအျပား ပ်က္စီးခဲ့သကဲ့သို႔ လူထိခိုက္ေသဆုံးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် နှင့် တရုတ်နိုင်ငံ ရှာ့မန်မြို့ကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ