အာဆီယံပြိုင်ပွဲတွေမှာပဲ ကျေနပ်မနေဘဲ အာရှအိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိကြိုးပမ်းရန် တပ်ချုပ်တိုက်တွန်း
ရဲပြည့် (NP News) - ဧပြီ ၂၆
အာဆီယံပြိုင်ပွဲများတွင်သာ ကျေနပ်မနေဘဲ အာရှအိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ ကြိုးပမ်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အမှာစကားပြောကြားချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မားဆုံး အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲ၌ပင် ကျေနပ်မနေဘဲ အာရှအိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်းကြိုးပမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် မေလ ၅ ရက်မှ ၁၇ ရက်အထိကျင်းပ ပြုလုပ်တော့မည်ဖြစ်သဖြင့် ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာအသင့်၊ အားကစားပညာရပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစအရာရာပြိုင်ပွဲဝင်ကြဖို့အသင့် ဖြစ်နေကြပြီဟုယုံကြည်ကြောင်း တပ်ချုပ်က ပြောသည်။
ထို့ပြင် သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်သွင်းနိုင်မည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောသည်။
ထို့ပြင် အမိမြန်မာနိုင်ငံတော်နှင့် မြန်မာလူမျိုး၏ဂုဏ်သိက္ခာနှင့်ပတ်သက်ဆက်နွယ်နေသည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာအားကစားအဖွဲ့အား အပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏အလံတော်သည် အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည်ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံနေစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်းကြောင်း တပ်ချုပ်မှတိုက်တွန်းပြောဆိုထားသည်။
zawgyi version
အာဆီယံၿပိဳင္ပြဲေတြမွာပဲ ေက်နပ္မေနဘဲ အာရွအိုလံပစ္၊ ကမာၻ႔အိုလံပစ္ၿပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္သည္အထိႀကိဳးပမ္းရန္ တပ္ခ်ဳပ္တိုက္တြန္း
ရဲျပည့္ (NP News) - ဧၿပီ ၂၆
အာဆီယံၿပိဳင္ပြဲမ်ားတြင္သာ ေက်နပ္မေနဘဲ အာရွအိုလံပစ္၊ ကမာၻ႔အိုလံပစ္ၿပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္သည္အထိ ႀကိဳးပမ္းရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာဆိုသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဧၿပီလ ၂၅ ရက္၊ နံနက္ပိုင္းက ကေမာၻဒီးယားႏိုင္ငံ၌ က်င္းပမည့္ (၃၂) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအားကစားအဖြဲ႕မ်ားအား အမွာစကားေျပာၾကားခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲသည္ အာဆီယံတြင္ အျမင့္မားဆုံး အိုလံပစ္အားကစားၿပိဳင္ပြဲျဖစ္ၿပီး ယခုၿပိဳင္ပြဲ၌ပင္ ေက်နပ္မေနဘဲ အာရွအိုလံပစ္၊ ကမာၻ႔အိုလံပစ္ၿပိဳင္ပြဲမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္သည္အထိ ေမွ်ာ္မွန္းႀကိဳးပမ္းသြားၾကေစလိုေၾကာင္း တိုက္တြန္းေျပာဆိုထားျခင္းျဖစ္သည္။
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို ကေမာၻဒီးယားႏိုင္ငံတြင္ ေမလ ၅ ရက္မွ ၁၇ ရက္အထိက်င္းပ ျပဳလုပ္ေတာ့မည္ျဖစ္သျဖင့္ ၿပိဳင္ပြဲဝင္ၾကမည့္ အားကစားေမာင္မယ္မ်ားအေနျဖင့္ ႐ုပ္ပိုင္းဆိုင္ရာအသင့္၊ စိတ္ပိုင္းဆိုင္ရာအသင့္၊ အားကစားပညာရပ္ပိုင္းဆိုင္ရာအသင့္၊ စိတ္ဓာတ္ပိုင္းဆိုင္ရာအသင့္၊ အစစအရာရာၿပိဳင္ပြဲဝင္ၾကဖို႔အသင့္ ျဖစ္ေနၾကၿပီဟုယုံၾကည္ေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။
ထို႔ျပင္ သြားေရာက္ယွဥ္ၿပိဳင္ၾကမည့္ ျမန္မာအားကစားအဖြဲ႕အေနျဖင့္ ယခင္ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ၿပိဳင္ပြဲမ်ားထက္ ဆုတံဆိပ္မ်ားပိုမိုရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ၾကမည္ဆိုပါက ျမန္မာအားကစားအဖြဲ႕၏ ေအာင္ျမင္မႈသမိုင္းကို ပိုမိုေျပာင္းလဲမွတ္တမ္းတင္သြင္းႏိုင္မည္ျဖစ္ေၾကာင္း ၎မွဆက္လက္ေျပာသည္။
ထို႔ျပင္ အမိျမန္မာႏိုင္ငံေတာ္ႏွင့္ ျမန္မာလူမ်ိဳး၏ဂုဏ္သိကၡာႏွင့္ပတ္သက္ဆက္ႏြယ္ေနသည့္အတြက္ ၿပိဳင္ပြဲတိုင္းအႏိုင္ရရွိေရးသည္ အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ျမန္မာအားကစားအဖြဲ႕ဝင္အားလုံး၏ ပခုံးထက္တြင္ရွိေနသည္ကိုလည္း သတိျပဳႏွလုံးသြင္းထားၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ျမန္မာအားကစားအဖြဲ႕အား အပ္ႏွင္းလိုက္မည့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၏အလံေတာ္သည္ အားကစားအဖြဲ႕အတြက္ ဂုဏ္ျဒပ္ေရာ၊ အမ်ိဳးသားေရးတာဝန္ကိုပါ ႏိုင္ငံေတာ္၏ကိုယ္စားျပဳေနသည္ဆိုသည့္ခံယူခ်က္ျဖင့္ ၿပိဳင္ပြဲတိုင္းတြင္ ႏိုင္ငံေတာ္၏ေအာင္လံတလူလူ လြင့္ပ်ံေနေစေရး ေရကုန္ေရခမ္း အစြမ္းကုန္ႀကိဳးပမ္းယွဥ္ၿပိဳင္သြားၾကရန္ အေလးအနက္တိုက္တြန္းေၾကာင္း တပ္ခ်ဳပ္မွတိုက္တြန္းေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း