အင်းစိန်မြို့နယ်တွင် အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
Pearl (NP News) - ဧပြီ ၂၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အသက် (၂၅)နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၆ ရက်) ၊ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင် ပင်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းတွင် နေထိုင်သူ အသက် (၂၅)နှစ်ဝန်ကျင်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ်၌ ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့ကို အကြောင်းကြားတာ မနက် (၉)နာရီလောက်ကပါ။ ကျွန်တော်တို့ရောက်တဲ့အချိန် နည်းနည်းတောင် တောင့်နေပြီ။ ဘာလို့ အခုလိုလုပ်သွားလဲတော့ ကျွန်တော်တို့ မသိပါဘူး။ မနက် ဝေလီဝေလင်းလောက်မှာ အခုလိုလုပ်သွားတယ်ထင်တယ်" ဟု တွဲလက်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါ ရုပ်အလောင်းအား အင်းစိန်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း၌ ကြိုးဆွဲချအဆုံးစီရင်မှုများအပါအဝင် ကိုယ့်ကိုယ်ကို သတ်သေသည့်ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလာသည်ကို တွေ့ရှိနေရသည်။
zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ အသက္ (၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၆
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ အသက္ (၂၅)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္ခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၆ ရက္) ၊ နံနက္ပိုင္းတြင္ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္၊ ေဗာဓိေညာင္ ပင္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါလမ္းတြင္ ေနထိုင္သူ အသက္ (၂၅)ႏွစ္ဝန္က်င္ရွိ အမ်ိဳးသားတစ္ဦးသည္ ၎၏ ေနအိမ္၌ ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။
" ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာ မနက္ (၉)နာရီေလာက္ကပါ။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္ နည္းနည္းေတာင္ ေတာင့္ေနၿပီ။ ဘာလို႔ အခုလိုလုပ္သြားလဲေတာ့ ကြၽန္ေတာ္တို႔ မသိပါဘူး။ မနက္ ေဝလီေဝလင္းေလာက္မွာ အခုလိုလုပ္သြားတယ္ထင္တယ္" ဟု တြဲလက္လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါ ႐ုပ္အေလာင္းအား အင္းစိန္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
လက္ရွိ ျမန္မာႏိုင္ငံအတြင္း၌ ႀကိဳးဆြဲခ်အဆုံးစီရင္မႈမ်ားအပါအဝင္ ကိုယ့္ကိုယ္ကို သတ္ေသသည့္ျဖစ္စဥ္မ်ား မၾကာခဏဆိုသလို ျဖစ္ပြားလာသည္ကို ေတြ႕ရွိေနရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UEC ၌ နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားခဲ့သော ပါတီ(၁၃)ခုအနက် တစ်ပါတီကို ခွင့်ပြုပေးခဲ့ပြီး ကျန်ပါတီများအား ဆက်လက်စိစစ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း