UEC ၌ နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားခဲ့သော ပါတီ(၁၃)ခုအနက် တစ်ပါတီကို ခွင့်ပြုပေးခဲ့ပြီး ကျန်ပါတီများအား ဆက်လက်စိစစ်နေ
မျိုးကြီး (NP News) - ဧပြီ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားခဲ့သော ပါတီ(၁၃)ခုအနက် တစ်ပါတီကို ခွင့်ပြုပေးခဲ့ပြီး ကျန်ရှိသောပါတီများအား ဆက်လက်စိစစ်နေကြောင်း သတင်းရရှိသည်။
နစကလက်ထက်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း(၆ဝ)အတွင်း မှတ်ပုံတင်ပြန်လည်လျှောက်ထားသော နိုင်ငံရေးပါတီအဟောင်းများမှာ ပါတီပေါင်း(၅ဝ)အထိ ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြကာ ကော်မရှင်သို့ လျှောက်ထားခဲ့ရာတွင် လက်ရှိအချိန်ထိ လျှောက်ထားသော ပါတီမှာ (၁၃)ပါတီရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါ (၁၃)ပါတီအနက် ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ကော်မရှင်မှ ဧပြီလ ၂၅ ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း နစကဘက်မှ အသိပေးကြေညာထားသည်။
ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ခွင့်ပြုချက်ရသည့်နေ့မှစ၍ ရက်ပေါင်း(၃ဝ)အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားရာတွင် လျှောက်လွှာကို ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင် နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး၍ ကော်မရှင်သို့ ကိုယ်တိုင်လာရောက်တင်သွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး (၁ဝ)သိန်းကိုလည်း ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများအ တိုင်း ပေးသွင်းရမည်ဖြစ်ကြောင်း နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထိုသို့ ရက်ပေါင်း(၃ဝ)အတွင်း လာရောက်လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၅ နည်း ဥပဒေခွဲ(က)အရ ခွင့်ပြုချက်သည် အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပါတီသစ်အဖြစ် လျှောက်ထားခဲ့သော ကျန်ရှိသည့် ပါတီပေါင်း (၁၂)ခုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပါတီအဟောင်းများမှ မှတ်ပုံတင်ပြန်လည်လျှောက် ထားခဲ့သော ပါတီပေါင်း(၅ဝ)တွင် လတ်တလော၌ ပါတီ(၅)ခုကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ကြေညာထားသည်။
zawgyi version
UEC ၌ ႏိုင္ငံေရးပါတီသစ္အျဖစ္ ေလွ်ာက္ထားခဲ့ေသာ ပါတီ(၁၃)ခုအနက္ တစ္ပါတီကို ခြင့္ျပဳေပးခဲ့ၿပီး က်န္ပါတီမ်ားအား ဆက္လက္စိစစ္ေန
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၆
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီသစ္အျဖစ္ ေလွ်ာက္ထားခဲ့ေသာ ပါတီ(၁၃)ခုအနက္ တစ္ပါတီကို ခြင့္ျပဳေပးခဲ့ၿပီး က်န္ရွိေသာပါတီမ်ားအား ဆက္လက္စိစစ္ေနေၾကာင္း သတင္းရရွိသည္။
နစကလက္ထက္၌ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းခဲ့ၿပီးေနာက္ ရက္ေပါင္း(၆ဝ)အတြင္း မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီအေဟာင္းမ်ားမွာ ပါတီေပါင္း(၅ဝ)အထိ ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေရးပါတီ တည္ေထာင္လိုသူမ်ားက ယင္းတို႔တည္ေထာင္လိုေသာ ပါတီအမည္ကို ေဖာ္ျပကာ ေကာ္မရွင္သို႔ ေလွ်ာက္ထားခဲ့ရာတြင္ လက္ရွိအခ်ိန္ထိ ေလွ်ာက္ထားေသာ ပါတီမွာ (၁၃)ပါတီရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ (၁၃)ပါတီအနက္ ဖယ္ဒရယ္ဒီမိုကရက္တစ္ပါတီသည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္ေၾကာင္း စိစစ္ေတြ႕ရွိရသည့္အတြက္ ေကာ္မရွင္မွ ဧၿပီလ ၂၅ ရက္တြင္ ႏိုင္ငံေရးပါတီတည္ေထာင္ခြင့္ ေလွ်ာက္ထားခ်က္ကို ခြင့္ျပဳလိုက္ေၾကာင္း နစကဘက္မွ အသိေပးေၾကညာထားသည္။
ထို႔ေၾကာင့္ ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီအေနျဖင့္ ခြင့္ျပဳခ်က္ရသည့္ေန႔မွစ၍ ရက္ေပါင္း(၃ဝ)အတြင္း ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းနည္းဥပေဒ ၇ ႏွင့္အညီ ေကာ္မရွင္သို႔ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ေပးပါရန္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားရာတြင္ ေလွ်ာက္လႊာကို ပါတီတည္ေထာင္လိုသူမ်ား၏ ေခါင္းေဆာင္ ႏွင့္ ဒုတိယေခါင္းေဆာင္တို႔က လက္မွတ္ေရးထိုး၍ ေကာ္မရွင္သို႔ ကိုယ္တိုင္လာေရာက္တင္သြင္းရမည္ျဖစ္ၿပီး မွတ္ပုံတင္ေၾကး (၁ဝ)သိန္းကိုလည္း ေကာ္မရွင္က သတ္မွတ္သည့္ နည္းလမ္းမ်ားအ တိုင္း ေပးသြင္းရမည္ျဖစ္ေၾကာင္း နည္းဥပေဒတြင္ ျပ႒ာန္းထားသည္။
ထိုသို႔ ရက္ေပါင္း(၃ဝ)အတြင္း လာေရာက္ေလွ်ာက္ထားျခင္းမရွိပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒ ၅ နည္း ဥပေဒခြဲ(က)အရ ခြင့္ျပဳခ်က္သည္ အလိုအေလ်ာက္ ပ်က္ျပယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ပါတီသစ္အျဖစ္ ေလွ်ာက္ထားခဲ့ေသာ က်န္ရွိသည့္ ပါတီေပါင္း (၁၂)ခုကိုလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ပါတီအေဟာင္းမ်ားမွ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ ထားခဲ့ေသာ ပါတီေပါင္း(၅ဝ)တြင္ လတ္တေလာ၌ ပါတီ(၅)ခုကို မွတ္ပုံတင္ခြင့္ျပဳေပးခဲ့ၿပီးျဖစ္ေၾကာင္း ေၾကညာထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ကိုရေပေးဝေနေသည့် နေရာများ၌ ဓာတ်အားပြတ်တောက်မှုမရှိရန် စီစဉ်ထားပြီး ရေပြတ်လပ်မှု ဖြစ်ပေါ်ပါက ရေသယ်ယာဉ်များဖြင့် ဖြန့်ဖြူးပေးနေဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ