ထိုင်းနိုင်ငံ ဆောင်ခလာဘူရီဒေသရှိ ဒုက္ခသည်စခန်းတစ်ခု မီးလောင်မှုဖြစ်ပွား
Pika (NP News) - ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ ဆောင်ခလာဘူရီဒေသရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၂၁ လုံး မီးလောင်ပြာကျခဲ့ပြီး၊ အခြားအိမ် ၁ဝ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဆောင်ခလာဘူရီဒေသ အစိုးရအဖွဲ့အကြီးအကဲ ဆူတီပွန် စီဝါဝီပီကူလ် က Nong Lu ဒေသ Moo 5 ကျေးရွာရှိ ဘန်တွန်ယန် ဒုက္ခသည်စခန်း မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဒုက္ခသည်စခန်းမှာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်ပေါင်း ၃၄ဝဝ ဦး ရှိနေကြောင်း ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက် နေလည် ၁၂ နာရီကျော်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များနေထိုင်တဲ့အိမ် ၂၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အခြားအိမ် ၁ဝ လုံးမှာလည်း ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်းများ မရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောပါတယ်။ အဆိုပါမီးလောင်မှုဟာ မီးဖိုဆောင်မှစတင်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကူးစက်မှုလျင်မြန်ခဲ့ကြောင်း၊ စတင် လောင်ကျွမ်းခဲ့တဲ့ အိမ်မှတဆင့် အခြားအိမ်များကိုလည်း လျင်မြန်စွာ ကူးစက်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင် ကျွမ်းမှုဖြစ်ပွားချိန်မှာ ဒုက္ခသည်အများစုဟာ ခရစ္စမတ်ပွဲ ကျင်းပနေခဲ့ခြင်းဖြစ်ကြောင်း၊ ဆောင်ခလာဘူရီဒေသ အစိုးရအဖွဲ့အကြီးအကဲ ဆူတီပွန် စီဝါဝီပီကူလ် က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ပွားခင်ကတည်းက ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်များရှိနေခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ထိုင္းႏိုင္ငံ ေဆာင္ခလာဘူရီေဒသရွိ ဒုကၡသည္စခန္းတစ္ခု မီးေလာင္မႈျဖစ္ပြား
Pika (NP News) - ဒီဇင္ဘာ ၂၆
ထိုင္းႏိုင္ငံ ေဆာင္ခလာဘူရီေဒသရွိ ျမန္မာဒုကၡသည္စခန္းတစ္ခုမွာ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၅ ရက္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အိမ္ ၂၁ လုံး မီးေလာင္ျပာက်ခဲ့ၿပီး၊ အျခားအိမ္ ၁ဝ လုံး ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။
ေဆာင္ခလာဘူရီေဒသ အစိုးရအဖြဲ႕အႀကီးအကဲ ဆူတီပြန္ စီဝါဝီပီကူလ္ က Nong Lu ေဒသ Moo 5 ေက်း႐ြာရွိ ဘန္တြန္ယန္ ဒုကၡသည္စခန္း မီးေလာင္ပ်က္စီးခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါဒုကၡသည္စခန္းမွာ စစ္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာတဲ့ ျမန္မာဒုကၡသည္ေပါင္း ၃၄ဝဝ ဦး ရွိေနေၾကာင္း ေျပာပါတယ္။ ဒီဇင္ဘာ ၂၅ ရက္ ေနလည္ ၁၂ နာရီေက်ာ္မွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး ဒုကၡသည္မ်ားေနထိုင္တဲ့အိမ္ ၂၁ လုံး မီးေလာင္ျပာက်ခဲ့တယ္လို႔ သိရပါတယ္။
မီးေလာင္မႈေၾကာင့္ အျခားအိမ္ ၁ဝ လုံးမွာလည္း ပ်က္စီးသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရျခင္းမ်ား မရွိခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာပါတယ္။ အဆိုပါမီးေလာင္မႈဟာ မီးဖိုေဆာင္မွစတင္၍ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး မီးကူးစက္မႈလ်င္ျမန္ခဲ့ေၾကာင္း၊ စတင္ ေလာင္ကြၽမ္းခဲ့တဲ့ အိမ္မွတဆင့္ အျခားအိမ္မ်ားကိုလည္း လ်င္ျမန္စြာ ကူးစက္ခဲ့တယ္လို႔ သိရပါတယ္။
မီးေလာင္ ကြၽမ္းမႈျဖစ္ပြားခ်ိန္မွာ ဒုကၡသည္အမ်ားစုဟာ ခရစၥမတ္ပြဲ က်င္းပေနခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဆာင္ခလာဘူရီေဒသ အစိုးရအဖြဲ႕အႀကီးအကဲ ဆူတီပြန္ စီဝါဝီပီကူလ္ က ေျပာပါတယ္။ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈမျဖစ္ပြားခင္ကတည္းက ထိုင္းႏိုင္ငံမွာ ျမန္မာဒုကၡသည္မ်ားရွိေနခဲ့ၿပီး အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ျမန္မာႏိုင္ငံဘက္ျခမ္းမွ ထိုင္းႏိုင္ငံကို ေနရပ္စြန႔္ခြာထြက္ေျပးသူအေရအတြက္ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်၌ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မကျင်းပဖြစ်ခဲ့သော မဲဆန္ဒနယ်(၉)ခုအပါအဝင် ပြည်နယ်တစ်ခုလုံးအတွက် မဲရုံသုံးပစ္စည်းများပြင်ဆင်နေဟုဆို
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း