Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်၌ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မကျင်းပဖြစ်ခဲ့သော မဲဆန္ဒနယ်(၉)ခုအပါအဝင် ပြည်နယ်တစ်ခုလုံးအတွက် မဲရုံသုံးပစ္စည်းများပြင်ဆင်နေဟုဆို

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၆

ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်၌ မကျင်းပခဲ့သော မဲဆန္ဒနယ် (၉)ခုအပါအဝင် ပြည်နယ်တစ်ခုလုံးအတွက် မဲရုံသုံးပစ္စည်းများကို ကြိုတင်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ လာမည့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းများနှင့် မဲရုံသုံးပစ္စည်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

“လောလောဆယ်ကျွန်တော်တို့က လူဦးရေစာရင်းပြုစုတာ လုပ်တာပေါ့။ ကျွန် တော်တို့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ မဲဆန္ဒရှင်စာရင်းပြုစုဖို့ရာအတွက် ဥပဒေအရဆိုရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မြေပြင်လူဦးရေစာရင်းကို လဝကက စီစစ်တယ်။ စီစစ်ပြီးတော့မှ မဲဆန္ဒရှင် အရည်အချင်းနဲ့ကိုက်ညီတဲ့ လူတွေရဲ့ အမည်စာရင်းကို ကျွန်တော်တို့ကို ပေးရတယ်။ အဲဒါပြီးတော့မှ ကျွန်တော်တို့က မဲစာရင်းစပြုစုရမှာပေါ့” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲ အရာရှိတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲ၌ မကျင်းပဖြစ်ခဲ့သော ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တို့တွင် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီမှာ ရခိုင်ပြည်နယ်အတွင်းမှာဆိုလို့ရှိရင် မဲရုံကိစ္စတွေပေါ့နော် ဒါတွေ လည်း ကျွန်တော်တို့က ဆောင်ရွက်နေတယ်။ မဲရုံ သုံးပစ္စည်းတွေ၊ မဲရုံစာရင်းတွေပေါ့နော်။ အဲဒီဟာလောက်ပဲ ကျွန်တော်တို့ လုပ်သေးတယ်။ မဲဆန္ဒရှင်စာရင်းတော့ မကိုင်ရ သေးဘူး။ သူတို့ဆီကနေ ရတော့မှာပဲ ကိုင်ရမှာပေါ့။ အရင်က ရခိုင်မှာ ရွေးကောက် ပွဲ မလုပ်ခဲ့တာက (၉)မြို့နယ်ရှိတယ်။ ရွေးကောက်ပွဲလုပ်ခဲ့တာက (၈)မြို့နယ်ပဲရှိတယ်။ အခုက မဲရုံသုံးပစ္စည်း၊ မဲရုံစာရင်းတွေကို တစ်ပြည်နယ်လုံးစာအတွက် ပြင်ဆင်နေတာရှိတယ်” ဟု ရွေးကောက်ပွဲအရာရှိက ဆက်လက်ပြောသည်။

၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်အပါအဝင် စုစုပေါင်း(၉)မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

နစကအနေဖြင့် လာမည့် ၂ဝ၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပြုထားပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR) ဖြင့် ကျင့်သုံးကျင်းပရန် စီစဉ်လျက်ရှိသည်။

သို့သော် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒနယ်မြေများကို မည်သို့ မည်ပုံ သတ်မှတ်မည်ကို တိတိကျကျ မသိရှိရသေးပေ။


zawgyi version

ရခိုင္၌ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မက်င္းပျဖစ္ခဲ့ေသာ မဲဆႏၵနယ္(၉)ခုအပါအဝင္ ျပည္နယ္တစ္ခုလုံးအတြက္ မဲ႐ုံသုံးပစၥည္းမ်ား ျပင္ဆင္ေနဟုဆို

မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၆

ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ရခိုင္၌ မက်င္းပခဲ့ေသာ မဲဆႏၵနယ္ (၉)ခုအပါအဝင္ ျပည္နယ္တစ္ခုလုံးအတြက္ မဲ႐ုံသုံးပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္ေနေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း၌ လာမည့္ေ႐ြးေကာက္ပြဲအတြက္ ေျမျပင္လူဦး ေရစာရင္းေကာက္ယူျခင္းမ်ားႏွင့္ မဲ႐ုံသုံးပစၥည္းမ်ား ျပင္ဆင္ျခင္းတို႔ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“ေလာေလာဆယ္ကြၽန္ေတာ္တို႔က လူဦးေရစာရင္းျပဳစုတာ လုပ္တာေပါ့။ ကြၽန္ ေတာ္တို႔ ေ႐ြးေကာက္ပြဲအတြက္ လိုအပ္တဲ့ မဲဆႏၵရွင္စာရင္းျပဳစုဖို႔ရာအတြက္ ဥပေဒအရဆိုရင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ ေျမျပင္လူဦးေရစာရင္းကို လဝကက စီစစ္တယ္။ စီစစ္ၿပီးေတာ့မွ မဲဆႏၵရွင္ အရည္အခ်င္းနဲ႔ကိုက္ညီတဲ့ လူေတြရဲ႕ အမည္စာရင္းကို ကြၽန္ေတာ္တို႔ကို ေပးရတယ္။ အဲဒါၿပီးေတာ့မွ ကြၽန္ေတာ္တို႔က မဲစာရင္းစျပဳစုရမွာေပါ့” ဟု ရခိုင္ျပည္နယ္ေ႐ြးေကာက္ပြဲ အရာရွိတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲ၌ မက်င္းပျဖစ္ခဲ့ေသာ ရခိုင္ ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္တို႔တြင္ ေျမျပင္လူဦးေရစာရင္းေကာက္ယူျခင္းလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ဒီမွာ ရခိုင္ျပည္နယ္အတြင္းမွာဆိုလို႔ရွိရင္ မဲ႐ုံကိစၥေတြေပါ့ေနာ္ ဒါေတြ လည္း ကြၽန္ေတာ္တို႔က ေဆာင္႐ြက္ေနတယ္။ မဲ႐ုံ သုံးပစၥည္းေတြ၊ မဲ႐ုံစာရင္းေတြေပါ့ေနာ္။ အဲဒီဟာေလာက္ပဲ ကြၽန္ေတာ္တို႔ လုပ္ေသးတယ္။ မဲဆႏၵရွင္စာရင္းေတာ့ မကိုင္ရ ေသးဘူး။ သူတို႔ဆီကေန ရေတာ့မွာပဲ ကိုင္ရမွာေပါ့။ အရင္က ရခိုင္မွာ ေ႐ြးေကာက္ ပြဲ မလုပ္ခဲ့တာက (၉)ၿမိဳ႕နယ္ရွိတယ္။ ေ႐ြးေကာက္ပြဲလုပ္ခဲ့တာက (၈)ၿမိဳ႕နယ္ပဲရွိတယ္။ အခုက မဲ႐ုံသုံးပစၥည္း၊ မဲ႐ုံစာရင္းေတြကို တစ္ျပည္နယ္လုံးစာအတြက္ ျပင္ဆင္ေနတာရွိတယ္” ဟု ေ႐ြးေကာက္ပြဲအရာရွိက ဆက္လက္ေျပာသည္။

၂ဝ၂ဝ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္ရွိ ေပါက္ေတာၿမိဳ႕နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္ေတာၿမိဳ႕နယ္အပါအဝင္ စုစုေပါင္း(၉)ၿမိဳ႕နယ္၌ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။

နစကအေနျဖင့္ လာမည့္ ၂ဝ၂၃ ခုႏွစ္အတြင္း ေ႐ြးေကာက္ပြဲ က်င္းပေပးမည္ဟု ကတိျပဳထားၿပီး ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ျဖင့္ က်င့္သုံးက်င္းပရန္ စီစဥ္လ်က္ရွိသည္။

သို႔ေသာ္ PR စနစ္ျဖင့္ ေ႐ြးေကာက္ပြဲက်င္းပရာတြင္ မဲဆႏၵနယ္ေျမမ်ားကို မည္သို႔ မည္ပုံ သတ္မွတ္မည္ကို တိတိက်က် မသိရွိရေသးေပ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သြစတြီးယားမှာ နှင်းလျှောစီးလမ်းကြောင်းအတွင်း ဆီးနှင်းပြိုကျမှုကြောင့် လူနှစ်ဦး ပျောက်ဆုံးနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved