ချမ်းမြသာစည်မြို့နယ်တွင် အခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
Pearl (NP News) - ဧပြီ ၂၃
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် အခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့ (ဧပြီလ ၂၂ ရက်)၊ ညနေ (၅)နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြရည်နန္ဒာတိုက်တန်းတွင် နေထိုင်သူ (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ အခန်းအတွင်း၌ သေဆုံနေခဲ့ပြီး ပုပ်ပွနေခဲ့ကြောင်း သိရသည်။
"သူ့တိုက်ခန်းရှေ့ကလူကို အရက်ဝယ်ခိုင်းနေကျ။ အရင်နေ့က အရက်ဝယ်ခိုင်းပြီးတော့ နောက်ရက်ထွက်မလာတော့ဘူးတဲ့။ အပုပ်အနံ့ကလည်းရတော့ ကျွန်တော်တို့ကို အကြောင်းကြားတာ။ နေတာကလည်းအပေါ်ဆုံးအထပ်လည်းဖြစ်၊ မီးကလည်းပျက်နေတော့ အရက်သောက်ထားတဲ့အရှိန်နဲ့ အခုလိုဖြစ်သွားတာဖြစ်မယ်။ ဆုံးတာကတော့ (၂၁)ရက်နေ့ နေ့လည်ပိုင်းလောက်ကဆုံးတာလို့ ယူဆလို့ရတယ်"ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ရုပ်အလောင်းအား မန္တလေးဆေးရုံကြီး၊ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ အခန္းအတြင္း၌ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္းေတြ႕ရွိ
Pearl (NP News) - ဧၿပီ ၂၃
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ အခန္းအတြင္း၌ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန႔္ေန႔ (ဧၿပီလ ၂၂ ရက္)၊ ညေန (၅)နာရီအခ်ိန္ခန႔္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာအိမ္ယာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျမရည္နႏၵာတိုက္တန္းတြင္ ေနထိုင္သူ (၅၂)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ၎၏ အခန္းအတြင္း၌ ေသဆုံေနခဲ့ၿပီး ပုပ္ပြေနခဲ့ေၾကာင္း သိရသည္။
"သူ႔တိုက္ခန္းေရွ႕ကလူကို အရက္ဝယ္ခိုင္းေနက်။ အရင္ေန႔က အရက္ဝယ္ခိုင္းၿပီးေတာ့ ေနာက္ရက္ထြက္မလာေတာ့ဘူးတဲ့။ အပုပ္အနံ႔ကလည္းရေတာ့ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာ။ ေနတာကလည္းအေပၚဆုံးအထပ္လည္းျဖစ္၊ မီးကလည္းပ်က္ေနေတာ့ အရက္ေသာက္ထားတဲ့အရွိန္နဲ႔ အခုလိုျဖစ္သြားတာျဖစ္မယ္။ ဆုံးတာကေတာ့ (၂၁)ရက္ေန႔ ေန႔လည္ပိုင္းေလာက္ကဆုံးတာလို႔ ယူဆလို႔ရတယ္"ဟု ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ႐ုပ္အေလာင္းအား မႏၲေလးေဆး႐ုံႀကီး၊ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြသလွန်ဘုရားပွဲတော်၌ ကဆုန်ညောင်ရေးသွန်းပွဲတော်အပါအဝင် သံဃာတော်အပါး(၁ဝဝဝ) ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပသွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း