စဉ့်ကူးမြို့နယ်တွင် အမျိုးသား(၂)ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Pearl (NP News) - ဧပြီ ၂၃
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အမျိုးသား(၂)ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော ကိုမြတ်မင်းသူ(၂၃)နှစ် နှင့် ကိုသိန်းထက်အောင်(၂၅)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့အင်အား (၂ဝ)ဦးခန့်က ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီး ၎င်းတို့ (၂)ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ် ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
Pearl (NP News) - ဧပြီ ၂၃
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့နိုင်ငံများအနက် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်ထားသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့်(၃၆)တွင်ရပ်တည်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း