ကမ္ဘာ့နိုင်ငံများအနက် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်ထားသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့်(၃၆)တွင်ရပ်တည်နေ
ဂျန်ဇက် (NP News) - ဧပြီ ၂၃
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် စစ်ဘက်သုံး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများထဲတွင် အဆင့် (၃၆)၌ရပ်တည်လျက်ရှိနေကြောင်း Globalfirepower အဖွဲ့၏ ဖော်ပြချက်များအရသိရသည်။
အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း (၁၄၅)နိုင်ငံ၏ တိုက် လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်များအများဆုံးပိုင်ဆိုင်မှုအခြေအနေများကို လေ့လာသုံးသပ်ပြီးနောက် ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ စစ်လေယာဉ်များအများဆုံးပိုင်ဆိုင်မှုကို ကမ္ဘာ့အဆင့်သတ်မှတ်ကာဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့၏ လေ့လာသုံးသပ်ဖော်ပြမှုများတွင် လေယာဉ်တင် သင်္ဘောများအပေါ်တွင် အသုံးပြုသောတိုက်လေယာဉ်များ၊ လေ့ကျင့်ရေးသုံးစစ်လေယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်များ အရေအတွက်ကိုထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အမေရိကန်က ကမ္ဘာပေါ်တွင် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေကာ စစ်ဘက်သုံးလေယာဉ်၊ ရဟတ်ယာဉ်အစင်းရေပေါင်း (၁၃၃ဝဝ) ပိုင်ဆိုင်ထားကြောင်းသိရသည်။
၂ဝ၂၃ ခုနှစ်အတွင်း စစ်ဘက်သုံးလေယာဉ်၊ ရဟတ်ယာဉ် အများဆုံးပိုင်ဆိုင်ထားသော ကမ္ဘာ့ထိပ်ဆုံးငါးနိုင်ငံထဲတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ နှင့် တောင်ကိုရီးယားတို့က ရပ်တည်လျက်ရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံသည် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်အစီးရေပေါင်း အနည်းဆုံး(၂၈ဝ) ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် (၃၆)နေရာတွင်ရပ်တည်နေကြောင်း သိရသည်။ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအ ဝင် စစ်ဘက်သုံးလေယာဉ်အများဆုံး ပိုင်ဆိုင်ထားသောနိုင်ငံများထဲတွင် ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံနောက် တတိယနေရာတွင်ရပ်တည်နေကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများထဲတွင် စစ်ဘက်သုံးလေယာဉ်အများဆုံး ပိုင်ဆိုင်ထားသောနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ် အစီးရေပေါင်း အနည်းဆုံး(၄၈၈) စီးပိုင်ဆိုင်ထားသကဲ့သို့ အင်ဒိုနီးရှားက စစ်ဘက်သုံးလေယာဉ် အစီးရေပေါင်း (၄၆၆)စီးပိုင်ဆိုင်ထားကြောင်းသိရသည်။ Globalfirepower အဖွဲ့ ၏ ၂ဝ၂၃ ခုနှစ်အတွက် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်သော စာရင်းတွင် အရှေ့တောင်အာရှဒေသအတွင်းရှိနိုင်ငံများဖြစ်သော အရှေ့တီမောနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံတို့ ပါဝင်ခြင်းမရှိကြောင်းသိရသည်။
zawgyi version
ကမာၻ႔ႏိုင္ငံမ်ားအနက္ စစ္ဘက္သုံးေလယာဥ္အမ်ားဆုံးပိုင္ဆိုင္ထားေသာ ႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္(၃၆)တြင္ရပ္တည္ေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃
ျမန္မာႏိုင္ငံသည္ ကမာၻ႔ႏိုင္ငံမ်ားထဲတြင္ စစ္ဘက္သုံး တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ား အမ်ားဆုံးပိုင္ဆိုင္ထားေသာႏိုင္ငံမ်ားထဲတြင္ အဆင့္ (၃၆)၌ရပ္တည္လ်က္ရွိေနေၾကာင္း Globalfirepower အဖြဲ႕၏ ေဖာ္ျပခ်က္မ်ားအရသိရသည္။
အဆိုပါအဖြဲ႕သည္ ကမာၻတဝွမ္းရွိ ႏိုင္ငံေပါင္း (၁၄၅)ႏိုင္ငံ၏ တိုက္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားအပါအဝင္ စစ္ဘက္သုံးေလယာဥ္မ်ားအမ်ားဆုံးပိုင္ဆိုင္မႈအေျခအေနမ်ားကို ေလ့လာသုံးသပ္ၿပီးေနာက္ ၂ဝ၂၃ ခုႏွစ္အတြက္ ကမာၻတဝွမ္းရွိႏိုင္ငံမ်ား၏ စစ္ေလယာဥ္မ်ားအမ်ားဆုံးပိုင္ဆိုင္မႈကို ကမာၻ႔အဆင့္သတ္မွတ္ကာေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕၏ ေလ့လာသုံးသပ္ေဖာ္ျပမႈမ်ားတြင္ ေလယာဥ္တင္ သေဘၤာမ်ားအေပၚတြင္ အသုံးျပဳေသာတိုက္ေလယာဥ္မ်ား၊ ေလ့က်င့္ေရးသုံးစစ္ေလယာဥ္မ်ားအပါအဝင္ စစ္ဘက္သုံးေလယာဥ္မ်ား အေရအတြက္ကိုထည့္သြင္းတြက္ခ်က္ထားျခင္းျဖစ္ၿပီး အေမရိကန္က ကမာၻေပၚတြင္ စစ္ဘက္သုံးေလယာဥ္အမ်ားဆုံးပိုင္ဆိုင္ထားေသာႏိုင္ငံအျဖစ္ ထိပ္ဆုံးတြင္ရပ္တည္ေနကာ စစ္ဘက္သုံးေလယာဥ္၊ ရဟတ္ယာဥ္အစင္းေရေပါင္း (၁၃၃ဝဝ) ပိုင္ဆိုင္ထားေၾကာင္းသိရသည္။
၂ဝ၂၃ ခုႏွစ္အတြင္း စစ္ဘက္သုံးေလယာဥ္၊ ရဟတ္ယာဥ္ အမ်ားဆုံးပိုင္ဆိုင္ထားေသာ ကမာၻ႔ထိပ္ဆုံးငါးႏိုင္ငံထဲတြင္ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယ ႏွင့္ ေတာင္ကိုရီးယားတို႔က ရပ္တည္လ်က္ရွိေနေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံသည္ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားအပါအဝင္ စစ္ဘက္သုံးေလယာဥ္အစီးေရေပါင္း အနည္းဆုံး(၂၈ဝ) ပိုင္ဆိုင္ထားၿပီး ကမာၻ႔အဆင့္ (၃၆)ေနရာတြင္ရပ္တည္ေနေၾကာင္း သိရသည္။ ျမန္မာ ႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသအတြင္းရွိ ႏိုင္ငံမ်ားထဲတြင္ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားအပါအ ဝင္ စစ္ဘက္သုံးေလယာဥ္အမ်ားဆုံး ပိုင္ဆိုင္ထားေသာႏိုင္ငံမ်ားထဲတြင္ ထိုင္းႏိုင္ငံ ႏွင့္ အင္ဒိုနီးရွားႏိုင္ငံေနာက္ တတိယေနရာတြင္ရပ္တည္ေနေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသရွိ ႏိုင္ငံမ်ားထဲတြင္ စစ္ဘက္သုံးေလယာဥ္အမ်ားဆုံး ပိုင္ဆိုင္ထားေသာႏိုင္ငံအျဖစ္ ထိပ္ဆုံးတြင္ရပ္တည္ေနၿပီး တိုက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားအပါအဝင္ စစ္ဘက္သုံးေလယာဥ္ အစီးေရေပါင္း အနည္းဆုံး(၄၈၈) စီးပိုင္ဆိုင္ထားသကဲ့သို႔ အင္ဒိုနီးရွားက စစ္ဘက္သုံးေလယာဥ္ အစီးေရေပါင္း (၄၆၆)စီးပိုင္ဆိုင္ထားေၾကာင္းသိရသည္။ Globalfirepower အဖြဲ႕ ၏ ၂ဝ၂၃ ခုႏွစ္အတြက္ စစ္ဘက္သုံးေလယာဥ္အမ်ားဆုံးပိုင္ဆိုင္ေသာ စာရင္းတြင္ အေရွ႕ေတာင္အာရွေဒသအတြင္းရွိႏိုင္ငံမ်ားျဖစ္ေသာ အေရွ႕တီေမာႏိုင္ငံ၊ ဘ႐ူးႏိုင္းႏိုင္ငံတို႔ ပါဝင္ျခင္းမရွိေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းတိုင်း၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း(၄)ခုမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃ဝဝ)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း