Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်ရှိ အိုမီခရွန်မျိုးကွဲသည် ယခင်မျိုးကွဲထက် ကူးစက်မှု (၁ ဒသမ ၂၇)ဆအထိ မြန်ဆန်ဟု ကျန်းမာရေးဝန်ကြီး သတိပေး

မျိုးကြီး (NP News) - ဧပြီ ၂၂

လက်ရှိ ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲသည် ယခင်မျိုးကွဲထက် ကူးစက်မှုသည် (၁ ဒသမ ၂၇)ဆအထိ မြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက သတိပေးပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ဧပြီလ ၂၁ ရက်တွင် ကျင်းပသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှု အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၌ ကူးစက်ဖြစ်ပွားနေသော မျိုးရိုးဗီဇပြောင်း ပိုးအိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက်ဖြစ်ပွားခဲ့သော ဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမို မြန်ဆန်ကြောင်း ၎င်းက ဆိုသည်။

ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုမှာလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။

လက်ရှိဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲသည် အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင် ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်းလည်း သိရသည်။

ထိုသို့ ကူးစက်မှုများကို ကုသရာတွင် လက်ရှိမြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကုသသည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးများဖြင့်သာ ကုသမှုပေးနိုင်ပြီး ကာကွယ်ဆေးများသည်လည်း ထိရောက်မှုရှိကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အသစ်ထွက်ပေါ်လာသော အိုမီခရွန်ဗီဇပြောင်းပိုးများနှင့်ပတ်သက်၍ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာပါက အသွားအလာကန့်သတ်ထားရှိရန်၊ ကုသရေးစင်တာများ ကြိုတင်ပြင်ဆင်ထားရှိရန်အတွက်လည်း အသိပေးပြောဆိုထားသည်။

zawgyi version

လက္ရွိ အိုမီခ႐ြန္မ်ိဳးကြဲသည္ ယခင္မ်ိဳးကြဲထက္ ကူးစက္မႈ (၁ ဒသမ ၂၇)ဆအထိ ျမန္ဆန္ဟု က်န္းမာေရးဝန္ႀကီး သတိေပး

မ်ိဳးႀကီး (NP News) - ဧၿပီ ၂၂

လက္ရွိ ျဖစ္ပြားေနေသာ အိုမီခ႐ြန္မ်ိဳးကြဲသည္ ယခင္မ်ိဳးကြဲထက္ ကူးစက္မႈသည္ (၁ ဒသမ ၂၇)ဆအထိ ျမန္ဆန္ေၾကာင္း က်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက သတိေပးေျပာဆိုလိုက္သည္။

ေနျပည္ေတာ္ရွိ က်န္းမာေရးဝန္ႀကီးဌာန၌ ဧၿပီလ ၂၁ ရက္တြင္ က်င္းပေသာ ကိုဗစ္-၁၉ ေရာဂါ မ်ိဳး႐ိုးဗီဇေျပာင္းပိုး အိုမီခ႐ြန္မ်ိဳးကြဲ XBB.1.16 ျဖစ္ပြားမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ ကူးစက္ျဖစ္ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ဝန္ႀကီးက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ယခုဧၿပီလအတြင္း ကိုဗစ္-၁၉ ေရာဂါျပည္တြင္းကူးစက္မႈ အနည္းငယ္ျမင့္တက္လာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာသည္။

ထို႔ျပင္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ေဒသတြင္းႏိုင္ငံမ်ား၌ ကူးစက္ျဖစ္ပြားေနေသာ မ်ိဳး႐ိုးဗီဇေျပာင္း ပိုးအိုမီခ႐ြန္မ်ိဳးကြဲ XBB.1.16 သည္ ယခင္ကူးစက္ျဖစ္ပြားခဲ့ေသာ ဗီဇေျပာင္းပိုး အိုမီခ႐ြန္မ်ိဳးကြဲ XBB.1 ႏွင့္ XBB.1.5 ကူးစက္မႈထက္ ၁ ဒသမ ၂၇ ဆအထိ ပိုမို ျမန္ဆန္ေၾကာင္း ၎က ဆိုသည္။

ကူးစက္မႈျမန္ဆန္ေသာ္လည္း ေရာဂါလကၡဏာမ်ားသည္ ပိုမိုျပင္းထန္မႈမရွိေၾကာင္း၊ ေဆး႐ုံတက္ေရာက္ကုသခံရမႈႏွင့္ ေသဆုံးမႈမွာလည္း ပိုမိုျမင့္မားျခင္းမရွိေၾကာင္း ဝန္ႀကီးက ဆက္လက္ေျပာဆိုထားသည္။

လက္ရွိျဖစ္ပြားေနေသာ အိုမီခ႐ြန္မ်ိဳးကြဲသည္ အသက္အ႐ြယ္ႀကီးသူမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားတြင္ ကူးစက္မႈႏႈန္း ပိုမိုျမင့္မားႏိုင္ေၾကာင္းလည္း သိရသည္။

ထိုသို႔ ကူးစက္မႈမ်ားကို ကုသရာတြင္ လက္ရွိျမန္မာႏိုင္ငံ၌ အသုံးျပဳလ်က္ရွိေသာ ကိုဗစ္-၁၉ ေရာဂါကုသသည့္ ဗိုင္းရပ္စ္ပိုးသတ္ေဆးဝါးမ်ားျဖင့္သာ ကုသမႈေပးႏိုင္ၿပီး ကာကြယ္ေဆးမ်ားသည္လည္း ထိေရာက္မႈရွိေၾကာင္း သိရသည္။

ထို႔ျပင္ ဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက အသစ္ထြက္ေပၚလာေသာ အိုမီခ႐ြန္ဗီဇေျပာင္းပိုးမ်ားႏွင့္ပတ္သက္၍ မ်ိဳး႐ိုးဗီဇစစ္ေဆးျခင္းကို တိုးျမႇင့္ေဆာင္႐ြက္ရန္ တိုက္တြန္းထားၿပီး ေရာဂါကူးစက္ျဖစ္ပြားမႈ မ်ားျပားလာပါက အသြားအလာကန႔္သတ္ထားရွိရန္၊ ကုသေရးစင္တာမ်ား ႀကိဳတင္ျပင္ဆင္ထားရွိရန္အတြက္လည္း အသိေပးေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘောဒီးယားနိုင်ငံက ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် သီတင်းနှစ်ပတ်ကြာ ကျင်းပသွားမည်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved