အမှားများထပ်မံမလုပ်ရန် အသင်းကစားသမားများကို သတိပေးလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ
Pika (NP News) - ဧပြီ ၂၂
ဧပြီလ (၂၁)ရက် ညက ဆောက်သမ်တန်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် (၃)ဂိုးစီ သရေကျခဲ့ခြင်းနှင့်ပတ်သက်ပြီး နောက်ထပ်အမှားများမလုပ်ကြရန် အသင်းကစားသမားများကို အာဆင်နယ်နည်းပြ အာတီတာက သတိပေးပြောဆိုခဲ့ကြောင်းသိရသည်။
အာဆင်နယ်အသင်းသည် ဆောက်သမ်တန်အသင်းနှင့်ကစားခဲ့သော ပွဲတွင် (၁၅)မိနစ်အတွင်း သွင်းဂိုး(၂)ဂိုးပေးခဲ့ရကြောင်းသိရသည်။ သို့သော်လည်း အာဆင်နယ်အသင်းကစားသမား မာတင်နယ်လီသည် ပွဲချိန်မိနစ်(၂ဝ)တွင် အသင်းအတွက် ချေပဂိုးကို ပင်နယ်တီဧရိယာအတွင်းမှ ပြန်လည်သွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်။ အာဆင်နယ်အသင်းသည် ပွဲချိန်(၆၆)မိနစ်တွင် တစ်ဂိုးထပ်မံပေးခဲ့ရသော်လည်း အသင်းကစားသမားများဖြစ်သည့် အိုဒီဂါ့ဒ်နှင့် ဆာကာတို့၏ နောက်ကျသွင်းဂိုးများဖြင့် (၃)ဂိုးစီပြန်လည်သရေကျခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့်(၃)ပွဲတွင် သရေကျခဲ့သော်လည်း ကစားသမားများ၏ ခြေစွမ်းများမှာ ဆက်လက်မြင့်မားနေမည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြအာတီတာကပြောဆိုခဲ့သည်။ နည်းပြအာတီတာက"ကစားသမားတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့ရင် စိုးရိမ်မှုတွေက ဖြစ်လာမှာပါ။ အမှားတွေလုပ်မိတာက ကောင်းတဲ့အခိုက်အတန့်မဟုတ်တဲ့အတွက် အဲဒီကနေရုန်းထွက်လာရမှာပါ။ အသင်းကစားသမားတွေ ယုံကြည်မှုကင်းမဲ့နေတာမျိုးကို ကျွန်တော်မတွေ့မိပါဘူး။ကျွန်တော်တို့ (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ သရေကျအောင်ပြန်ကစားနိုင်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အာဆင်နယ်အသင်းသည် မန်စီးတီးအသင်းနှင့် (၅)မှတ်ကွာနေသော်လည်း မန်စီးတီးသည် ကစားရန် နှစ်ပွဲကျန်ရှိနေပြီး အဆိုပါလက်ကျန်နှစ်ပွဲလုံးကို အနိုင်ရရှိပါက မန်စီးတီးက အာဆင်နယ်အသင်းကို ဖြတ်ကျော်ကာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများထွက်ပေါ်နေသည်။ အာဆင်နယ်အသင်းသည် လာမည့် ဧပြီလ(၂၇)ရက်တွင် မန်စီးတီးအသင်းနှင့် အကြိတ်အနယ်ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
monofin ဝတ်စုံကိုဝတ်ဆင်ပြီး အကွာအဝေး ရေမိုင်(၃ဝ)ကို ကူးပြကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသမီး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း