monofin ဝတ်စုံကိုဝတ်ဆင်ပြီး အကွာအဝေး ရေမိုင်(၃ဝ)ကို ကူးပြကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသမီး
Pika (NP News) - ဧပြီ ၂၂
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော "Mermaid Merle" ဟုလူသိများသည့် ရေကူးသမားတစ်ဦးသည် monofin (ရေသူမ အမြီးပုံစံရေယက်)ကို ဝတ်ဆင်ကာ ရေမိုင်(၃ဝ)ကိုကူးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။
"Mermaid Merle" နှင့် "Eco Mermaid"ဟူသော နာမည်ပြောင်များရရှိထားသည့် Merle Liivand က ၎င်းသည် ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လူအများသိစေရန်နှင့် ထိန်းသိမ်းရေးကို ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ရေကူးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Merle Liivand သည် မိုင်ယာမီကမ်းခြေ Biscayne ပင်လယ်အော်တွင် monofin ကိုဝတ်ဆင်ကာ မိုင်(၃ဝ)အထိ ရေကူးပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းသည် အဆိုပါရေမိုင်(၃ဝ)ကို (၁၄)နာရီနှင့် (၁၅)မိနစ်ကြာ ကူးခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် ရေကူးနေချိန်အတွင်း ပင်လယ်အတွင်းရှိ အမှိုက်များကိုလည်း ဆယ်ယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Merle Liivand သည် monofin ကိုဝတ်ဆင်ကာ (၂ဝ၂၂)ခုနှစ်က အကွာအဝေးရေမိုင် (၂၆ ဒသမ ၂၂)မိုင်ကို ကူးခတ်နိုင်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် အဆိုပါစံချိန်ကို ထပ်မံချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
zawgyi version
monofin ဝတ္စုံကိုဝတ္ဆင္ၿပီး အကြာအေဝး ေရမိုင္(၃ဝ)ကို ကူးျပကာ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီး
Pika (NP News) - ဧၿပီ ၂၂
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္ ေနထိုင္ေသာ "Mermaid Merle" ဟုလူသိမ်ားသည့္ ေရကူးသမားတစ္ဦးသည္ monofin (ေရသူမ အၿမီးပုံစံေရယက္)ကို ဝတ္ဆင္ကာ ေရမိုင္(၃ဝ)ကိုကူးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
"Mermaid Merle" ႏွင့္ "Eco Mermaid"ဟူေသာ နာမည္ေျပာင္မ်ားရရွိထားသည့္ Merle Liivand က ၎သည္ ပင္လယ္သမုဒၵရာ ထိန္းသိမ္းေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး လူအမ်ားသိေစရန္ႏွင့္ ထိန္းသိမ္းေရးကို ပိုမိုျမႇင့္တင္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ေရကူးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ Merle Liivand သည္ မိုင္ယာမီကမ္းေျခ Biscayne ပင္လယ္ေအာ္တြင္ monofin ကိုဝတ္ဆင္ကာ မိုင္(၃ဝ)အထိ ေရကူးျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ၎သည္ အဆိုပါေရမိုင္(၃ဝ)ကို (၁၄)နာရီႏွင့္ (၁၅)မိနစ္ၾကာ ကူးခတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
၎သည္ ေရကူးေနခ်ိန္အတြင္း ပင္လယ္အတြင္းရွိ အမႈိက္မ်ားကိုလည္း ဆယ္ယူႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ Merle Liivand သည္ monofin ကိုဝတ္ဆင္ကာ (၂ဝ၂၂)ခုႏွစ္က အကြာအေဝးေရမိုင္ (၂၆ ဒသမ ၂၂)မိုင္ကို ကူးခတ္ႏိုင္ခဲ့ဖူးၿပီး လက္ရွိအခ်ိန္တြင္ အဆိုပါစံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ပေါ့ပ်စူပါစတား ED Sheeran က Copy Right ပြုလုပ်ကြောင်း တရားစွဲခံနေရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း