Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းလိုအပ်နေသော စစ်လက်နက်ပစ္စည်းများကို အနောက်အုပ်စုနိုင်ငံများက အပြည့်အဝပေးပို့နိုင်ခြင်းမရှိသေးဟုဆို

Pika (NP News) - ဧပြီ ၂၂ 

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ယူကရိန်းကလိုအပ်သော တင့်ကားများ၊ အမြောက်ကျည်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို အပြည့်အဝပေးပို့ခြင်းမျိုးမရှိသေးကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပေါက်ကြားလာသော အချက်အလက်များကို ကိုးကားပြီး New York Times သတင်းစာကဖော်ပြခဲ့သည်။

ရုရှားကို ထိုးစစ်ဆင်ရန်အတွက် ယူကရိန်းသည် တင့်ကား(၂၅၃)စီးလိုအပ်နိုင်ကြောင်း အမေရိကန်စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများက ခန့်မှန်းထားခဲ့သော်လည်း ယူကရိန်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းအထိ တင့်ကားအစီးရေ(၂ဝဝ)ခန့်သာ စုဆောင်းရရှိထားကြောင်းသိရသည်။ အဆိုပါတင့်ကားများအနက် (၁၄ဝ)မှာ ဆိုဗီယက်ခေတ်သုံးတင့်ကားများဖြစ်ပြီး အနောက်အုပ်စုနိုင်ငံများက ထုတ်လုပ်သည့်တင့်ကားအစီးရေ(၆ဝ)ခန့်ကိုလည်း ဧပြီလမှသာ လက်ခံရရှိနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ တင့်ကားများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ်များနှင့် အခြားလက်နက်များကို ထောက်ပံ့ပေးမည်ဆိုသည့် ကတိကဝတ်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အခက်အခဲများရှိနေကြောင်း New York Times သတင်းစာကဖော်ပြခဲ့သည်။

အမေရိကန်သည် ကတိပြုထားသည့်အတိုင်း M1 Abrams အမျိုးအစားတင့်ကားများကို ယူကရိန်းသို့ အလျင်အမြန်ပေးပို့ပေးရန် လုပ်ဆောင်နေကြောင်းလည်းသိရသည်။ ဗြိတိန်သည် British Challenger 2 အမျိုးအစား တင့်ကားများ ယူကရိန်းသို့ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ဂျာမနီသည် ၎င်းတို့နိုင်ငံထုတ် Leopard တင့်ကား အများစုကို ပေးပို့ရန်အတွက် ပြန်လည်ပြုပြင်မွမ်းမံနေရဆဲဖြစ်ကြောင်းသိရသည်။ ယူကရိန်းသို့ (၁၅၅)မီလီမီတာအမြောက်ကျည်များထောက်ပံ့မှုသည် မတ်လ(၁)ရက်တွင် (၉၈ဝဝ)အထိ ကျဆင်းသွားသော်လည်း အမေရိကန်သည် နောက်ထပ်(၁၂)ရက်အတွင်း အမြောက်ကျည်(၃ဝဝဝဝ)ခန့် ပေးပို့ခဲ့ကြောင်းသိရသည်။

ယူကရိန်းသည် အမြောက်ကျည်ဆန်များကို မရှိမဖြစ်လိုအပ်နေသော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စက်မှုလုပ်ငန်းများသည် ယူကရိန်း၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန်အတွက် နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်း the Timesသတင်းစာကဖော်ပြခဲ့သည်။ အမေရိကန်သည် ယူကရိန်းသို့ အကွာအဝေး(၁၄၀)ကီလိုမီတာခန့်သာ ရောက်ရှိနိုင်သော (GLSDB) ဒုံးကျည်များသာထောက်ပံ့ပေးရန် ကမ်းလှမ်းထားပြီး ၎င်းတို့ကိုတည်ဆောက်ရန်နှင့် ထုတ်လုပ်ရန်အတွက် လများစွာကြာနိုင်ကြောင်း the Times သတင်းစာကဖော်ပြခဲ့သည်။ သို့သော်လည်း ယူကရိန်းသည် (GLSDB)ဒုံးကျည်များကို အသုံးပြုပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသကဲ့သို့ အဆိုပါဒုံးကျည်များကို ရုရှား၏လေကြောင်းရန်ကာကွယ် ရေးစနစ်များက ကြားဖြတ်ဟန့်တားခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။

zawgyi version

ယူကရိန္းလိုအပ္ေနေသာ စစ္လက္နက္ပစၥည္းမ်ားကို အေနာက္အုပ္စုႏိုင္ငံမ်ားက အျပည့္အဝေပးပို႔ႏိုင္ျခင္းမရွိေသးဟုဆို 

Pika (NP News) - ဧၿပီ ၂၂ 

အေမရိကန္ႏွင့္ ၎၏မဟာမိတ္ႏိုင္ငံမ်ားသည္ ယူကရိန္းကလိုအပ္ေသာ တင့္ကားမ်ား၊ အေျမာက္က်ည္မ်ားႏွင့္ အျခားေထာက္ပံ့ေရးပစၥည္းမ်ားကို အျပည့္အဝေပးပို႔ျခင္းမ်ိဳးမရွိေသးေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ေပါက္ၾကားလာေသာ အခ်က္အလက္မ်ားကို ကိုးကားၿပီး New York Times သတင္းစာကေဖာ္ျပခဲ့သည္။

႐ုရွားကို ထိုးစစ္ဆင္ရန္အတြက္ ယူကရိန္းသည္ တင့္ကား(၂၅၃)စီးလိုအပ္ႏိုင္ေၾကာင္း အေမရိကန္စစ္ဖက္ဆိုင္ရာတာဝန္ရွိသူမ်ားက ခန႔္မွန္းထားခဲ့ေသာ္လည္း ယူကရိန္းသည္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းအထိ တင့္ကားအစီးေရ(၂ဝဝ)ခန႔္သာ စုေဆာင္းရရွိထားေၾကာင္းသိရသည္။ အဆိုပါတင့္ကားမ်ားအနက္ (၁၄ဝ)မွာ ဆိုဗီယက္ေခတ္သုံးတင့္ကားမ်ားျဖစ္ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားက ထုတ္လုပ္သည့္တင့္ကားအစီးေရ(၆ဝ)ခန႔္ကိုလည္း ဧၿပီလမွသာ လက္ခံရရွိႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းသို႔ တင့္ကားမ်ား၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား၊ တိုက္ေလယာဥ္မ်ားႏွင့္ အျခားလက္နက္မ်ားကို ေထာက္ပံ့ေပးမည္ဆိုသည့္ ကတိကဝတ္မ်ားကို ျဖည့္ဆည္းႏိုင္ရန္အတြက္ အခက္အခဲမ်ားရွိေနေၾကာင္း New York Times သတင္းစာကေဖာ္ျပခဲ့သည္။

အေမရိကန္သည္ ကတိျပဳထားသည့္အတိုင္း M1 Abrams အမ်ိဳးအစားတင့္ကားမ်ားကို ယူကရိန္းသို႔ အလ်င္အျမန္ေပးပို႔ေပးရန္ လုပ္ေဆာင္ေနေၾကာင္းလည္းသိရသည္။ ၿဗိတိန္သည္ British Challenger 2 အမ်ိဳးအစား တင့္ကားမ်ား ယူကရိန္းသို႔ ေပးပို႔ခဲ့ၿပီးျဖစ္ေသာ္လည္း ဂ်ာမနီသည္ ၎တို႔ႏိုင္ငံထုတ္ Leopard တင့္ကား အမ်ားစုကို ေပးပို႔ရန္အတြက္ ျပန္လည္ျပဳျပင္မြမ္းမံေနရဆဲျဖစ္ေၾကာင္းသိရသည္။ ယူကရိန္းသို႔ (၁၅၅)မီလီမီတာအေျမာက္က်ည္မ်ားေထာက္ပံ့မႈသည္ မတ္လ(၁)ရက္တြင္ (၉၈ဝဝ)အထိ က်ဆင္းသြားေသာ္လည္း အေမရိကန္သည္ ေနာက္ထပ္(၁၂)ရက္အတြင္း အေျမာက္က်ည္(၃ဝဝဝဝ)ခန႔္ ေပးပို႔ခဲ့ေၾကာင္းသိရသည္။

ယူကရိန္းသည္ အေျမာက္က်ည္ဆန္မ်ားကို မရွိမျဖစ္လိုအပ္ေနေသာ္လည္း အေမရိကန္ႏွင့္ ဥေရာပသမဂၢတို႔၏ စက္မႈလုပ္ငန္းမ်ားသည္ ယူကရိန္း၏ေတာင္းဆိုမႈမ်ားကို ျဖည့္ဆည္းေပးရန္အတြက္ ႏွစ္ေပါင္းမ်ားစြာအခ်ိန္ယူရမည္ျဖစ္ေၾကာင္း the Timesသတင္းစာကေဖာ္ျပခဲ့သည္။ အေမရိကန္သည္ ယူကရိန္းသို႔ အကြာအေဝး(၁၄၀)ကီလိုမီတာခန႔္သာ ေရာက္ရွိႏိုင္ေသာ (GLSDB) ဒုံးက်ည္မ်ားသာေထာက္ပံ့ေပးရန္ ကမ္းလွမ္းထားၿပီး ၎တို႔ကိုတည္ေဆာက္ရန္ႏွင့္ ထုတ္လုပ္ရန္အတြက္ လမ်ားစြာၾကာႏိုင္ေၾကာင္း the Times သတင္းစာကေဖာ္ျပခဲ့သည္။ သို႔ေသာ္လည္း ယူကရိန္းသည္ (GLSDB)ဒုံးက်ည္မ်ားကို အသုံးျပဳၿပီးျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသကဲ့သို႔ အဆိုပါဒုံးက်ည္မ်ားကို ႐ုရွား၏ေလေၾကာင္းရန္ကာကြယ္ ေရးစနစ္မ်ားက ၾကားျဖတ္ဟန႔္တားခဲ့ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂွါတာနာမိုအကျဥ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ပိုမိုအိုမင်းလာသည့် ပုံစံများဖြစ်နေဟု ICRC ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved