ဂွါတာနာမိုအကျဥ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ပိုမိုအိုမင်းလာသည့် ပုံစံများဖြစ်နေဟု ICRC ပြော
Pika (NP News) - ဧပြီ ၂၂
ကျူးဘားနိုင်ငံ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန်ထိန်းသိမ်းရေးစခန်းတွင် နှစ်ပေါင်းများစွာထိန်း သိမ်းခံထားရသော အကျဥ်းသားများသည် ပိုမိုလျင်မြန်စွာ အိုမင်းလာသည့် လက္ခဏာများကို ပြသနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ICRC ၏ အမေရိကန်နှင့် ကနေဒါဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ Patrick Hamilton က"ဒီပြဿနာတွေကို ဖြေရှင်းဖို့ လုံလောက်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ကို ကျွန်တော်တို့တောင်းဆိုထားပါတယ်။ ဒါက ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။
ICRC ၏ အမေရိကန်နှင့် ကနေဒါဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ Patrick Hamilton သည် ပြီးခဲ့သည့်မတ်လတွင် အဆိုပါထိန်းသိမ်းရေးစခန်းသို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ Patrick Hamilton က"အထိန်းသိမ်းခံထားရတဲ့ သူတွေဟာ လျင်မြန်စွာ အိုမင်းခြင်းကို ကြုံတွေ့နေရပြီး ထိန်းသိမ်းရေးစခန်းမှာ နှစ်ပေါင်းများစွာထိန်းသိမ်းခံထားရခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ပိုဆိုးလာတာပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် အကျဥ်းသားများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ လုံ လောက်စွာရရှိရန်၊ မိသားစုနှင့် မကြာခဏထိတွေ့ဆက်ဆံမှုရရှိရန် ၎င်းကတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက လက်ရှိအချိန်တွင် အစီရင်ခံစာကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ (၂ဝဝ၁)ခုနှစ်တွင် နယူးယောက်မြို့နှင့် အမေရိကန်စစ်ဌာနချုပ်ကို လေယာဥ်ဖြင့်တိုက်ခိုက်မှုအတွင်းလူပေါင်း(၃ဝဝဝ)ကျော်သေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတဂျော့ဘုရှ်က (၂ဝဝ၂)ခုနှစ်တွင် ဂွါတာနာမို ထိန်းသိမ်းရေးစခန်းကိုတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် (၂ဝ၂၁)ခုနှစ်တွင် အဆိုပါထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရသူ(၄ဝ)ဦးရှိကြောင်းသိရသည်။ အမေရိကန်အစိုးရသည် အဆိုပါထိန်းသိမ်းရေးစခန်းကို ပိတ်ပစ်လိုသည်ဟု ပြောကြားခဲ့သော်လည်း ယင်းကဲ့သို့လုပ်ဆောင်ရန် အစီအစဥ်များကို တင်ပြခြင်းမျိုးမရှိကြောင်းသိရသည်။ ထို့ပြင် အဆိုပါထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော ညီအစ်ကိုနှစ်ဦးကို ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ၎င်းတို့၏နေရပ်ဖြစ်သော ပါကစ္စတန်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အကျဥ်းသား(၃ဝ)ဦးမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်ကြောင်းသိရသည်။
Patrick Hamilton သည် ထိန်းသိမ်းခံထားရသူများ၏ အိုမင်းလာမှုနှင့်ပတ်သက်ပြီး ဖြေရှင်းရန် အမေရိကန်ကို တိုက်တွန်းခဲ့ပြီး အရည်အချင်းပြည့်မီသောသူများကို လွှဲပြောင်းပေးရန် တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။
zawgyi version
ဂြါတာနာမိုအက်ဥ္းေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသူမ်ားသည္ ပိုမိုအိုမင္းလာသည့္ ပုံစံမ်ားျဖစ္ေနဟု ICRC ေျပာ
Pika (NP News) - ဧၿပီ ၂၂
က်ဴးဘားႏိုင္ငံ ဂြါတာနာမို ပင္လယ္ေအာ္ရွိ အေမရိကန္ထိန္းသိမ္းေရးစခန္းတြင္ ႏွစ္ေပါင္းမ်ားစြာထိန္း သိမ္းခံထားရေသာ အက်ဥ္းသားမ်ားသည္ ပိုမိုလ်င္ျမန္စြာ အိုမင္းလာသည့္ လကၡဏာမ်ားကို ျပသေနေၾကာင္း အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)မွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။
ICRC ၏ အေမရိကန္ႏွင့္ ကေနဒါဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲ Patrick Hamilton က"ဒီျပႆနာေတြကို ေျဖရွင္းဖို႔ လုံေလာက္တဲ့ ေျဖရွင္းခ်က္ေတြကို ရွာေဖြဖို႔ အေမရိကန္အစိုးရနဲ႔ ကြန္ဂရက္လႊတ္ေတာ္ကို ကြၽန္ေတာ္တို႔ေတာင္းဆိုထားပါတယ္။ ဒါက ဦးစားေပးလုပ္ေဆာင္ရမယ့္ ကိစၥတစ္ခုပါပဲ"ဟုေျပာဆိုခဲ့သည္။
ICRC ၏ အေမရိကန္ႏွင့္ ကေနဒါဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲ Patrick Hamilton သည္ ၿပီးခဲ့သည့္မတ္လတြင္ အဆိုပါထိန္းသိမ္းေရးစခန္းသို႔သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။ Patrick Hamilton က"အထိန္းသိမ္းခံထားရတဲ့ သူေတြဟာ လ်င္ျမန္စြာ အိုမင္းျခင္းကို ႀကဳံေတြ႕ေနရၿပီး ထိန္းသိမ္းေရးစခန္းမွာ ႏွစ္ေပါင္းမ်ားစြာထိန္းသိမ္းခံထားရျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈေတြေၾကာင့္ ပိုဆိုးလာတာပဲျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ အက်ဥ္းသားမ်ားကို စိတ္ပိုင္းဆိုင္ရာႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား လုံ ေလာက္စြာရရွိရန္၊ မိသားစုႏွင့္ မၾကာခဏထိေတြ႕ဆက္ဆံမႈရရွိရန္ ၎ကေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက လက္ရွိအခ်ိန္တြင္ အစီရင္ခံစာကို ျပန္လည္သုံးသပ္ေနေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ေျပာေရးဆိုခြင့္ရွိသူကေျပာၾကားခဲ့သည္။ (၂ဝဝ၁)ခုႏွစ္တြင္ နယူးေယာက္ၿမိဳ႕ႏွင့္ အေမရိကန္စစ္ဌာနခ်ဳပ္ကို ေလယာဥ္ျဖင့္တိုက္ခိုက္မႈအတြင္းလူေပါင္း(၃ဝဝဝ)ေက်ာ္ေသဆုံးခဲ့ၿပီးေနာက္ အေမရိကန္သမၼတေဂ်ာ့ဘုရွ္က (၂ဝဝ၂)ခုႏွစ္တြင္ ဂြါတာနာမို ထိန္းသိမ္းေရးစခန္းကိုတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ သမၼတအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့သည့္ (၂ဝ၂၁)ခုႏွစ္တြင္ အဆိုပါထိန္းသိမ္းေရးစခန္းမွာ ထိန္းသိမ္းခံထားရသူ(၄ဝ)ဦးရွိေၾကာင္းသိရသည္။ အေမရိကန္အစိုးရသည္ အဆိုပါထိန္းသိမ္းေရးစခန္းကို ပိတ္ပစ္လိုသည္ဟု ေျပာၾကားခဲ့ေသာ္လည္း ယင္းကဲ့သို႔လုပ္ေဆာင္ရန္ အစီအစဥ္မ်ားကို တင္ျပျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ ထို႔ျပင္ အဆိုပါထိန္းသိမ္းေရးစခန္းတြင္ ထိန္းသိမ္းခံထားရေသာ ညီအစ္ကိုႏွစ္ဦးကို ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ ၎တို႔၏ေနရပ္ျဖစ္ေသာ ပါကစၥတန္သို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး အက်ဥ္းသား(၃ဝ)ဦးမွာ ဆက္လက္က်န္ရွိေနဆဲျဖစ္ေၾကာင္းသိရသည္။
Patrick Hamilton သည္ ထိန္းသိမ္းခံထားရသူမ်ား၏ အိုမင္းလာမႈႏွင့္ပတ္သက္ၿပီး ေျဖရွင္းရန္ အေမရိကန္ကို တိုက္တြန္းခဲ့ၿပီး အရည္အခ်င္းျပည့္မီေသာသူမ်ားကို လႊဲေျပာင္းေပးရန္ တိုက္တြန္းခဲ့ေၾကာင္းလည္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ၁၂ ယာဉ်ပေါ်၌ လက်လုပ်မိုင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ