လယ်ဝေးမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိခဲ့သော နေရာများသို့ နစကဥက္ကဋ္ဌ သွားရောက်
မျိုးကြီး (NP News) - ဧပြီ ၂၂
နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိခဲ့သော နေရာဒေသများသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့(ဧပြီလ ၂၂ ရက်)၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ လေ ဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သော အောင်မြင်ကုန်းကျေးရွာသို့ သွားခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌအနေဖြင့် အောင်မြင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုကာ အားပေးစကားပြောဆိုခဲ့ပြီး အထောက်အပံ့ပစ္စည်းများကို ပေးအပ်သွားခဲ့ကြောင်း နစကမှ ဆိုသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် ဧပြီလ ၂၁ ရက် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
ထိုသို့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒေသခံပြည်သူ (၁ဝ၉)ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လေဆင်နှာမောင်းကြောင့် အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် (၁၅၅)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့မှာ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ တံတားဦးကျေးရွာရှိ လူနေအိမ်(၇၇)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့မှာလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၁ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။
zawgyi version
လယ္ေဝးၿမိဳ႕နယ္၌ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ လူထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေသာ ေနရာမ်ားသို႔ နစကဥကၠ႒ သြားေရာက္
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၂
ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၌ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈေၾကာင့္ လူထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေသာ ေနရာေဒသမ်ားသို႔ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သြားေရာက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔(ဧၿပီလ ၂၂ ရက္)၊ နံနက္ပိုင္းတြင္ လယ္ေဝးၿမိဳ႕နယ္ရွိ ေလ ဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေသာ ေအာင္ျမင္ကုန္းေက်း႐ြာသို႔ သြားခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကဥကၠ႒အေနျဖင့္ ေအာင္ျမင္ကုန္းေက်း႐ြာရွိ ေဒသခံျပည္သူမ်ားအား သြားေရာက္ၾကည့္ရႈကာ အားေပးစကားေျပာဆိုခဲ့ၿပီး အေထာက္အပံ့ပစၥည္းမ်ားကို ေပးအပ္သြားခဲ့ေၾကာင္း နစကမွ ဆိုသည္။
ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္ရွိ ေအာင္ျမင္ကုန္းေက်း႐ြာႏွင့္ တံတားဦးေက်း႐ြာတို႔တြင္ ဧၿပီလ ၂၁ ရက္ ညေန ၆ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈျဖစ္ပြားခဲ့ရာ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့သည္။
ထိုသို႔ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေဒသခံျပည္သူ (၆)ဦးထက္မနည္း ထိခိုက္ေသဆုံးခဲ့ၿပီး ေဒသခံျပည္သူ (၁ဝ၉)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေလဆင္ႏွာေမာင္းေၾကာင့္ ေအာင္ျမင္ကုန္းေက်း႐ြာရွိ လူေနအိမ္ (၁၅၅)လုံး၊ စာသင္ေက်ာင္း (၁)ေက်ာင္း၊ ေက်းလက္ေဆးေပးခန္း(၁)လုံး၊ ဘုန္းေတာ္ႀကီးေက်ာင္း(၁)ေက်ာင္းတို႔မွာ ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ တံတားဦးေက်း႐ြာရွိ လူေနအိမ္(၇၇)လုံး၊ ဘုန္းေတာ္ႀကီးေက်ာင္း(၁)ေက်ာင္းတို႔မွာလည္း ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဧၿပီလ ၂၁ ရက္တြင္လည္း စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ႏွင့္ ဘုတလင္ၿမိဳ႕နယ္တို႔အတြင္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္အမ်ားအျပား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာကိုအသုံးမပြုတော့ဘဲ ပြည်တွင်းငွေကြေးကိုသာ အသုံးပြုတော့မယ်လို့ အင်ဒိုနီးရှားဗဟိုဘဏ်အကြီးအကဲပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ