လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် (၆)ဦးထက်မနည်းသေဆုံးကာ လူနှင့် အိမ်ခြေအများအပြားထိခိုက်ပျက်စီး
Pearl (NP News) - ဧပြီ ၂၂
နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် (၆)ဦးထက်မနည်းသေဆုံးကာ လူနှင့် အိမ်ခြေအများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ယမန်နေ့ (ဧပြီလ ၂၁ ရက်)၊ ညနေ(၆)နာရီခွဲ အချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာရှိ အိမ်ခြေ(၇၇)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုး သမီး (၂)ဦး သေဆုံး၍ (၄၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အလားတူ အောင်မြင်ကုန်းကျေးရွာတွင် အိမ်ခြေ(၁၅၅)လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့၍ (၆၁)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့မှ ဆိုသည်။
"လေဆင်နှာမောင်းကျတာပေါ့၊ သေဆုံးတဲ့လူ(၆)ဦးရှိတယ်၊ သစ်ပင်တွေ အိမ်တွေ ပိပြီး ဆုံးတာ။ ဒဏ်ရာရတဲ့လူတွေလည်းများတယ်။ အခုမနက်လည်း ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြတုန်းပါ" ဟု ပလွေးအမြန်လမ်းမီးသတ်၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ (၆)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁ဈ၉)ဦးရှိပြီး စေတီအချို့ နှင့် အိမ်ခြေ (၂၃၂)အိမ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများအား လယ်ဝေးမြို့နယ်ကုတင် (၁ဝဝ)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁ဝဝဝ)ဆံ့ ဆေးရုံများသို့ ပို့ဆောင်ထားပြီး (၁၆)ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
zawgyi version
လယ္ေဝးၿမိဳ႕နယ္တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ (၆)ဦးထက္မနည္းေသဆုံးကာ လူႏွင့္ အိမ္ေျခအမ်ားအျပားထိခိုက္ပ်က္စီး
Pearl (NP News) - ဧၿပီ ၂၂
ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ (၆)ဦးထက္မနည္းေသဆုံးကာ လူႏွင့္ အိမ္ေျခအမ်ားအျပားထိခိုက္ပ်က္စီးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ယမန္ေန႔ (ဧၿပီလ ၂၁ ရက္)၊ ညေန(၆)နာရီခြဲ အခ်ိန္ခန႔္တြင္ လယ္ေဝးၿမိဳ႕နယ္၊ တံတားဦးေက်း႐ြာႏွင့္ ေအာင္ျမင္ကုန္းေက်း႐ြာတို႔တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ တံတားဦးေက်း႐ြာရွိ အိမ္ေျခ(၇၇)လုံး ပ်က္စီးဆုံးရႈံးခဲ့ၿပီး အမ်ိဳး သမီး (၂)ဦး ေသဆုံး၍ (၄၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
အလားတူ ေအာင္ျမင္ကုန္းေက်း႐ြာတြင္ အိမ္ေျခ(၁၅၅)လုံးခန႔္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးေသဆုံးခဲ့၍ (၆၁)ဦးထိခိုက္ဒဏ္ရာရရွိေၾကာင္း မီးသတ္တပ္ဖြဲ႕မွ ဆိုသည္။
"ေလဆင္ႏွာေမာင္းက်တာေပါ့၊ ေသဆုံးတဲ့လူ(၆)ဦးရွိတယ္၊ သစ္ပင္ေတြ အိမ္ေတြ ပိၿပီး ဆုံးတာ။ ဒဏ္ရာရတဲ့လူေတြလည္းမ်ားတယ္။ အခုမနက္လည္း ကူညီကယ္ဆယ္ေရးေတြ လုပ္ေနၾကတုန္းပါ" ဟု ပေလြးအျမန္လမ္းမီးသတ္၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေသဆုံးသူ (၆)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၁ဈ၉)ဦးရွိၿပီး ေစတီအခ်ိဳ႕ ႏွင့္ အိမ္ေျခ (၂၃၂)အိမ္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရရွိသူမ်ားအား လယ္ေဝးၿမိဳ႕နယ္ကုတင္ (၁ဝဝ)ဆံ့ေဆး႐ုံႏွင့္ ဇမၺဴသီရိၿမိဳ႕နယ္၊ ကုတင္(၁ဝဝဝ)ဆံ့ ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ထားၿပီး (၁၆)ဦးမွာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပူလှိုင်းဖြတ်သန်းမှုများကြောင့် အိန္ဒိယနိုင်ငံမှာ လူသေဆုံးမှုများ ဖြစ်လာနိုင်ချေများတဲ့ အန္တရာယ်မျိုးနဲ့ရင်ဆိုင်ရဖွယ်ရှိနေဟုဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ