အမေရိကန်နိုင်ငံ နဲ့ နိုင်ငံရဲ့စီးပွားရေးက ဆိုးရွားတဲ့အခက်အခဲပြဿနာများနဲ့ရင်ဆိုင်ရနေရကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်ဝေဖန်
ဂျန်ဇက် (NP News) - ဧပြီ ၁၈
အမေရိကန်နိုင်ငံ နဲ့ နိုင်ငံရဲ့စီးပွားရေးဟာ လက်ရှိအချိန်မှာ ဆိုးရွားတဲ့အခက်အခဲပြဿနာများနဲ့ရင်ဆိုင်နေရပြီး ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုများရင်ဆိုင်ရဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံကို ပြိုလဲအောင် တွန်းအားပေးလုပ်ဆောင်နေကြောင်း၊ အမေရိကန်ရဲ့လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံခြားရေး မူဝါဒများနဲ့ ပြည်တွင်း နိုင်ငံရေးအခြေနေများက အရင်နဲ့မတူဘဲ ဆိုးလာနေကြောင်း၊ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။
၎င်းက "အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကမောက်ကမတွေဖြစ်နေတယ်။ စီးပွားရေးအခြေအနေတွေက ဆိုးရွားနေတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကလည်း မြင့်တက်နေတယ်။ အမေရိကန်ဒေါ်လာဈေး နှုန်းကလည်းကျဆင်းနေတယ်။ ထိန်းချုပ်ဖို့အခက်အခဲတွေဖြစ်နေတယ်။ စီးပွားရေးကောင်းမွန်မှုတွေကြောင့် အမေရိကန်ဟာ ကမ္ဘာမှာသြဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့်လက်ရှိအချိန်မှာတော့ အမေရိကန်ဟာ စီးပွားရေးကျဆင်းမှုတွေ ရှိနေတယ်" လို့ပြောပါတယ်။
တရုတ်နိုင်ငံ နဲ့ ရုရှားတို့ဟာ အီရန်နဲ့မြောက်ကိုရီးယားနိုင်ငံတို့လုပ်ဆောင်သလိုမျိုး ပူးပေါင်းဆောင်ရွက်မှုများ လက်ရှိထက်ပိုမိုလုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်ဟာ ခြိမ်းခြောက်မှုများရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အမေရိကန် သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ အပြာမယ်တစ်ဦးကို နှုတ်ပိတ်ဖို့ ကြိုးပမ်းခဲ့တယ်တဲ့ စွပ်စွဲချက်အပါအဝင်စွဲချက်ပေါင်း (၂ဝ)ကျော်နဲ့ ဒီလစောပိုင်းတုန်းက စွဲချက်တင်ခံခဲ့ရကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပြီးနောက် မျှော်လင့်မထားတဲ့ ဖိအားပေးမှုများ နဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံ နဲ႔ ႏိုင္ငံရဲ႕စီးပြားေရးက ဆိုး႐ြားတဲ့အခက္အခဲျပႆနာမ်ားနဲ႔ရင္ဆိုင္ရေနရေၾကာင္း သမၼတေဟာင္းေဒၚနယ္ထရမ့္ေဝဖန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈
အေမရိကန္ႏိုင္ငံ နဲ႔ ႏိုင္ငံရဲ႕စီးပြားေရးဟာ လက္ရွိအခ်ိန္မွာ ဆိုး႐ြားတဲ့အခက္အခဲျပႆနာမ်ားနဲ႔ရင္ဆိုင္ေနရၿပီး ႀကီးမားတဲ့ ဆုံးရႈံးနစ္နာမႈမ်ားရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့အေမရိကန္အစိုးရဟာ အေမရိကန္ႏိုင္ငံကို ၿပိဳလဲေအာင္ တြန္းအားေပးလုပ္ေဆာင္ေနေၾကာင္း၊ အေမရိကန္ရဲ႕လက္ရွိအစိုးရလက္ထက္မွာ ႏိုင္ငံျခားေရး မူဝါဒမ်ားနဲ႔ ျပည္တြင္း ႏိုင္ငံေရးအေျခေနမ်ားက အရင္နဲ႔မတူဘဲ ဆိုးလာေနေၾကာင္း၊ ေဒၚနယ္ထရမ့္က ေဝဖန္ခဲ့ပါတယ္။
၎က "အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကေမာက္ကမေတြျဖစ္ေနတယ္။ စီးပြားေရးအေျခအေနေတြက ဆိုး႐ြားေနတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္းကလည္း ျမင့္တက္ေနတယ္။ အေမရိကန္ေဒၚလာေဈး ႏႈန္းကလည္းက်ဆင္းေနတယ္။ ထိန္းခ်ဳပ္ဖို႔အခက္အခဲေတြျဖစ္ေနတယ္။ စီးပြားေရးေကာင္းမြန္မႈေတြေၾကာင့္ အေမရိကန္ဟာ ကမာၻမွာၾသဇာလႊမ္းမိုးမႈရွိတဲ့ႏိုင္ငံအျဖစ္ရပ္တည္ႏိုင္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ဟာ စီးပြားေရးက်ဆင္းမႈေတြ ရွိေနတယ္" လို႔ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံ နဲ႔ ႐ုရွားတို႔ဟာ အီရန္နဲ႔ေျမာက္ကိုရီးယားႏိုင္ငံတို႔လုပ္ေဆာင္သလိုမ်ိဳး ပူးေပါင္းေဆာင္႐ြက္မႈမ်ား လက္ရွိထက္ပိုမိုလုပ္ေဆာင္ဖို႔ဆုံးျဖတ္ခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ၿခိမ္းေျခာက္မႈမ်ားရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း၊ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က ေျပာပါတယ္။ အေမရိကန္ သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ အျပာမယ္တစ္ဦးကို ႏႈတ္ပိတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္တဲ့ စြပ္စြဲခ်က္အပါအဝင္စြဲခ်က္ေပါင္း (၂ဝ)ေက်ာ္နဲ႔ ဒီလေစာပိုင္းတုန္းက စြဲခ်က္တင္ခံခဲ့ရေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ လာမယ့္သမၼတေ႐ြးေကာက္ပြဲကို ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ၿပီးေနာက္ ေမွ်ာ္လင့္မထားတဲ့ ဖိအားေပးမႈမ်ား နဲ႔ ရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြင့်ပေ(၃ဝ)ခန့်ရှိသော သစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု လားရှိုးမြို့၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ