အမြင့်ပေ(၃ဝ)ခန့်ရှိသော သစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု လားရှိုးမြို့၌ဖြစ်ပွား
စော (NP News) - ဧပြီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ-(၁၆)၊ ကျောက်လှေခါးလမ်းတွင် အမြင့်ပေ(၃ဝ)ခန့်ရှိသော သစ်ပင်တစ်ပင်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁၇ ရက်)၊ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်ခန့် ကျောက်လှေခါးလမ်းရှိ တောအုပ်ထဲတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လားရှိုး လူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။
“ဖြစ်စဉ်ကတော့ ကျွန်တော်တို့လည်း မသိပါဘူး။ တာဝန်ရှိတဲ့လူက ကူညီပေးပါဆိုလို့ ကျွန်တော်တို့ သစ်ပင်ပေါ်ကဖြုတ်တယ်။ သက်ဆိုင်ရာ ဆေးရုံကိုပို့ဆောင်ပေးပါတယ်။ သူက အဲဒီပတ်ဝန်းကျင်မှာပဲ နေတာပါ”ဟု လားရှိုး လူငယ်များ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပေ(၃ဝ)ခန့်မြင့်သော သစ်ပင်ပေါ်မှ ခက်ခက်ခဲခဲဖြုတ်ယူခဲ့ရကြောင်း သိရသည်။
သေဆုံးသူအမျိုးသားကို လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အထက်ပါအသင်းမှသိရသည်။
zawgyi version
အျမင့္ေပ(၃ဝ)ခန႔္ရွိေသာ သစ္ပင္တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈ လားရႈိးၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News) - ဧၿပီ ၁၈
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၄)၊ နယ္ေျမ-(၁၆)၊ ေက်ာက္ေလွခါးလမ္းတြင္ အျမင့္ေပ(၃ဝ)ခန႔္ရွိေသာ သစ္ပင္တစ္ပင္၌ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၁၇ ရက္)၊ မြန္းလြဲ (၂)နာရီဝန္းက်င္အခ်ိန္ခန္႔ ေက်ာက္ေလွခါးလမ္းရွိ ေတာအုပ္ထဲတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း လားရႈိး လူငယ္မ်ားလူမႈကူညီေရးအသင္းမွ သိရသည္။
“ျဖစ္စဥ္ကေတာ့ ကြၽန္ေတာ္တို႔လည္း မသိပါဘူး။ တာဝန္ရွိတဲ့လူက ကူညီေပးပါဆိုလို႔ ကြၽန္ေတာ္တို႔ သစ္ပင္ေပၚကျဖဳတ္တယ္။ သက္ဆိုင္ရာ ေဆး႐ုံကိုပို႔ေဆာင္ေပးပါတယ္။ သူက အဲဒီပတ္ဝန္းက်င္မွာပဲ ေနတာပါ”ဟု လားရႈိး လူငယ္မ်ား လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားအား သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းကာ ေပ(၃ဝ)ခန႔္ျမင့္ေသာ သစ္ပင္ေပၚမွ ခက္ခက္ခဲခဲျဖဳတ္ယူခဲ့ရေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသားကို လားရႈိးျပည္သူ႔ေဆး႐ုံႀကီး-အေရးေပၚဌာနမွတစ္ဆင့္ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း အထက္ပါအသင္းမွသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့နယ်ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းအား PDF ပူးပေါင်းအဖွဲ့များမှ လာရောက် ပစ်ခတ်တိုက်ခိုက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း