နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို
ယွန်း (NP News) - ဧပြီ ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေအရ အပူချိန် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းမှ ဆိုသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုအနေအထားအရ ပိုပူလာနိုင်ပါတယ်။ အပူဆုံးနေရာတွေဖြစ်တဲ့ အလယ်ပိုင်းဒေသတွေမှာဆို လက်ရှိမှာ ၄၂ ဒီဂရီလောက်ကို ပူနေတာပေါ့။ ပုံမှန်အရဆိုရင်တော့ နောက်ထပ် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ကို ထပ်တိုးလာဦးမှာပါ” ဟု ဦးလှထွန်းက NP News ကို အသိပေးပြောဆိုထားသည်။
အပူချိန်မြင့်တက်မှုများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဥ်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော သာမန်ထက် အပူချိန် ပိုမိုမြင့်တက်မှုများသည် သင်္ကြန်ကာလအပြီးတွင် ပိုလာနိုင်ကြောင်း သိရသည်။
“ဒီရာသီက နွေရာသီလေ ပူတဲ့ရာသီလည်းဖြစ်နေတယ်။ အခုဆိုရင် ဧပြီပေါ့ နွေလလယ်ရောက်သွားပြီ။ အခုက သင်္ကြန်ကာလ မတိုင်မီ ကာလမှာ သိပ်မပူသေးဘူး။ သင်္ကြန်ကာလပြီးတာနဲ့ ပိုပူလာမှာပါ” ဟု မိုးဇလမှ ညွှန်ကြားရေးမှူးမှ ဆက်လက်ပြောဆိုထားသည်။
အပူချိန်မြင့်မားလာမှုကြောင့် အပူရှပ်သည့် ဖြစ်စဥ်များကို မဖြစ်အောင် ဂရုပြုနေထိုင်သင့်ပြီး အပူဆုံးအချိန်များဖြစ်သည့် နေ့လည်(၁၂)နာရီနှင့် နေ့လည်(၃)နာရီ အချိန်များတွင် အပြင်ထွက်ခြင်း မပြုရန် ညွှန်ကြားရေးမှူး ဦးလှထွန်းမှ အကြုံပြုပြောဆိုထားသည်။
အလားတူ အပူချိန်မြင့်မားလာမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့်လည်း ကြိုတင်သတိပြုနေထိုင်သင့်သည့် အချက်များကို အသိပေးကြေညာလျက်ရှိကြောင်း တွေ့ရသည်။
zawgyi version
ႏိုင္ငံတစ္ဝန္းလုံး၌ သၾကၤန္ကာလအၿပီးတြင္ အပူခ်ိန္ပိုမိုျမင့္တက္လာႏိုင္ဟုဆို
ယြန္း (NP News) - ဧၿပီ ၁၁
ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ သၾကၤန္ကာလအၿပီးတြင္ အပူခ်ိန္ပိုျမင့္တက္လာႏိုင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ လက္ရွိျဖစ္ေပၚေနေသာ ရာသီဥတုအေျခအေနအရ အပူခ်ိန္ ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႉဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းမွ ဆိုသည္။
“လက္ရွိျဖစ္ေပၚေနတဲ့ ရာသီဥတုအေနအထားအရ ပိုပူလာႏိုင္ပါတယ္။ အပူဆုံးေနရာေတြျဖစ္တဲ့ အလယ္ပိုင္းေဒသေတြမွာဆို လက္ရွိမွာ ၄၂ ဒီဂရီေလာက္ကို ပူေနတာေပါ့။ ပုံမွန္အရဆိုရင္ေတာ့ ေနာက္ထပ္ ၂ ဒီဂရီ၊ ၃ ဒီဂရီေလာက္ကို ထပ္တိုးလာဦးမွာပါ” ဟု ဦးလွထြန္းက NP News ကို အသိေပးေျပာဆိုထားသည္။
အပူခ်ိန္ျမင့္တက္မႈမ်ားသည္ ကမာၻတစ္ဝန္းလုံးတြင္ ျဖစ္ေပၚေနသည့္ ျဖစ္စဥ္တစ္ခုျဖစ္ၿပီး ကမာၻႀကီးပိုမိုပူေႏြးလာျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
လက္ရွိျမန္မာႏိုင္ငံတြင္ ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ သာမန္ထက္ အပူခ်ိန္ ပိုမိုျမင့္တက္မႈမ်ားသည္ သၾကၤန္ကာလအၿပီးတြင္ ပိုလာႏိုင္ေၾကာင္း သိရသည္။
“ဒီရာသီက ေႏြရာသီေလ ပူတဲ့ရာသီလည္းျဖစ္ေနတယ္။ အခုဆိုရင္ ဧၿပီေပါ့ ေႏြလလယ္ေရာက္သြားၿပီ။ အခုက သၾကၤန္ကာလ မတိုင္မီ ကာလမွာ သိပ္မပူေသးဘူး။ သၾကၤန္ကာလၿပီးတာနဲ႔ ပိုပူလာမွာပါ” ဟု မိုးဇလမွ ၫႊန္ၾကားေရးမႉးမွ ဆက္လက္ေျပာဆိုထားသည္။
အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ အပူရွပ္သည့္ ျဖစ္စဥ္မ်ားကို မျဖစ္ေအာင္ ဂ႐ုျပဳေနထိုင္သင့္ၿပီး အပူဆုံးအခ်ိန္မ်ားျဖစ္သည့္ ေန႔လည္(၁၂)နာရီႏွင့္ ေန႔လည္(၃)နာရီ အခ်ိန္မ်ားတြင္ အျပင္ထြက္ျခင္း မျပဳရန္ ၫႊန္ၾကားေရးမႉး ဦးလွထြန္းမွ အႀကဳံျပဳေျပာဆိုထားသည္။
အလားတူ အပူခ်ိန္ျမင့္မားလာမႈမ်ားႏွင့္ပတ္သက္၍ က်န္းမာေရးဌာနအေနျဖင့္လည္း ႀကိဳတင္သတိျပဳေနထိုင္သင့္သည့္ အခ်က္မ်ားကို အသိေပးေၾကညာလ်က္ရွိေၾကာင္း ေတြ႕ရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ လက်ပစ်ဗုံးဖောက်ခွဲကာ မိမိကိုယ်ကို အဆုံးစီရင်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ