ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်းမကုန်ဆုံးမီ ယူကရိန်းအတွက် နောက်ထပ်ငွေကြေးတွေကို ဆက်လက်တောင်းခံနိုင်ဖွယ်ရှိနေ
Pika (NSS) - နိုဝင်ဘာ ၁၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ကျန်ရှိနေတဲ့ ရာထူးသက်တမ်းကာလအတွင်း ယူကရိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် ရန်ပုံငွေတွေဆက်လက်ရရှိဖို့ အယူခံဝင်လိမ့်မယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်က နိုဝင်ဘာလ(၁၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်အစိုးရဟာ လာမယ့်ဇန်နဝါရီလမှာ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ယူကရိန်းနဲ့ဆက်စပ်တဲ့ အသုံးစရိတ်အတွက် အမေရိကန်လွှတ်တော်ကနေ အတည်ပြုပေးနိုင်လောက်မယ့် ငွေကြေးတွေအားလုံးကို အသုံးပြုဖို့ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ဟာ ယူကရိန်းအတွက် အကူအညီတွေ ပေးအပ်မှုကို လျှော့ချဖို့ မျှော်မှန်းထားပြီး နေတိုးအဖွဲ့ရဲ့ ဥရောပအဖွဲ့ဝင်တွေကို ဝန်ထုပ်ဝန်ပိုးထမ်းခိုင်းတာမျိုး ဒါမှမဟုတ် ဆွေးနွေးပွဲတွေကနေတစ်ဆင့် ရုရှားနဲ့ငြိမ်းချမ်းရေးယူဖို့အတွက် ယူကရိန်းကို တွန်းအားပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။
ဂျိတ်ဆူလီဗန်က "ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအတွက် ရန်ပုံငွေတွေရရှိဖို့ လွှတ်တော်ကို အယူခံဝင်ဖို့ ရက်ပေါင်း(၇၀)ကျော်အချိန်ရပါသေးတယ်။ ပြီးတော့နောက်တက်လာမယ့် သမ္မတကို အမေရိကန်က ယူကရိန်းပဋိပက္ခကနေ အဝေးကိုထွက်သွားတာဟာ ဥရောပမှာ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်တဲ့အတွက် အဝေးကိုထွက်မသွားဖို့အတွက် ပြောပြဖို့ အခွင့်အရေးရှိပါသေးတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ရာထူးသက်တမ်းကာလမကုန်ဆုံးမီအချိန်အတွင်း ယူကရိန်းအတွက် လိုအပ်တဲ့အရင်းအမြစ်တွေအားလုံးကို ရရှိအောင် လုပ်ဆောင်သွားလိမ့်မယ်လို့လည်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်အစိုးရဟာ ရုရှားကိုအနိုင်ယူနိုင်မယ့်အချိန်အထိ ယူကရိန်းနဲ့အတူ ရေရှည်ရပ်တည်သွားမယ်လို့ ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ကူညီပံ့ပိုးပေးမှုဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုတွေကိုသာ ပိုမိုဖြစ်ပွားလာစေလိမ့်မယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ