အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
အမေရိကန်နိုင်ငံတွင် သမ္မတ အပြောင်းအလဲဖြစ်လာပေမယ့် ထိုင်ဝမ်ကို မိတ်ဆွေပီသတဲ့ ချဥ်းကပ်မှုမျိုး ဆက်လက်လုပ်ဆောင်ဖွယ်ရှိတယ်လို့ ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများက ပြောသည်။
ထိုင်ဝမ်သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ နှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေပြီး တရုတ်လက်အောက်မှခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေး ရယူရန်လိုလားနေသည်။သမ္မတအသစ်အဖြစ် ရွေးချယ်ခံရသော ထရမ့်က ထိုင်ဝမ်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းရှိ ဆီးမီးကွန်ဒက်တာ စီးပွားရေး လုပ်ငန်းရှင်များ၏ ငွေများကို ခိုးယူနေကြောင်း မဲဆွယ်စည်းရုံးရေး ကာလအတွင်း ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူက အမေရိကန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဟန့်တားမည့်မူဝါဒများဆက်ရှိမည်ဟု ယုံကြည်ကြောင်းပြောသည်။ ထိုင်ဝမ်သည် အမေရိကန်အစိုးရအဖွဲ့အပြောင်းအလဲ ဖြစ်လာချိန်ကာလအတွင်း တရုတ်နိုင်ငံမှ အခွင့်အရေးယူရန် ကြိုးပမ်းမှုများကို တားဆီးမည်ဖြစ်ကြောင်း အခက်အခဲပြဿနာဖြစ်လာစေရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုတွေကို တားဆီးမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်သော အမေရိကန်အစိုးရသည် ထိုင်ဝမ်ကို စစ်ရေး အကူအညီပေးခဲ့သော်လည်း သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသော ထရမ့် လက်ထက်တွင် ထိုင်ဝမ်နှင့်ပတ်သက်သော မူဝါဒများ အပြောင်းအလဲ ရှိ မရှိကို လူစိတ်ဝင်စားမှု မြင့်တက်နေသည်။ အမေရိကန်သည် ထိုင်ဝမ် နှင့်ပတ်သက်ပြီး စစ်လက်နက်ပစ္စည်းများ အဓိက ကူညီပေးခဲ့သလို နိုင်ငံတကာမျက်နှာစာတွင်လည်း ပံပိုးကူညီပေးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ