အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
အမေရိကန် သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသော ထရမ့်သည် လက်ရှိအချိန်တွင် အမေရိကန်အစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့်သူများကို ရွေးချယ်ရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမ်မလာဟားရစ်သည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ဝန်ခံပြောဆိုခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲနိုင်ရန် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။ ထရမ့်သည် အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံစေရန် သာယာဝပြောစေရန်အတွက် ၄င်းသတ်မှတ်ထားသော မူဝါဒ နှင့် ကိုက်ညီသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ အာဏာလွဲပြောင်းရယူရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ထရမ့်သည် လာမည့်ရက်ပိုင်းအတွင်း ၄င်းဦးဆောင်မည့် အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ထရမ့်သည် အမေရိကန်သမ္မတအသစ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုမှုများကို လာ မည့်နှစ် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ်သည် အမေရိကန် ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (၇၃)သန်းနီးပါးရခဲ့သလို သမ္မတရွေးချယ်ရေးအဖွဲ့၏ ဆန္ဒမဲပေါင်း (၃၀၀)နီးပါးရရှိခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း ရာထူးမှမဆင်းခင် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတော်မိန့်ခွန်းပြောရန် စီစဥ်နေသည်။ အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ထရမ့်ကို ကမ္ဘာတဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ