အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
Pika (NSS) - နိုဝင်ဘာ ၆
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၊ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရပ်တည်ချက်ကွဲပြားမှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
နေတန်ရာဟုဟာ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် နိုင်ငံခြားရေးဝန်ကြီး Israel Katz ကို ကမ်းလှမ်းခဲ့ပြီး အစ္စရေးလွှတ်တော်အဖွဲ့ဝင် Gideon Saar ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်တယ်လို့ အစ္စရေးမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ နေတန်ရာဟုက "အစိုးရနဲ့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တဲ့ ကြေညာချက်တွေနဲ့ လုပ်ဆောင် ချက်တွေနဲ့အတူ Yoav Gallantနဲ့ ကျွန်တော့်ကြားမှာ ပြင်းထန်တဲ့ကွဲပြားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
နေတန်ရာဟုရဲ့အဆိုအရ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အစိုးရအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီးကြား အပြည့်အဝယုံကြည်မှုတွေကို လိုအပ်ပေမယ့်လည်း ပြီးခဲ့တဲ့လတွေအတွင်း Yoav Gallant နဲ့၎င်းတို့ကြားမှာရှိတဲ့ ယုံကြည်မှုဟာ ပြိုပျက်သွားခဲ့တယ်လို့သိရပါတယ်။နေတန်ရာဟုက "ဒီကွဲပြားမှုတွေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့်လည်း ပိုဆိုးလာခဲ့တာမျိုးပဲရှိပါတယ်။ ဒီကိစ္စရပ်တွေဟာ ပြည်သူတွေဆီကိုလည်း လက်ခံနိုင်စရာမရှိတဲ့အပြုအမူတစ်ခုအနေနဲ့ ရောက်သွားခဲ့ပြီး ကျွန်တော်တို့ရန်သူတွေအတွက် အခွင့်အရေးယူစရာတစ်ခုလိုမျိုးဖြစ်လာခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ နေတန်ရာဟုရဲ့လုပ်ရပ်ကြောင့် အမေရိကန်အစိုးရက အံ့အားသင့်ခဲ့ရတယ်လို့ Axios သတင်းထောက် Barak Ravidက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ အစ္စရေးရဲ့ကာ ကွယ်ရေးနဲ့ဆက်နွှယ်တဲ့ ကိစ္စတွေအားလုံးအတွက် အရေးကြီးတဲ့မိတ်ဖက်ဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။သို့သော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ နေရာကို အစားထိုးမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က အစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ