အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၆
လာမယ့် အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက နိုဝင်ဘာလ(၆)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရုရှားကိုရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အပြည့်အဝပါဝင်တာမျိုးမရှိသေးဘူးလို့ တောင်ကိုရီးယားသမ္မတရုံးရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းကို စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်သွားဖို့ တောင်ကိုရီးယားအတွက် လိုအပ်ကြောင်းနဲ့ အဲဒီအဖွဲ့ကို တိကျတဲ့ရည်ရွယ်ချက်အပြင် အချိန်အကန့်အသတ်နဲ့စေလွှတ်ဖို့အတွက် အမျိုးသားလွှတ်တော်ရဲ့ သဘောတူညီချက်ကို မလိုအပ်ဘူးလို့ အမည်မဖော်လိုတဲ့အရာရှိက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့စစ်သားတွေကို ရုရှားကိုပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ပြီးခဲ့တဲ့လမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားအစိုးရဟာ အနောက်အုပ်စုရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ငြင်းဆိုတာမျိုး ဒါမှမဟုတ် အတည်ပြုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားအစိုးရဟာ လောင်စာဆီအခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ ကြီးမားတဲ့ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၃)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲ မစတင်ခင် နာရီပိုင်းအလို နိုဝင်ဘာလ(၅)ရက် အစောပိုင်းမှာ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ