ဗြိတိန်အစိုးရက စိတ်ကူးယဉ်ဇာတ်ကောင် ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ထုတ်ပေး
Pika (NSS) - အောက်တိုဘာ ၃၁
ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးသည် စိတ်ကူးယဉ်ဇာတ်ကောင် ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ လာမည့်(၂၀၂၅)ခုနှစ်တွင်ထွက်ရှိလာမည့် Paddington in Peru ဇာတ်ကားထုတ်လုပ်သူများက ပက်ဒင်တန်ဝက်ဝံလေးအတွက် ပတ်စ်ပို့ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Paddington in Peru ရုပ်ရှင်ပူးတွဲထုတ်လုပ်သူ ရော့ဘ်ဆေးလ်ဗားက ၎င်းနှင့်၎င်း၏အဖွဲ့သည် Paddington in Peru ဇာတ်ကားတွင် အသုံးပြုရန်အတွက် ပုံစံတူပတ်စ်ပို့ကို တောင်းဆိုရန် ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးကို ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ရော့ဘ်ဆေးလ်ဗားက "ပက်ဒင်တန်ဝက်ဝံလေးအတွက် ပုံစံတူပတ်စ်ပို့ရနိုင်မလားဆိုပြီး ကျွန်တော်တို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးကို စာရေးခဲ့ပါတယ်။ လက်တွေ့မှာတော့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးက ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ကို ထုတ်ပေးခဲ့ပါတယ်။ စိတ်ကူးယဉ်ဇာတ်ကောင်အတွက် တရားဝင်ပတ်စ်ပို့ထုတ်ပေးတာက ဒီတစ်ခုပဲရှိပါတယ်"ဟု ပြောဆိုခဲ့သည်။
အဆိုပါစာရွက်စာတမ်းတွင် ပက်ဒင်တန်၏ဓါတ်ပုံအပြင် ၎င်း၏မွေးနေ့ ဇွန်လ(၂၅)ရက်နှင့် ပီရူးနိုင်ငံရှိ ၎င်း၏မွေးရပ်တည်နေရာတို့ ပါဝင်ကြောင်းသိရသည်။ ရော့ဘ်ဆေးလ်ဗားက"ဗြိတိန်ပြည်ထဲရေးဝန်ကြီးရုံးက ဒီလိုမျိုးလုပ်ပေးမယ်လို့ ဘယ်သူမှမထင်ကြပါဘူး။ ဒါပေမဲ့ တရားဝင်လေ့လာမှုတွေအရတော့ ပက်ဒင်တန်ကို သူတို့က ဝက်ဝံအဖြစ်ပဲ စာရင်းသွင်းထားပါတယ်"ဟု ပြောဆိုခဲ့သည်။ Paddington in Peru ရုပ်ရှင်ဇာတ်ကားသည် (၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိရန်စီစဉ်ထားပြီး ပက်ဒင်တန်ဝက်ဝံလေးနှင့် ၎င်းကိုမွေးစားခဲ့သော ဘရောင်းမိသားစုတို့သည် ပီရူးတွင်ရှိသည့် ပက်ဒင်တန်၏ အန်တီလူစီထံ သွား ရောက်လည်ပတ်ရန်ဆုံးဖြတ်ကာ ခရီးထွက်ခဲ့ပြီးနောက် ကြုံတွေ့လာရသည့်အခက်အခဲများကို ရိုက်ကူးထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ